Search this site(Myanmar & English)

Showing posts with label ကိုလေး(လေးဖြူ special). Show all posts
Showing posts with label ကိုလေး(လေးဖြူ special). Show all posts

Wednesday, November 12, 2008

လေးဖြူ-အလှဆင်လိုက်ပါသည်ကမ္ဘာ


အလှဆင်လိုက်ပါ သည်ကမ္ဘာ
တေးရေး - မြင့်မိုးအောင်
ဂစ်တာကော့ဒ် - eric martin
Download: လေးဖြူ-အလှဆင်လိုက်ပါသည်ကမ္ဘာ

Intro: G Am Bm C G Am Bm C

— — — — G — — — — Am
အိမ်အပြင်ဘက် လမ်းထွက်ချိန်
— — — — Bm — — C
နေရောင်အလင်း ရောက်ရှိလာ
— — — —G — — — — Am
နေ့ကောင်းကင် ဒီလက်ဆောင်
— — — —G — — — — D
ပျော်စရာကမ္ဘာ တို့အတွက်လား

အတူတူ တစ်မိုးထဲအောက်မှာ
ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင်
တို့အချစ်များ..

သန်းခေါင်ယံထဲ လမ်းပျောက်ချိန်
ကြယ်ရောင်အလင်း ရောက်ရှိလာ
ညကောင်းကင် ဒီလက်ဆောင်
အမှောင်တွေပယ် ခွင်းဖို့လား

အတူတူ တစ်မိုးထဲအောက်မှာ
ဝေမျှခြင်း ချစ်မေတ္တာ
ကမ္ဘာကြီးကို အတူအလှဆင်
တို့အချစ်များ..

Cm — — — Am
ဒီလယ်ကွင်းနဲ့ တောအုပ်တို့
Bb — — A — — — Gm
ဖြတ်ကျော် ချစ်မေတ္တာရဲ့သီချင်း
Am — — — — — Dm — — G — Am — Bm
မြစ်ရိုးများတစ်လျှောက် လေဆန်ကျော်လွန်ရင်း..
— — C
မာန်ဖီ ပင်လယ်ရေပြင်လှိုင်းများနဲ့
Bm — — D
မိုးစက်တွေဖြတ်လို့
A7 — — — — — D - D — D - D — C - D — C - D
ကမ္ဘာဆုံးတိုင် ဟစ်ကြွေးရင်း..

ပျော်ရွှင်ခြင်း သီချင်းများစွာ
လေပြေထဲ ပျံ့လွင့်လာ
အိမ်မက်တွေ အတူမက်ခါ
ရင်ခုန်သံ နားစွင့်ထား

ရှင်သန်ခြင်း နေ့သစ်ကမ္ဘာ
အတူလက်တွဲ ခရီးဆက်မှာ
ကမ္ဘာကြီးကို အတူအလှဆင်
တို့အချစ်များ..

Solo: ~~ Flute Instrumental ~~
C — Bm — Am D — G — C — Bm Em — Am D — G

ဒီလယ်ကွင်းနဲ့ တောအုပ်တို့
ဖြတ်ကျော် ချစ်မေတ္တာရဲ့သီချင်း
မြစ်ရိုးများတစ်လျှောက် လေဆန်ကျော်လွန်ရင်း..
မာန်ဖီ ပင်လယ်ရေပြင်လှိုင်းများနဲ့
မိုးစက်တွေဖြတ်လို့
ကမ္ဘာဆုံးတိုင် ဟစ်ကြွေးရင်း..

ပျော်ရွှင်ခြင်း သီချင်းများစွာ
လေပြေထဲ ပျံ့လွင့်လာ
အိမ်မက်တွေ အတူမက်ခါ
ရင်ခုန်သံ နားစွင့်ထား

ရှင်သန်ခြင်း နေ့သစ်ကမ္ဘာ
အတူလက်တွဲ ခရီးဆက်မှာ
အတူတူရင်ဆိုင် ခရီးဆက်ပါ..

ဒီကမ္ဘာကြီး အလှဆင်ပါ တို့အချစ်များ..
ဒီကမ္ဘာမြေ လှပဖို့ တို့အချစ်များ..

Ending Instrumental
||:G - Am - | Bm - C - | G - Am - | Bm - C - :|| G - Am - | Bm - C - | G - Am - | Bm - C - |

Credit to bro Monster of Rock

လေးဖြူ - ပြေးလမ်းပေါ်က လက်ချောင်းများ

ပြေးလမ်းပေါ်က လက်ချောင်းများ
တေးဆို » လေးဖြူ
တေးသား » ကေအေတီ
တေးသွား » ချစ်စမ်းမောင်
တေးစု » ခြောက်ကြိုးကဝေ (၁၉၉၆)
တေးစု » လေးဖြူ - ပြေးလမ်းပေါ်က လက်ချောင်းများ

ရပ်တန့်မရတဲ့ တေးသွားများအတိုင်း ငါ့လက်နှစ်ဘက်ဟာလေထဲ
ထိမ်းချုပ်မရတဲ့ စိတ်ဓာတ်အသစ်နဲ့ ထွက်ပေါက်များဆီသွားတယ်

အိမ်ခေါင်မိုး နံရံများ ကျော်ဖြတ်ရင်းနဲ့
ကွဲထွက်မရတဲ့ နှလုံးနဲ့ ပျော်ပါးမှုလိုက်ရှာ

လျှပ်စစ်အတိုင်း တေးသွားများနဲ့ ငါ့လက်နှစ်ဘက်ဟာလိမ်ညာ
ထိမ်းချုပ်မရတဲ့ စိတ်ဓာတ်အသစ်နဲ့ ထွက်ပေါက်များဆီသွားတယ်

အိမ်ခေါင်မိုး နံရံများ ကျော်ဖြတ်ရင်းနဲ့

စီ.. အက်စ်.. အမ်.. fingers.. running.. on the track..

Credit to bro Monster of Rock

ခြောက်ကြိုးကဝေ(လေးဖြူ)

ခြောက်ကြိုးကဝေ
တေးဆို » လေးဖြူ
တေးသား » ကေအေတီ
တေးသွား » ချစ်စမ်းမောင်
တေးစု » ခြောက်ကြိုးကဝေ
တေးသီချင်း - လေးဖြူ - ခြောက်ကြိုးကဝေ

ညတစ်ညထဲ ငါဖန်တီးနေတာ
လှလွန်းတဲ့ လကလေးတစ်စင်း
စိတ်ညစ်ပြီး ခုန်ပေါက်ပြေးသူတွေ
လမင်းလေးနဲ့ အတူလိုက်ပါ

ငါ့လက်နဲ့ အထိခံနှိုင်ဖို့ အခွင့်ပေးပါ
ငါ့လက်နဲ့ ဖြစ်တည်မှုများ ဖန်ဆင်းထား..

တစ်ယောက်ယောက်ရဲ့ မာယာမီးလျှံမှာ
လမင်းလေး ပျောက်ဆုံးသွား
ငါ့စိတ်နဲ့ ငါပြန်သိမ်းလာတာ
လမင်းလေး ငါ့ရင်ထဲမှာ

ငါ့လက်နဲ့ အထိခံနှိုင်ဖို့ အခွင့်ပေးပါ
ငါ့လက်နဲ့ ဖြစ်တည်မှုများ ဖန်ဆင်းထား..

ယန္တယားများ ဘာမှမဆန်းကြယ်ပါ
ခြောက်ကြိုးသွား ဂီတာလေး
နှလုံးသားရဲ့ လိုအင်ရှိတာတွေ
ပြုစားဖို့ တတ်နိုင်ခဲ့တယ်..

ငါ့လက်နဲ့ အထိခံနှိုင်ဖို့ အခွင့်ပေးပါ
ငါ့လက်နဲ့ ဖြစ်တည်မှုများ ဖန်ဆင်းထား..

PS: လောကထဲကနေ အစောကြီးထွက်ခွာသွားတဲ့ လေးဖြူကို ရူးသွပ်ဘက် ချစ်သူငယ်ချင်း သီဟန် သို့ သတိတရ..

by Monster of Rock

ပထမရဲ့အစ(လေးဖြူ)

ပထမရဲ့အစ
တေးဆို » လေးဖြူ
တေးသား » ကေအေတီ
တေးသွား » ချစ်စမ်းမောင်
တေးစု » ခြောက်ကြိုးကဝေ
တေးသီချင်း » လေးဖြူ - ပထမရဲ့အစ

အူး.. ဘ၀ရဲ့ ယုံကြည်ရာ အစဟာ လမ်းများနဲ့
ငါတို့ တစ်နေ့တော့ ယုံကြည်ရာ လမ်းများကနီးမယ်
ဘယ်အချိန်မှာ ရောက်နိုင်မလဲ..

အဆုံးသတ် နေရာမှန် ရောက်ဖို့
ခံနိုင်ရည် အားများပေးပါ.. အိုး...
ငါ့အတွက် အိမ်မက်ကလှတယ်..

Guitar Solo:

အိုး.. ဘ၀ရဲ့ ယုံကြည်ရာ အစဟာ လမ်းများနဲ့
ငါတို့ တစ်နေ့တော့ ယုံကြည်ရာ လမ်းများကနီးမယ်
ဘယ်အချိန်မှာ ရောက်နိုင်မလဲ..

အဆုံးသတ် နေရာမှန် ရောက်ဖို့
ခံနိုင်ရည် အားများပေးပါ.. အိုး...
ငါ့အတွက် အိမ်မက်ကလှတယ်..

ငါ့အတွက် အိမ်မက်ကလှတယ်..

credit to bro Monster of rock

တစ်ခါက ဧရာဝတီညများ(လေးဖြူ)

တစ်ခါကဧရာဝတီညများ
တေးဆို - လေးဖြူ
Download: လေးဖြူ- တစ်ခါကဧရာဝတီညများ

ရီသံ တစ်ချိန်က ကြည်နူးခြင်းတွေ တကယ်လာ စီးနေဆဲလေ..
ငိုသံ တစ်ခါတစ်ရံမှာကြားမိတယ် ဒီရေပြင်ကို ငေးကြည့်ချိန်

ဧရာဝတီရဲ့ စကားပြောသံ.. ရင်ခုန်နေတဲ့ အသက်ရှိ မြစ်တစ်စင်း
နာကျင်နေဆဲ ငြီးတွားသံ.. ဒီအချိန်မှာ မင်းကြားသိနိုင်ပါစေ

ပုံပြင် ဒဏ္ဍာရီထက်ဆန်းကြယ် တစ်ခါတစ်ရံ ပြောတတ်တယ်
ဒီမှာ ဒါတွေ တစ်ကယ်ဖြစ်ခဲ့တယ်.. ဒီရေပြင်ကို မေးကြည့်လေ

ဧရာဝတီရဲ့ စကားပြောသံ.. ရင်ခုန်နေတဲ့ အသက်ရှိ မြစ်တစ်စင်း
နာကျင်နေဆဲ ငြီးတွားသံ.. ဒီအချိန်မှာ မင်းကြားသိနိုင်ပါစေ

အော်သံတွေ ငါကြားရ နှလုံးသားလှိုင်းရိုက်ချက်များ
ကံကြမ္မာမုန်တိုင်းများ ဘ၀က ပေးအပ်ခဲ့သလား
ရောင်စုံ ညနက်များ မြစ်လို ပြင်းထန်စွာစီး
အတိတ်တွေ မပျောက်ကွယ်ပါ
အသက်ရှင်မြစ်ရေလိုစီး

ယုံကြည်မျှော်လင့်ခြင်း နာခံပေးဆက်ခြင်း
အိုး.. ဧရာဝတီညများ
စီးဆင်း.. ရေး.. ရေး..

Guitar Solo

အချိန်နာရီများလည်း ရှေ့ဆက်စီးဆင်းနေဆဲ
ထာဝစဉ် တည်မြဲခြင်း အဆုံးမဲ့ အမြဲရှိ မြစ်တစ်စင်း
ဧရာဝတီ

credit to bro monster of rock

source : The First Music Journal




Credit to Ko justice boy

Middle Line ဂျာနယ်(မသဲပွင့်)



ကျွန်တော့် မြင်ကွင်းထဲမှာ အင်္ကျီဗလာနဲ့ စီဒီချပ်များနှင့် အလုပ်ရှုပ်နေသော လေးဖြူကို ဦးဆုံးတွေ့လိုက်ရသည်။
သူကနောက်ပြန်လှည့်ကြည့်ရင်း "ဟား......." ဆိုသော ရင်ခေါင်းသံကထွက်လာပြီး

"ဘာလို့ဖုန်းကြိုမဆက်တာလဲ...ကျွန်တော်ရှောင်လို့ရတာပေါ့" ဟုရယ်မောရင်းပြောလာသည်။
ကျွန်တော့်ကိုမြင်တာနှင့် အင်တာဗျူးဖို့လာတာမှန်း သူတန်းသိတတ်သည်။ ဟုတ်သည်။ စာနယ်ဇင်းသမားဆိုတာကလဲ ဒီလောက်ခရီးအဝေးကြီးကို ဂျနယ်အလုပ်တွေပစ်ပြီး ကိုယ့်အကျိုးမပါပဲ သွားတတ်ကြသည်မဟုတ်။ သာရေးဖြစ်ဖြစ် နာရေးဖြစ်ဖြစ် ထိုသာရေးနာရေးကိုပင် စာမျက်နှာပေါ်တင်ပြီး ဂျနယ်အကျိုးအတွက်ရေးတတ်ကြသည်။

"အေးလေဗျာ...ဖုန်းဆက်ထားရင် ခင်ဗျားက ရှောင်သွားမှာ မဟုတ်လား"

"ကျွန်တော်မဖြေချင်တော့ဘူး ကိုဥိးဆွေရ....မေးခွန်းတွေကို မွန်းကျပ်လာပြီ။ ...........မဂ္ဂဇင်းအတွက်ဆိုပြီးမေးခွန်းတွေ လာပေးသွားတယ်....ကျွန်တော့အတွက် မေးခွန်းတွေမလိုတော့ပါဘူး...စာမျက်နှာပေါ်ပါဖို့ လိုအပ်နေတဲ့လူတွေအများကြီးရှိတယ်..အဲဒီလူတွေကိုမေးပါဗျာ" ဟုဆိုလာသည်။

သူ့စကားဆုံးတော့ အနုပညာရှင်နှင့် စာနယ်ဇင်းသမားများအကြားဆက်နွယ်မှုကို တွေးလိုက်မိသည်။ အသစ်ဘ၀မှာတော့ စာနယ်ဇင်းစာမျက်နှာများသည် သူတို့အတွက်အရေးပါခဲ့သည်။ အောင်မြင်ထင်ရှားသွားစဉ်မှာတော့ သူတို့တွေက စာနယ်ဇင်းများအတွက် တဖန်အရေးပါလာပြန်သည်။ ယခုလည်း အပတ်စဉ် 20 သာ ရှိသေးသော ကျွန်တော့ Middle Line ဂျာနယ်အတွက် လေးဖြူကအရေးပါနေလေသည်။ မဖြေချင်ပေမယ့် သူ့နှုတ်က စကားတွေထွက်ဖို့ ကျွန်တော်ကြိုးစားရပေမည်။

"ဂျာနယ်တွေဖတ်ရတာလဲဗျာ...ခိုးကူးရယ် ဟစ်ဟော့ရယ် ရော့ခ်ရယ်....ဒါတွေပဲဖတ်နေရတယ်...တခြားရေးစ၇ာတွေအများကြီးရှိပါတယ်"သူကထိုသို့ပြောရင်း စီးကရက်တစ်လိပ်ကို မီးညှိဖွာရှိုက်လိုက်၏။ ကျွန်တော်ကတော့ ဘာစကားမှ မပြန်ဖြစ်ဘဲ သူ့ကိုသာေးကြည့်နေမိခဲ့သည်။ သူ့စကားက ချက်ချင်းပြောင်းသွားပြီး

"ခင်ဗျား ဆံပင်တွေဖြူနေပြီ"
ဟုပြောလာသည်။

ကျွန်တော့ကိုဆံပင်ဖြူနေပြီဟု ပြောလာသည့် သူ့ခေါင်းတွင်လည်း ဆံပင်ဖြူတွေက ကျိုးတို့ကျဲတဲ။ သြော် အသက်တွေလည်းကြီးကြပြီ။

"ကျွန်တော်သိပ်မကြာခင် တောင်ကြီးသွားမယ်...အမေ့ဆီသွားမယ်"

ကျွန်တော့စိတ်က တောင်ကြီးမြို့က ပျဉ်ထောင်အိမ်လေးထဲက သူ့အမေဆီရောက်သွားပြန်သည်။ အဲဒီကို သျှားတေးထုတ်လုပ်ရေးက ကိုဇော်ထူးအောင်နှင့် လေးဖြူ၏တေးစုတစ်ခုနှင့်ပတ်သက်ပြီး ရောက်သွားဖူးသည်။ သားများကဲ့သို့ပင် ထွားထွားကြိုင်းကြိုင်းအမျိုးသမီးကြီး၏ မျက်နှာပေါ်က သားများအတွက် ၀မ်းသာပီတိကို ကျွန်တော်ကူးယှက်ခံစားခဲ့ဖူးသည်။
ကျွန်တော်တို့အကြားမှာခေတ္တငြိမ်သက်နေ၏။
စက္ကန့်အနည်းငယ်ကြာတော့ ကျွန်တော်နှင့်အတူပါသည့် မိုးပိုင်စိုးကို ဘာလုပ်တာလဲ ဟုမေးသည်။
ဓာတ်ပုံဆရာဟုပြန်ဖြေတော့ "ကောင်းတယ်...ဓာတ်ပုံရိုက်နေတာပဲကောင်းတယ်" ဟုဆိုပြန်သည်။ ကျွန်တော်တဟားဟားရယ်လိုက်မိသည်။ သူ့ကြည့်ရတာ စာနယ်ဇင်းများနှင့်ပတ်သက်ပြီး တစ်ခုခုရှိနေသည်ဟု ကျွန်တော်တွေးထင်လိုက်မိသည်။ စာနယ်ဇင်းသမားများနှင့် သိပ်အဆင်မချောသည့် အနုပညာသမားများထဲတွင် သူလဲပါသည်။ တချို့သော စာနယ်ဇင်းသမားများ၏ ရေးသားတင်ပြပုံ မေးပုံ မြန်းပုံတွေကို သူသိပ်ဘ၀င်မကျတတ်။
သူအခန်းထဲသို့ဝင်သွားသည်။ ချက်ချင်းပြန်ထွက်လာပြီး လက်ထဲမှာ လွယ်အိတ်တစ်လုံးပါလာသည်။
လွယ်အိတ်ထဲက စီဒီချပ်များကိုဆွဲထုတ်သည်။ ၀ါသနာရှင်လူငယ်များ၏ sample ချပ်များဆိုတာ ကျွန်တော်သိလိုက်သည်။ သူက Ice Cream ဆိုသောအချပ်ကို Player ထဲထည့်ရင်း

"ဒီကောင်တွေ အရမ်းကောင်းတယ်.....သေသွားမယ်....ခင်ဗျားနားထောင်ကြည့်"

Punkတေးသွားက မြူးကြွစွာထွက်လာ၏။ သူစည်းချက်အလိုက် ပေါင်ကိုလှုပ်ရင်း " အဲဒါ ၅ တန်းပဲရှိသေးတယ်လို့ပြောတယ်။ ခင်ဗျားသူတို့ကို မေးသင့်တယ်။ သူတို့အတွက် စာမျက်နှာလိုတယ်။"လေးဖြူလိုလူကညွှန်းဆိုနေမှတော့ ဂီတကို နကန်းတစ်လုံးနားမလည်သည့် ကျွန်တော့လိုလူက လက်ခံရုံသာ။

"ကျွန်တော့်ကို ဒီအခွေ ဇော်လတ်ပေးတာ။ ဇော်လတ်ဆီဖုန်းဆက်မေးပေးမယ်"


ဆိုကာ ချက်ချင်းပင် မောင်မောင်ဇော်လတ်ဆီ ဖုန်းဆက်၍ Ice Cream အဖွဲ့အကြောင်းဖုန်းဆက်မေးပေးသည်။ အငယ်ဆုံးကလေးက ၅ တန်း.......အကြီးဆုံးမှ ၈ တန်းဆိုတော့ ထိုအဖွဲ့ကိုစိတ်ဝင်စားပြီး ကျွန်တော်လိပ်စာယူလာခဲ့သည်။

သူနောက်တစ်ချပ်စက်ထဲထည့်ပြန်သည်။ Rockတေးသွားတစ်ခုက မြူးစွာထွက်လာသည်။

"အဲဒါ Iron Cross တီးတာမဟုတ်ဘူး...Emperor တီးတာလဲမဟုတ်ဘူး.......ဒီကောင်တွေ သူတို့ဘာသာချထားတာ" ဆက်ပြောပြန်၏။

"ဒီကောင်တွေ ဘာလို့ ဒါတွေထလုပ်တာလဲမသိဘူး.....ကျွန်တော်တို့ရှေ့ကကောင်တွေ အသုံးမကျလို့ဖြစ်မယ်" ဟု သူ့ဘာသာမေးပြီး တဆက်တည်း သူ့ကိုယ်သူဝေဖန်လိုက်လေသည်။

"သူတို့တွေဆက်လုပ်ဖို့ ပိုက်ဆံမရှိတော့ဘူး"

သူကလွယ်အိတ်ကိုပြရင်း "တစ်နေ့တစ်နေ့ ကျွန်တော့ဆီရောက်လာတာတွေမနည်းဘူး...လူငယ်တွေဟာ ဟစ်ဟော့တွေချည်း လုပ်နေကြတာမဟုတ်ပါဘူး" ဟုဆိုလေသည်။

သူကစက်ကိုပိတ်လိုက်ပြီး စီးကရက်နောက်တစ်လိပ်မီးညှိပြန်၏။ ကျွန်တော်သိချင်တာလေးတစ်ခုမေးလိုက်၏။လွန်ခဲ့သည့်ခုနစ်နှစ်ဝန်းကျင်က "နောင်၁၀နှစ်ကြာရင်ခွေထုတ်ရဲတဲ့လူ ရှိမှာမဟုတ်တော့ဘူး" ဟု ကျွန်တော်နှင့်အင်တာဗျူးတွင်ဖြေခဲ့ဖူးသည်။ ထိုစဉ်က ခုလိုခိုးကူးဆိုတာအသံပင်မထွက်သေး။ ခုတော့ ခိုးကူးကြောင့်ခွေထုတ်ရဲသူရှားစပြုလာပြီး။သူဘာကြောင့်ထိုသို့ ပြောနိုင်ခဲ့ပါသနည်း။

" ကိုလေးဘာကြောင့်အဲလိုပြောနိုင်တာလည်း"

ကျွန်တော်မေးတော့ အမှတ်တမဲ့ဖြေလိမ့်မည်ဟုတ်ထင်ထားသည်။
ကျွန်တော်လွဲသွားပါသည်။
သူငြိမ်နေ၏။ မထူးတော့။ နောက်မေးခွန်းတစ်ခုမေးလိုက်ပြန်၏။

"အပြင်မှာပြောနေကြတယ်။ ခင်ဗျားတစ်ကိုယ်တော်ရှိုးပွဲတစ်ပွဲပြောဆိုပြင်ဆင်နေတယ်ဆို"
သူလုံးဝပြန်မဖြေ။ ကျွန်တော်အင်တာဗျူးဖို့ လုံးဝလက်လျှော့လိုက်ရသော်လည်း ငါးမရရေချိုးပြန်မည်ဟုတ်ဆုံးဖြတ်ကာ အမှတ်တရဓါတ်ပုံများ ကိုတော့ရအောင်ရိုက်ခဲ့ပါသည်။

လေးဖြူကိုနှုတ်ဆက်ပြီး အပြန်ကားအပေါ်မှာဒီနေ့ လေးဖြူနှင့်ဆုံတွေ့ ခဲ့ရသည်ကို ဘယ်လိုရေးရပါ့မလည်းဟုတ်စဉ်းစားနေမိပါတော့သည်။

ကိုဦးဆွေ

သံစဉ်များ၏ အတ္ထုပတ္တိ ( ဖေဖော်ဝါရီ ၂၀၀၃ ၊ အလင်္ကာ )

သံစဉ်များ၏ အတ္ထုပတ္တိ ( ဖေဖော်ဝါရီ ၂၀၀၃ ၊ အလင်္ကာ )



ကိုယ်ကြိုက်တဲ့ သီချင်းခွေလေး တစ်ခုကို ကက်ဆက်ထဲထည့် ၊ ခလုတ်နှိပ်ပြီး နားထောင်လိုက် ၊ အခွေဆိုတာနဲ့ ကောင်းတယ် မကောင်းဘူး ဆုံးဖြတ်ကြ ၊ အဲဒီလို ခင်ဗျားတို့ နားထောင်ကြတဲ့ သီချင်းခွေလေးတွေ ဘယ်နည်းဘယ်ပုံ မွေးဖွားခဲ့သလဲ၊ သူတို့နောက်ကြောင်း ရာဇ၀င် အတ္ထုပတ္တိတွေဟာ ဘာလဲဆိုတာကို ခင်ဗျားတို့ သိချင်မှ သိပါလိမ့်မယ်။ သီချင်းခွေလေး တစ်ခွေရဲ့ နောက်ကွယ် ရာဇ၀င်ကို လူတိုင်းသိဖို့ ခဲယဉ်းပါတယ် ။ တခြား နိုင်ငံတွေမှာတော့ ဒီလိုနောက်ကွယ် ရာဇ၀င်လေးတွေကို တန်ဖိုးထားပြီး ခံစားတင်ပြလေ့ ရှိပါတယ်။ ရှပ်ရှင်ဖက်မှာလည်း ဒီလိုပဲ။ ဇာတ်လမ်းပြီးတာနဲ့ သူတို့ ဘယ်လိုရိုက်ကူးရတယ်၊ ဘာတွေ အခက်အခဲနဲ့ ကြုံရတယ် ဆိုတာကို ပြန်လည်ပြသလေ့ ရှိပါတယ်။ ဂီတဖက်မှာလည်း MTV အခွေတွေ၊ အချပ်တွေမှာ ပါတတ်ပါတယ်။ ကျွန်တော်တို့ဆီမှာလည်း ခင်ဗျားတို့ အခု နားထောင်နေတဲ့ သီချင်းလေးတွေကို ဘယ်လိုဖန်တီးခဲ့ကြသလဲ။ တီးခတ်သူတွေရဲ့ ခံစားမှုကို သီချင်းကြိုက်တဲ့ ခင်ဗျားတို့ သဘောပေါက်သွားအေင် နည်းနည်းတင်ပြပါမယ် …. ။





ကျွန်တော်တို့ဆီမှာ သီချင်းတွေကို အမည်နာမ အမျိုးမျိုးနဲ့ တီးခတ်၊ သီဆိုလာခဲ့တာ ၁၉၇၀ လောက်ကစပြီး အခုအချိန်ထိ ဆိုပါတော့ ။ အဲဒီတုန်းကတော့ Rock&Roll နဲ့ Pop လောက်ပဲ ရှိမယ် ထင်ပါတယ်။ နောက်တဖြည်းဖြည်း Hard Rock, Country Rock, Disco, Heavy Rock ပေါ့။ အဲဒီကနေ Heavy Metal, Alternative Rock အခု Pop Metal , New Metal, Modern Rock ဆိုတာတွေ အထိ ရောက်နေပြီး အဲဒီလို သီချင်းအမျိုးအစားတွေ ပြောင်းလာသလို သီချင်းတွေကို ဖန်တီး၊ စုစည်းခဲ့ကြတဲ့ စနစ်တွေဟာလည်း သူ့နည်း သူ့ဟန်နဲ့ ပြောင်းလဲလာခဲ့ပါတယ်။



ဟိုး အရင်ခေတ်က သီချင်းတွေကို စုစည်းကြတယ်။ ဘယ်လို ခံစားတီးခတ်တယ် ဆိုတာ ကျွန်တော် မမီလိုက်ပေမယ့် ကိုယ်တိုင်ခံစား တီးခတ်ဖန်တီးခဲ့ကြသူတွေ ပြန်လည်ရေးသားတဲ့ စာအုပ်စာတမ်းများ အရဆိုရင် ဟိုးအရင်က သီချင်းတစ်ပုဒ်ကို တစ်ပြိုင်တည်း တီးကြ၊ ဆိုကြ ၊ သွင်းယူကြ ရပါတယ်။ တစ်ယောက်မှားခဲ့ရင် တစ်က ပြန်စ၊ အဲဒါကလည်း Tape Recorder ပေါ်မှာ အသံသွင်းခွင့် ရတဲ့လိုင်း Track က နည်းနေလို့ ဖြစ်ပါတယ်။ အသံသွင်းတဲ့ ရာဇ၀င်က ဒီလိုဗျ ၊ သီချင်းတစ်ပုဒ်ကို သွင်းတော့မယ် ဆိုရင် Body, Drums အတွက် အနည်းဆုံး ၆လိုင်းလောက် သုံးရပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက Main လည်း ဖြစ်တယ်။ သူ့မှာက တန်ဆာပလာကလည်း များတယ် ။ Kick, Snare, Tom Tom, 1,2,3,4 Cymbel နှစ်ချုပ်၊ Hi Hat စသည်ဖြင့်ပေါ့။ ကျန်တာတွေ ရှိသေးတယ်။ Hi Tom, Percussion, China Boy အဲဒါတွေကို တစ်ခုချင်း Mic ပေးပြီး သွင်းယူရပါတယ်။ တစ်ခုချင်း သွင်းမှလည်း Mixing မှာ တစ်ခုချင်းရဲ့ အသံကို လိုသလို အနည်းအများ တင်းလျှော့ လုပ်လို့ ရပါတယ်။ Guitar တွေ KB ဆိုရင် လည်း ထိုနည်းတူပါပဲ။ Copy သီချင်းဆိုရင် သီချင်းထဲမှာ ပါတဲ့ အသံအားလုံးကို Note ရှာပြိး အကုန်တီးရတော့ သူတို့လည်း အနည်းဆုံး ၆လိုင်းစီလောက် သုံးရပါတယ်။



ဟို အရင်ခေတ်က Recorder တွေက 4 Track လောက်ပဲ ရှိတော့ အတီးတွေကို တစ်ခါတည်းပေါင်းပြီး ယူရပါတယ်။ ဥပမာ Drum နဲ့ Bass ( Rhythm Guitar ) ပေါ့။ အဲဒါက ၂လိုင်း၊ အဆိုမှာ ဟာမိုနီ ပါခဲ့ရင် တစ်ခါထဲ ဆိုရပါတယ်။ အဲဒါကနေ 8Track စနစ်ကို ရောက်လာခဲ့ပါတယ်။ သွင်းယူခွင့်ရတဲ့သူ လိုင်းက နည်းနည်းများလာတော့ Multiple လေး ပါလာပြီ။ Drum, Bass, Rhytham, KB Backing လိုင်းကို ၂လိုင်းသွင်းမယ်။ ကျန်တဲ့လိုင်းမှာ Guitar solo, KB solo တွေ ၊ percussion တွေ ထည့်မယ်။ Vocal နဲ့ Harmony တွေကိုလည်း ၁ လိုင်းစီပေးပြီး အေးအေးဆေးဆေး ဆိုလို့ ရပြီပေါ့။



အဲဒီတုန်းကတော့ Guitar တွေ KB တွေကို Stereo စနစ် Left+Right ၂လိုင်းခွဲပြီး မတီးကြဘူး။ ရှိရင်တော့ ရှိမယ်။ နည်းမယ် ထင်ပါတယ်။ တီးခွင့်ရတဲ့လိုင်းက နည်းတော့ တီးလို့ မရလို့ နေမှာပေါ့။ နောက်ပြီး အဲဒီခေတ်က ပေါ်တဲ့ ကက်ဆက်တွေကလည်း Speaker ( စပီကာ ) က တစ်လုံးထဲ။ ခင်ဗျားတို့ တွေ့ဖူးမှာပါ။ အသံတွေက အဲဒီ စပီကာ တစ်လုံးထဲကနေ စုပြုံပြီး ထွက်နေတာ။ နောက်မှာ ကက်ဆက်တွေလည်း စပီကာ ၂လုံးဖြစ်လာတယ်။ ဖန်တီးတဲ့ စနစ်တွေလည်း ပြောင်းလဲလာတယ်။ 8 Track ကနေ 16 Track စနစ်ကို ရောက်လာပြီ။ ဟိုအရင် သီချင်းကြော်ငြာတွေမှာတောင် ၁၆ လိုင်း Track Recorder စက်သစ်ကြီးမျာဖြင့် တို့ ဘာတို့ နဲ့ ရေးပြီး ကြော်ငြာကြတယ်လေ။ တချို့လူတွေကတော့ သိချင်မှ သိပါလိမ့်မယ်။ Track တွေဘာတွေ ဂရုမစိုက်ဘူး ။ အဆိုတော် ကြိုက်ရင် ၀ယ်နားထောင်လိုက်တာပဲပေါ့။



အဲဒီ 16 Track လည်း ပေါ်လာရော ကျွန်တော့်စိတ်အထင် ပြောရရင် တီးကြ ခတ်ကြတဲ့ ပညာရှင်တွေလည်း စုစုစည်းစည်း မရှိကြတော့ဘူး။ ကိုယ့်တာဝန်နဲ့ ကိုယ် လိုဖြစ်သွားခဲ့တယ် လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အသံသွင်းယူခွင့်ရတဲ့ လိုင်းက များနေတော့ တစ်ခါတည်း တီးစရာ မလိုတော့ဘူး။ တခြား အလုပ်တွေကလည်း ရှိနေတာက တစ်ကြောင်းပေါ့။ ကိုယ့်အပိုင်းနဲ့ ကိုယ် Note ရေးပြီး တီးကြတော့တယ်။ တစ်ယောက်ချင်း ကိုယ်တီးရမယ့် Date ကျမှ အေးအေးဆေးဆေး လာတီးကြတော့တယ်။ ဟို အရင်ကတီးခဲ့၊ ဖန်တီးခဲ့တဲ့ သီချင်းလေးတွေကို ပြန်နားထောင်ကြည့်ရင် အားနည်းမှု ရှိတာက သွင်းယူခွင့်လိုင်း နည်းလို့ ဖြစ်ရမယ် ၊ ပစ္စည်းအားနည်းနေလို့ ဖြစ်ချင်ဖြစ်မယ်။ ဒါပေမယ့် နားထောင်လိုက်ရတဲ့ သူရဲ့ ရင်ထဲမှာတော့ တီးခဲ့သူရော၊ ဆိုတဲ့သူရော စည်းစည်းလုံးလုံး ရှိနေတယ်။ Team Work ရှိနေတာကို ခံစားရပါမယ်။



အခုတီးခတ်သူ အတော်များများလည်း ဒီလို တပြိုင်တည်း သွင်းယူတဲ့ စနစ်ကို နားလည်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် Studio Data အခက်အခဲ၊ အဖွဲ့ရဲ့ အလုပ်များမှု၊ Stage show များပေါ့လေ စတဲ့ ကိစ္စတွေနဲ့ ဆိုတော့ အဆင်ပြေအောင် ကြည့်တီးနေကြရပါတယ်။ အဲဒီကနေ နောက် 24 Track စနစ်ရောက်လာခဲ့ပါတယ်။ အခုဆိုရင် 42 အထိ တီးကုန်ကြပါပြီ။ သီချင်းတွေကလည်း မြင့်လာသလို သုံးစွဲလာတဲ့ တူရိယာများကလည်း များလာတော့ သွင်းယူရတဲ့ အပိုင်းကလည်း လိုင်းတွေ အများကြီး သုံးလာရပါပြီ။ Multiple စနစ်ကိုလည်း တွင်တွင်ကျယ်ကျယ် သုံးလာကြပါပြီ။ ကိုယ့်အပိုင်းနဲ့ ကိုယ် စိတ်ကြိုက် အေးအေးဆေးဆေး သွင်းယူလို့ရတယ်။ သို့သော် အဲဒီ Multiple စနစ်ကို လူတိုင်းလည်း မသိကြပါဘူး။ သီချင်းသွင်းရင် အားလုံး တစ်ခါတည်းပဲ သွင်းတယ်လို့ ထင်နေကြပါတယ်။ တစ်ခါ ကျွန်တော်တို့ဆီ သီချင်းလာသွင်းတဲ့ နယ်ကအဆိုတော်ရဲ့ မိဘတွေ၊ အကိုတွေ နှမတွေပေါ့ဗျာ။ သီချင်းသွင်းတော့ လိုက်လာပြီး ကြည့်ကြတာပေါ့။ ပထမနေ့ အစမ်းသွင်းတော့ Drum(body) ပိုင်းကို အရင်စသွင်းတာပေါ့။ ပြီးမှ ကျန်တာတွေကို ပြန်ထပ်မယ်လေ။ သီချင်းကလည်း copy ဆိုတော့ ဘာမှ ၀င်တီးစရာ မလိုဘူး။ အဲဒီလို Drum တစ်ခုတည်း တီးနေတော့ အဖေလုပ်သူက မနေနိုင်တော့ဘူး ထင်ပါတယ်။ ဟ တစ်ယောက်တည်း တီးတာလား ၊ ဂစ်တာတွေ ဘာတွေလည်း မတီးကြဘူးလား ၊ တစ်ခါတည်း တီးကြလေ၊ တစ်ခါတည်း တီးတော့ သီချင်းမြန်မြန် ပြီးတော့ပေါ့ တဲ့။ ကျွန်တော်က ရှင်းပြရတယ် ၊ ဒီလို ဦးလေးရေ ၊ Drum ကို အရင်တီးရတယ်။ ပြီးမှ ကျန်တာတွေ ပြန်ထပ်တီးရမယ်ပေါ့။ နောက်ပြီး Multiple စနစ်အကြောင်းလည်း ရှင်းပြရသေးတယ်။ အဲဒီတော့ အဖိုးကြီးက မင်းတို့ဟာက အရသာလည်း သိပ်မရှိလှပါဘူးကွာ လို့ ပြောသွားတယ်။



ကျွန်တော်တို့ စာအုပ်တွေဖတ် ၊ အခွေတွေကြည့်၊ နိုင်ငံခြားရောက်ဖူးတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောစကားအရတော့ သူတို့ဆီမှာ တီးဝိုင်း (Band ) တစ်ခုဟာ အသံသွင်းရင် တစ်ခါတည်း လူစုံ တက်စုံ တီးကြပါတယ်။ ပြီးမှ ထပ်စရာရှိတာ ထပ်ကြတယ်။ အားလုံးပြီးမှ Mixing Studio ကိုသွားပြီး Mixing ကို စိတ်ကြိုက်ဆွဲပါတယ်။ ခြွင်းချက်တော့ ရှိပါတယ်။ သူတို့ဆီက Band တွေက Studio တစ်ခုမှာ ၀င်ပြီးဆိုရင် နှစ်ပေါက် Studio မှာပဲ နေကြ၊ စားကြ၊ တီးကြတယ်။ တီးတော့လည်း တခြား အဆိုတော်ကို တီးပေးစရာ မလိုပါဘူး။ ကိုယ့်အဆိုတော်၊ ကိုယ့် Band နဲ့ ကိုယ် ဆိုကြတီးကြပါတယ်။



ထားပါတော့ ။ ကျွန်တော်တို့ဆီမှာတော့ အခက်အခဲတွေ ရှိနေတော့ အဆင်ပြေအောင် ကြည့်လုပ်နေရထဲ့ အထဲမှာ နည်းနည်းလေး ထူးခြားလာမလား ဆိုပြီး တီထွင်ဆန်းသစ်နေရင် ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် အနုပညာဟာ အနုပညာပါပဲ။ ကိုယ့်ပရိသတ်ကို ထူးထူးခြားခြားလေးတွေ ပို့ပေးနိုင်ရင် တီထွင်ရကျိုးနပ်ပါတယ်။ သမားရိုးကျ နည်းအတိုင်း ဆိုရင်တော့ တဖြည်းဖြည်းနဲ့ ငြီးငွေ့လာတတ်ပါတယ်။ ကျွန်တော်တို့ဆီမှာက အခု အချိန်အထိ သမားရိုးကျ နည်းအတိုင်းပဲ။ သီချင်းတွေကို ဖန်တီးစုစည်းနေကြပါတယ်။ ကိုယ်ပိုင်သံစဉ် သီချင်းတွေထဲမှာလည်း ဒီလိုပါပဲ။ Body, Drum ကို ရအောင်ယူထားမယ်။ Guitar + KB တွေကို Drum တီးစဉ်မှာ အကြမ်းသဘောမျိုး ၀င်တီးမယ်။ ပြီးမှ နောက် Data တွေမှာ Guitar + KB တွေကို အချောဝင်တီးကြပါတယ်။ အားလုံးပြီးမှ vocal ၀င်ဆိုရပါတယ်။



ကျွန်တော် အဓိက ပြောချင်တာကတော့ အဲဒီလို သမားရိုးကျနည်းကို ငြီးငွေ့လာပြီး အဲဒီကနေ ဖောက်ထွက်လာတဲ့ သီချင်းခွေတစ်ခု အကြောင်းကို ပြောချင်လို့ပါ ။ အဲဒီ စနစ်က ဟိုအရင်တုန်းက သီချင်းတွေလိုပါပဲ။ စုစုစည်းစည်းရှိမယ်။ အသံသွင်းယူခွင့်ရတဲ့ လိုင်းကလည်း များတယ်။ တီးခတ်မယ့်သူရော ၊ ဆိုတဲ့သူရော၊ ရေးတဲ့သူရော၊ တစ်ချိန်တည်း တစ်ပြိုင်တည်း Studio အခန်းထဲမှာ ရှိနေတယ်။ အရင်တုန်းကလိုပဲ သီချင်းတစ်ပုဒ်ကို တစ်ပြိုင်တည်း သွင်းယူတဲ့ စနစ်ပါပဲ။ အသံသွင်းယူခွင့်ရတဲ့ လိုင်းတွေက များနေတော့ လိုအပ်တာက တီးဝိုင်းနဲ့ အဆိုတော်ရဲ့ စည်းလုံးညီညွတ်မှု၊ အပေးအယူ၊ အချိတ်အဆက်လေးတွေပဲ ဖြစ်ပါတယ်။ အဲဒီလို သမားရိုးကျ ပုံစံကနေ ပြောင်းလဲတီးခတ် အသံသွင်းယူခဲ့တဲ့ စနစ်ကို ကျွန်တော်တို့လည်း ကြိုက်တယ်။ ထွက်ပေါ်လာတဲ့ သီချင်းတွေကလည်း အရသာတစ်မျိုး ထူးနေမယ် ထင်ပါတယ်။ အဲဒီအခွေကတော့ PTL Studio မှာ IRON CROSS အဖွဲ့နဲ့ သွင်းယူခဲ့တဲ့ ကိုလေးဖြူရဲ့ ကိုယ်ပိုင်သံစဉ် သီချင်းတွေပါပဲ။ စသွင်းစကတည်းက သမားရိုးကျ မဟုတ်တော့ ကျွန်တော်တို့လည်း စိတ်ဝင်စားပါတယ်။ ပညာလည်း ရပါတယ်။ Studio မှာလည်း တီးမယ့်သူ ၄ ယောက် ၊ အဆိုတော် ၊ တေးရေးသူက အစ စုံစုံလင်လင် ရှိနေပါတယ်။ Arrangement လုပ်တဲ့ Iron Cross Band ကိုခင်မောင်သန့်က တီးခတ်ရမယ့် အ၀င်အထွက် အချိတ်အဆက်တွေကို ရှင်းပြပါတယ်။ အဓိက သီချင်းကို ရေးသားခဲ့တဲ့ တေးရေး ( မောင်မောင်ဇော်လတ် + လေးဖြူ ) ((( ကျွန်မထင်တာတော့ အယ်ဖြူလို့ ထင်ပါတယ် … သူမှားပြောတာ ဖြစ်မှာပါ ))) တို့ကလည်း တီးခတ်သူတို့ရဲ့ ပြောပြချက်အပေါ် သူတို့လိုချင်တာလေးတွေကို ပြောဆိုဆွေးနွေးပါတယ်။ ကိုလေးဖြူကလည်း သူတို့ Demo လုပ်လာတဲ့ အခွေကြမ်းကို ကြိမ်ဖန်များစွာ ဖွင့်ပြီး ပြင်ဆင်ချင်တာတွေ၊ ဖြည့်စွက်ချင်တာတွေကို ပြောပြပါတယ်။ ကိုချစ်စမ်းမောင် ကိုဗညားနဲ့ ကိုခရမ်း တို့ကလည်း သီချင်းရဲ့ အယူအဆတွေ ၊ တီးရမယ့် Guitar Color, KB အမျိုးအစားက အစ ညှိနှိုင်းကြပါတယ်။



အားလုံး စုစည်းကြမယ့် အင်ဂျင်နီယာများကလည်း စက်ခန်းထဲမှာ အလုပ်ရှုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်လို Body တီးမယ့်နေ့ဆိုပြီး Drum တစ်ခုတည်းကိုပဲ ချိန်ထားလို့ မရတော့ပါဘူး။ အားလုံးတီးမယ် ဆိုတော့ အားလုံးကို ချိန်ပေးရပါတော့မယ်။ Drum အတွက် ၉ လိုင်း၊ Bass က ၁လိုင်း၊ Guitar ၂ လိုင်း vocal အကြမ်း အတွက် ၁လိုင်း အဲဒီ ၁၅လိုင်း တစ်ခါတည်း သွင်းမှာဖြစ်ပါတယ်။ အဲဒီတော့ တီးခတ်မယ့် ပစ္စည်းတွေရဲ့ Input တွေကို တစ်ခါတည်း ချိန်ရပါမယ်။ Over Load တွေ မဖြစ်အောင် ဂရုစိုက်ရတော့မယ်ပေါ့။



သီချင်းမသွင်းခင် သီချင်းအရင် တိုက်ကြည့်ပါတယ်။ သီချင်းရဲ့ အသွားအလာ၊ အချိတ်အဆက်တွေကို တီးနေရင်းနဲ့ စည်းစည်းလုံးလုံး ရှိသွားဖို့ အတွက်ပါ အခေါက်ခေါက် အခါခါ တိုက်ကြတယ်။ သီချင်းတိုက်ရင်းနဲ့ လိုတိုးပိုလျှော့တွေ လုပ်တယ်။ အားလုံးသေချာပြိဆိုရင် အစမ်းသွင်းကြည့်တယ်။ သွင်းရင်းနဲ့ မှားတာရှိရင် ကိုယ့်ဟာကို မှတ်ထား။ idea အသစ်ပေါ်လာရင်တော့ ကိုယ့်ဘာသာမှတ်ထား။ မကြိုက်ရင် ပြန်တီးတယ်။ စိတ်ကြိုက်ရပြီဆိုရင် ယူထားလိုက်တယ်။ ပြီးရင် KB ဘာပြန်တီးမလဲ၊ လိုအပ်တာ ကိုယ်စဉ်းစားထားတာလေးတွေကို ညှိနှိုင်းပြီး တစ်ခါတည်း ပြန်တီးတယ်။ အဲဒီလို ပြန်တီးကြတဲ့ အခါမှာလည်း ဘေးကနေ အားလုံး ၀ိုင်းနားထောင်ပြီး လိုအပ်တဲ့ သီချင်းရဲ့ အချိတ်အဆက်က အစ ညှိနှိုင်းပြီး အကောင်းဆုံး ဖြစ်အောင် ပြန်တီးကြတယ်။



တချို့ သီချင်းများမှာ ကွန်ပျူတာ အကူအညီနဲ့ တီးခတ်ထားတဲ့ သီချင်းတွေ ပါပါတယ်။ ကမ္ဘာမှာလည်း သီချင်းအချို့တွေမှာ ကွန်ပျူတာနဲ့ လူနဲ့ တွဲတီးတဲ့ သီချင်းတွေ ပေါ်နေပါပြီ။ အဲဒီအပိုင်းမှာတော့ Arrangement လုပ်တဲ့ ကိုခင်မောင်သန့်က တာဝန်ယူ ဖန်တီးထားပါတယ်။ သီချင်းများကို ကွန်ပျူတာနဲ့ လူနဲ့ တွဲတီးခဲ့ပါတယ်။ ထပ်ပြီးတာနဲ့ ကိုချစ်စမ်းမောင် Guitar ထပ်ပါတယ်။ စတင်သွင်းယူစဉ်က Guitar Backing ၂ လိုင်း ယူထားပါတယ်။ တချို့သီချင်းတွေမှာ စတီး စသွင်းတုန်းက mood တွေ အရမ်းကောင်းနေတော့ ယူထားရပါတယ်။ ပြီးမှ color မတူတဲ့ Backing တွေ ၊ Disc တွေကို ပြန်ထပ်ပါတယ်။ Solo အပိုင်းကို လိုအပ်သလို ဖြည့်စွက် ပြန်တီးပါတယ်။ ကိုလေးဖြူ အနေနဲ့ကလည်း သီချင်းကို ထပ်ခါတလဲလဲ ထပ်ခါတလဲလဲ ဆိုနေရင်းနဲ့ Idea အသစ်တွေ ပေါ်လာရင် တစ်ခါတည်း ပြန်ဆိုလိုက်ပါတယ်။ တေးရေးသူ မောင်မောင်ဇော်လတ်+အယ်လ်ဖြူ တို့ကလည်း သူတို့သီချင်းလေးတွေ လှပဖို့၊ ပုံစံပေါ်လာဖို့ကို တီးခတ်သူတွေကိုရော အဆိုတော်တွေကိုရော သူတို့လိုချင်တာလေးတွေကို Tempo (နရီ)က အစ တစ်ခါတည်း ညှိနှိုင်းပြင်ဆင်နိုင်ပါတယ်။



အဲဒီလိုနဲ့ ပြောရင်း ပြင်ရင်း လက်ဖက်ရည် ထွက်သောက်လိုက် ပြန်တီးလိုက်နဲ့ ညနေစောင်းသွားတယ်။ ပြီးပြီ။ တစ်ရက် တစ်ပုဒ် ၊ vocal ကလွဲလို့ အားလုံးအားလုံး အချောပြီးသွားပြီ ။ အဆိုတော်လည်း ကြိုက်တယ်။ တေးရေးလည်း ကြိုက်တယ်။ တီးခတ်သူတွေလည်း ကျေနပ်တယ်။ ပြီးပြီပေါ့။ တမင်သက်သက် ဖန်တီးလို့ မရတဲ့ ညီညာမှုလေးတွေကို တွေ့ရှိခဲ့ရပါတယ်။ အဲဒီလို အတီးသမားတွေ တစ်ခါတည်း တီးပြီး သွင်းကြဖို့ကိုလည်း ကိုချစ်စမ်းမောင်က အကြံပေးခဲ့လို့ ထူးထူးခြားခြား ဖြစ်တယ်ဆိုပြီး အားလုံး တစ်ပြိုင်နက် တီးခတ်ကြတာပါ။



အခုလို တစ်ပြိုင်တည်း တီးပြီး သီချင်းတစ်ပုဒ်ကို ဖန်တီးစုစည်းခြင်းရဲ့ အကျိုး၊ ခံစားရမှု၊ စိတ်လှုပ်ရှားမှု ၊ တီးခတ်ရတဲ့ သီအိုရီအပိုင်း၊ လျှပ်တပြက်ပေါ်လာတဲ့ သီချင်း Idea များအပေါ် ဘယ်လို ခံစားဖန်တီးခဲ့သလဲဆိုတာ Iron Cross အဖွဲ့က ပြန်ပြောပြထာပါတယ် ။

ဒီအခွေလေးကို လုပ်ဖို့ စတင်ဖြစ်ပေါ်လာတဲ့ အကြောင်းနဲ့ ကျွန်တော့်ရဲ့ ရည်ရွယ်ချက်ကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ အားလုံးလည်း စိတ်ကူးယဉ်ကြတဲ့ အတိုင်းပါပဲ။ အားလုံးလည်း ဖြစ်ချင်တဲ့ အတိုင်းပါပဲ။ ကျွန်တော်တို့ မြန်မာပြည်ထဲမှာ တခြားနိုင်ငံရဲ့ Instrument တွေနဲ့ တီးထားတဲ့ အခုကမ္ဘာ့ Music လို့ ပြောရမှာပေါ့နော်။ တစ်ကမ္ဘာလုံး လက်ခံကြတဲ့ ဒီ Album တစ်ခွေလောက်ုလုပ်ချင်တာပေါ့နော်။ အဲဒီ အိပ်မက်ကတော့ လူတိုင်းရှိတယ် ထင်တာပဲ။ အဆိုတော်တွေလည်း အဲဒီ အိပ်မက် ရှိကြလိမ့်မယ်။ ကျွန်တော် ထင်တယ် ။ သူသူ ကိုယ်ကိုယ် ဘယ်သူမဆို သီချင်းဆိုကြပြီ ဆိုကတည်းက ကိုယ့်ဘ၀မှာ အမှတ်တရ ဖြစ်စရာလေးတွေ ကိုယ့်ဆီက အကောင်းဆုံး ဆိုတာလေးကို ပေးခဲ့ချင်တယ်။ ချန်ထားခဲ့ချင်တယ်ပေါ့။ လူတိုင်းမှာလည်း သူသူကိုယ်ကိုယ် သူ့အတ္တ၊ ကိုယ့်အတ္တ ရှိကြပါတယ်။ လူတိုင်း အတ္တ မပါဘူးလို့ ပြောလို့မရပါဘူး။ ကျွန်တော်လည်း ပါတာပါပဲ။ အတုံးလိုက် အတစ်လိုက် ပါတာပေါ့ဗျာ။ သူ့အတ္တ၊ ကိုယ့်အတ္တလေးတွေပါတယ်။



ကိုယ့်ဘ၀မှာ ကိုယ့်ကိုယ်ကိုယ် အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်အတ္တအတွက် သက်သက်ပဲဖြစ်ဖြစ်၊ သီချင်းလောက အတွက်ပဲ ဖြစ်ဖြစ်၊ ကိုယ့်နိုင်ငံကနေပြီးတော့မှ အဆင့်မီတဲ့ တေးသီချင်းလေးတွေ အမှတ်တရဖြစ်ပြီး ကျန်မဲ့ သီချင်းမျိုး တစ်ခုခု အဖတ်တင်ပြီး ကျန်ခဲ့မယ့် သီချင်းမျိုး၊ ကံကောင်းရင်လည်း သူများနိုင်ငံက ကြည့်ရင်လည်း မျက်နှာမငယ်လောက်တဲ့ သီချင်းလေးတစ်ခွေတော့ လူတိုင်းဖန်တီးချင်ကြတယ်။ အဲဒီလိုပဲ သူများလိုပဲ ကျွန်တော်လည်း လုပ်ချင်တယ်။ မှတ်တိုင်လေး တစ်ခု ဖြစ်သွားအောင်တော့ လုပ်ချင်ကြတယ်။



ကျွန်တော်တို့ ဘာကြည့်ရမလဲတော့ ဒီဘက်ခေတ်မှာ ကျွန်တော်တို့ OwnTune တွေက ရွှေထက်ရှားနေသလို ဖြစ်နေတယ်။ ရှိပါတယ်။ own tune တွေ အများကြီး ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ စိတ်ကြိုက်ဆိုတာ တွေ့ဖို့ခဲယဉ်းတယ်။ ကျွန်တော် နိုင်ငံခြားသီချုင်းတွေ နိုင်ငံတကာသီချင်းတွေကို ယူထားတာ ဆိုတော့ ကျွန်တော်တို့ကလည်း သူများနောက်ကပဲလို ဖြစ်နေတာပေါ့။ သီချင်းတွေ နားထောင်တယ်ဆိုတာကလည်း တချို့လူတွေက ကြုံလို့နားထောင်တာ၊ အချိန်ရလို့ နားထောင်တာ အမျိုးမျိုး ပေါ့။ ကျွန်တော်တို့က ဒါ သီချင်းတွေ နားထောင်တယ်၊ ဆိုတယ်၊ တီးကြတယ်ပေါ့။ ဒါက ကျွန်တော်တို့ရဲ့ အဓိက အလုပ်ပဲဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့က သီချင်းတွေအပေါ် သူများတွေထက် ရူးသွပ်ရတယ်၊ သူများတွေထက် ဂရုစိုက်ရတယ်၊ အာရုံစိုက်ရတယ်ပေါ့။ အဲဒါတွေကတော့ ဒီမှာ သီချင်းဆိုကြ၊ တီးကြတဲ့ သူတွေအားလုံး သိကြပါတယ်။



အဲဒီတော့ ကျွန်တော်တို့ အခုနက ပြောသလို Own Tune က ရွှေထက်ရှားတယ်ဗျ။ ကျွန်တော်တို့ စိတ်ကြိုက်ဖြစ်မယ့် သီချင်းမျိုး ရေးပေးနိုင်တဲ့လူလည်း ရှားတယ်ဗျ။ နောက်ပြီး တိုက်ဆိုင်တာလေး တစ်ခု ကျွန်တော်လည်း အဲဒီ own tune ဘက်ကို စိတ်ပါနေတဲ့အချိန်၊ အာရုံရနေတဲ့အချိန်မှာ မောင်မောင်ဇော်လတ်တို့ အယ်လ်ဖြူတို့ကလည်း own tune တစ်ခွေလောက် လုပ်ချင်တယ်ပေါ့။ သူတို့ကလည်း အခုခေတ်ကမ္ဘာမှာ ခေတ်စားနေတဲ့ Modern Rock ဆန်ဆန်လေးတွေပေါ့။ ဒါပေမယ့် ကျွန်တော်တို့အားလုံးကို ပြန်ဆန်းစစ်ပြီး သီချင်းတွေကို ရွေးချယ်ထားပါတယ်။ အခြေအနေနဲ့ အချိန်အခါအရ သီချင်းအမျိုးအစားတွေကိုလည်း ကျွန်တော်တို့ ပြန်ပြီး ရွေးချယ်ထားရပါတယ်။ ဒီအခွေလေးကိုတော့ Modern Rock သီချင်းတွေလို့တော့ မထင်စေချင်ဘူး။ နည်းနည်း ထူးခြားအောင်တော့ လုပ်ထားပါတယ်။ ကျွန်တော် အရင် နှစ်ခွေလုပ်ဖူးပါတယ်။ တစ်ခွေမှာ မောင်မောင်ဇော်လတ်တို့လည်း ပါပါတယ်။ ကိုရွှေတို့လည်း ပါတာပဲ။ ညီညီသွင်လည်း ပါတယ်။ ကြာတော့ ကြာသွားပါပြီ။



တချို့က ငါ့ဘာသာ ငါလုပ်တာ ၊ ဒါ own tune ဆိုပြီးတော့ own tune ဆိုတဲ့ ခြုံပုတ်ထဲမှာ ခိုပြီး လက်သီးပြတဲ့လူတွေ အများကြီး ရှိတယ်။ ကျွန်တော်တို့ကတော့ အဲဒီလိုကြီး ခွဲခွဲခြားခြား ကြီးတော့ မဖြစ်စေချင်ဘူး။ ကော်ပီမို့လည်း အော့နှလုံးနာစရာ အကြောင်းမရှိဘူး။ own tune တိုင်းကိုလည်း အထွက်အမြတ် ထားစရာအကြောင်း မလိုပါဘူး။ အနုပညာ ဖန်တီးမှုမှာ အဲဒီလို ခွဲခြားလိုက်ပြိ ဆိုကတည်းက ဘာအဓိပ္မါယ်မှ မရှိတော့ဘူး ထင်တာပဲ။



ဆိုကြပါစို့ဗျာ Metallica တစ်ပုဒ်ကို စာသားထည့်ဆိုတဲ့ သီချင်းနဲ့စာရင် ကျွန်တော်တို့ own tune က မျက်နှာငယ်ခဲ့ရတယ်။ ထားပါတော့ဗျာ။ အားနည်းချက်တွေကလည်း များနေတော့၊ ချို့တဲ့မှုတွေကလည်း များနေတော့ ကျွန်တော်တို့မှာ copy သီချင်းတွေကို မမီခဲ့ဘူး။ အတတ်ပညာပိုင်း ပစ္စည်းပိုင်းက အစ လိုအပ်နေသေးလို့ပေါ့ဗျာ။ copy ဆိုတာကလည်း သူတို့နိုင်ငံက အကောင်းဆုံးနာမည်ကြီးနေတဲ့ သီချင်းတွေကို ရွေးချယ်ပြီး ကိုယ့်ဘာသာကိုယ် ပြန်ဆိုတာဆိုတော့ ကျွန်တော်တို့ဘာသာလုပ်တဲ့ own tune က အားနည်းချက်တွေ အများကြီး ရှိတာပေါ့။ ထားပါတော့လေ။ ကမ္ဘာ့ Music မြန်မာ့ Music ဆိုတာကို သုံးသပ်မနေတော့ပါဘူး။ အခု ကျွန်တော်တို့ သီချင်းခွေလေးကို ဘယ်လိုလုပ်ခဲ့ကြသလဲ ဆိုရင် မောင်မောင်ဇော်လတ်တို့ အယ်လ်ဖြူတို့အနေနဲ့ နောက်ဆုံး ကြိုးစားခြင်းပဲ ။



သူတို့အကောင်းဆုံးဖြစ်အောင် ရေးမယ်။ လေးဖြူ ဆိုပေါ့။ အကောင်းဆုံး ရေးမယ်၊ သူတို့ကလည်း ယုံပြီးသား၊ IC ကလည်း အကောင်းဆုံးတီးမယ်။ လေးဖြူကလည်း အကောင်းဆုံး ဆိုမယ်ပေါ့။ သီချင်းတွေကိုလည်း လိုသည်ထက် ပိုပိုသာသာလေး လုပ်ထားမယ်။ ပြီးမှ အကောင်းဆုံး ပြန်ရွေးမယ်။ ကျွန်တော်တို့ အားလုံးလည်း တော်တော်ညှစ်ပြီး လုပ်ထားရပါတယ်။ ဘယ်လိုပြောရမလဲ။ နောက်ဆုံးကမ်းလိုက်တဲ့ လက်ပေါ့ဗျာ။

((( အယ်လ်ဖြူ့အတွက် နိမိတ်တွေ ဖတ်ထားသလိုပဲနော် - ETN )))



သူတို့အနေနဲ့ အဆင့်မီတဲ့ Own Tune သီချင်းတွေ ရေးချင်တယ်။ ကျွန်တော့်အနေနဲ့ အဆင့်မီတဲ့ Own Tune သီချင်းတွေ ဆိုချင်တယ်။ IC အနေနဲ့ကလည်း သူတို့တစ်နှစ်ကို အခွေတွေ တော်တော်တီးရတယ်။ အဲဒီ အထဲမှာမှ ပရိသတ်နဲ့ အစပ်အဟပ်တည့်တဲ့ အခွေက ဘယ်လောက်ရှိသလဲဆိုတာ လက်ချိုးရေလို့ ရပါတယ်။ အဲဒီတော့ သူတို့အနေနဲ့ ကျန်ခဲ့မယ့် အခွေမျိုး ဖြစ်အောင် တီးချင်တယ်။



သူများနိုင်ငံက Album တစ်ချပ်တစ်ခွေဆိုတာ တစ်ကမ္ဘာလုံးက နားထောင်ကြတာ၊ သူတို့ရဲ့ ဈေးကွက်ကလည်း အကြီးကြီပဲ။ အဲဒီတော့ သူတို့ရဲ့ သီချင်းတွေကို ကမ္ဘာက စိတ်ဝင်စားအောင် လုပ်ဖို့ ငွေရေးကြေးရေး အရလည်း အများကြီး သုံးရတယ်။ သုံးနိုင်တယ်။ ကျွန်တော်တို့မှာတော့ သိတဲ့အတိုင်း ကျွန်တော်တို့ နိုင်ငံအတွင်းမှာပဲ လည်ပတ်ရတဲ့ အဆင့်ရှိသေးတယ်လေ။ အစစအရာရာ ကျွန်တော်တို့ထက် အများကြီး သာတယ်။ အခု ဒီအခွေလေးကိုလည်း ပြောရရင် ရေးသူကလည်း ရေးချင်တယ်။ ကျွန်တော်ကလည်း ဆိုချင်တယ်။ IC ကလည်း တီးချင်တယ်။ Producer ကလည်း လုပ်ချင်တယ်။ အဲဒါတွေ ပေါင်းပြီး လုပ်လိုက်တာပါပဲ။



ဘယ်လို လုပ်ကြသလဲဆိုတာ ကျွန်တော် ပြောရရင် ဘယ်လိုလုပ်ရင် အရည်အသွေးတွေ ပိုကောင်းလာမလဲဆိုတာ စဉ်းစားကြတာပါပဲ။ အဲဒီတော့ "ဇော်လတ် … မင်းတို့လိုချင်တာတွေ လုပ်နိုင်အောင်လို့ ပထမ studio တစ်ခုမှာ ချိတ်လိုက်" အဲဒါ ပထမ အချက်ပေါ့။ Hollow Guitar လေးနဲ့ တီးပြီး သွင်းထားမယ့် အစား အဖွဲ့နဲ့ တစ်ခါတည်း လိုချင်တဲ့ ပုံစံကို ရအောင်တီးမယ်။ ကြားထဲမှာ တစ်ခုခံပေးလိုက်တဲ့ သဘောမျိုးပေါ့။ နောက်ဆုံး တီးရမယ့် အဆင့်မရောက်ခင် ကြားထဲမှာ တစ်ဆင့် ခံထားပေးလိုက်တာပေါ့။ အဲဒီအတွက် Metal Zone Studio မှာ Date ယူတယ်။ Date ကိုလည်း ဆက်တိုက်မဟုတ်ဘူး။ ၁ ရက်တီး ၂ ရက် ၃ရက်ခြားပြီး နောက်တစ်ခါတီး တစ်ပုဒ်ပြီးရင် နောက်တစ်ပုဒ် ဆက်စဉ်းစား။ ကျွန်တော်လည်း အဲဒီလို လုပ်ထားရင်းနဲ့ ထွက်လာတဲ့ အပေါ်မှာ မူတည်ပြီး နောက်ဆုံး Final တီးရင် ဘာလိုအပ်မလဲဆိုတာ ကိုယ့်ဘာသာ မှတ်ထားတယ်။ လိုချင်တာလေးတွေ ဖြစ်ချင်တာလေးတွေကို မှတ်ထားပါတယ်။ Demo လို့ခေါ်တာပေါ့ဗျာ။ Demosition ပေါ့။ အဲဒါကိုမှ Final မှာ IC Band အရည်အသွေး မြှင့်တင်တဲ့သဘော၊ ပထမ တီးခဲ့တာတွေထဲက လိုအပ်တာတွေ ဖြည့်ပြီး မြှင့်တင်လိုက်တဲ့ သဘောပေါ့။ ( အဲဒီမှာကတည်းက သီချင်း၃ပုဒ်လောက် Reject ထိသွားသေးတယ်)။ အဲဒီမှာကတည်းက ကျွန်တော်တို့ စကာတင် လုပ်လိုက်ပြီးနောက် PTL နဲ့ IC လက်ထဲ ရောက်လာတဲ့ အပုဒ်တွေက ကျွန်တော်တို့ လက်ရွေးစင် ရွေးပြီးသားတွေပဲ ရောက်လာတဲ့ သဘောပေါ့။ IC နဲ့ တီးပြီး နောက်ဆုံး လုပ်လိုက်တဲ့ အဆင့်မှာကို နောက်တစ်ပုဒ် Reject ထိသေးတယ်။ မကြိုက်လို့ ပြန်ဖြုတ်ပစ်လိုက်တယ်။ အခု နောက်ဆုံး ၁၂ ပုဒ်ပဲ ကျန်တယ်။ ပြီးလို့ သီချင်းအခွေစီပြီးလို့ ရှိရင်လည်း ကျွန်တော့်အခွေထဲမှာ ကြောင်နေတာလေးတွေ အဆင်မပြေတာလေးတွေ ရှိရင် ထပ်ဖြုတ်ဦးမယ်။ ပရိသတ်ကို ကျွန်တော် အကောင်းဆုံးလေးတွေပဲ ပေးချင်လို့၊ မကောင်းတဲ့အပုဒ် အဆင်မပြေတဲ့ အပုဒ်ကို တစ်ဆင့်ချင်း သုတ်သင်ပစ်ခဲ့ပါတယ်။



နောက်ပြီး သွင်းယူတဲ့ အဆင့်မှာလည်း ကျွန်တော်တို့ လွတ်လပ်ချင်တယ်။ လွတ်လွတ်လပ်လပ် တီးချင်ဆိုချင်တယ်။ Multiple စနစ်နဲ့ သွင်းယူခြင်းရဲ့ အမှားတွေကို ရှောင်လိုက်တဲ့ သဘောမျိုးပေါ့။ ကျွန်တော်လည်း အကြမ်းဆိုရင်းနဲ့ အဆင်မပြေတဲ့ နေရာတွေ ပေါ်လာတယ်။ ကြပ်နေတဲ့ နေရာတွေ ပေါ်လာတယ်။ မြန်မာလိုတော့ ဒုန်းလို့ပြောရမှာပေါ့။ အဲဒါမျိုးတွေပေါ့။ ကျွန်တော် ဆိုနေရင်းနဲ့ စာလုံးတွေ ပြွတ်နေတာမျိုးတွေ အဲဒါမျိုးတွေဆိုရင် ချက်ချင်းပြင်လို့ရတာပေါ့။



ကိုလေး ဒီအခွေ လုပ်လိုက်တာ အရင် Own Tune တွေနဲ့ ခံစားမှုခြင်း ကွာခြားမှု ရှိ မရှိ ။



ကွာတယ်ဗျ။ ကျွန်တော့် ဒီအခွေနဲ့ ဆိုရင် own tune သုံးခွေရှိပြီ။ တတိယအခွေပေါ့။ ပထမ အခွေတွေတုန်းက ဆိုပြီး တီးပြီးတာနဲ့ နောက်ထပ်ပြန်လုပ်ရဖို့ တော်တော်စဉ်းစားရတယ်။ မလုပ်ချင်တော့ဘူး။ စိတ်မရှိတော့ဘူး။ မကြိုက်ခဲ့တာလေးတွေ ရှိတယ်။ အခက်အခဲလေးတွေ ရှိနေတယ်ဆိုတော့ ကျွန်တော် နောက်တစ်ခွေ ထပ်လုပ်ဖို့ Depression ၀င်နေတယ်ပေါ့ဗျာ။ အရင်အခွေတုန်းကလည်း တချို့ဟာတွေတော့ ကြိုက်ပါတယ်။ အားလုံးတော့ မဟုတ်ပါဘူး။ ဒီအခွေထပ်လုပ်ဖို့ စိတ်ထဲမှာ အားတစ်ခု ရှိနေသလိုပဲ။ စိတ်ထဲမှာလည်း ကျေနပ်မှု ရှိနေတယ်။



Copy သီချင်းများနဲ့ ဆက်လျှောက်ဖို့ ရှိ မရှိ ။



ကျွန်တော် copy သီချင်းဆိုဦးမှာပဲ။ ဆိုနိုင်တဲ့ အခြေအနေရှိသေးသရွေ့ ဆိုဦးမှာ။ Copy ဆိုတာ ကျွန်တော့်အတွက်လည်း လိုအပ်တယ်။ သီချင်းဆိုကြတဲ့ သူတွေအတွက်ကလည်း လိုအပ်တယ် ထင်ပါတယ်။ စဉ်းစားကြည့်ပါဗျာ။ သီချင်းလောက သက်တမ်းရဲ့ အခု အနှစ်နှစ်ဆယ်ကျော် ခရီးမှာ ဒီ copy ဆိုတာ မလိုအပ်ခဲ့ရင် ဒီလောက်အထိ သက်ဆိုးရှည်စရာ အကြောင်းမရှိဘူး လို့ ထင်တာပဲ။



ကိုလေးအနေနဲ့ own tune လုပ်မယ် ဆိုရင် ကိုယ့်သီချင်းရေးဆရာနဲ့ ကိုယ်၊ ကိုယ့် band နဲ့ ကိုယ်၊ ကိုယ့်ရဲ့ ကိုယ်ပိုင် group လေးနဲ့ လုပ်ရင် အဆင်ပြေမလား။ သီချင်းရေးဆရာ ပေါင်းစုံနဲ့ လုပ်ခြင်းက အဆင်ပြေမလား။ ဘယ်ဟာက ပိုကောင်းနိုင်သလဲ ။



ကျွန်တော် အကောင်းဆုံး ပြောရရင် ကိုယ့်သီချင်း ကိုယ်ရေးနိုင်ရင် အကောင်းဆုံးပဲပေါ့ဗျာ။ ကျွန်တော်လည်း ရေးချင်တဲ့ ဆန္ဒရှိတယ်။ ဒါပေမယ့် မရေးနိုင်တော့ဘူး။ နောက်ပြီး တခြားတေးရေးသူဆိုတာလည်း ကိုယ်နဲ့ သက္ကရာဇ်ခြင်း တူတဲ့လူဆိုရင် အဆင်ပြေနိုင်တယ်။ သက္ကရာဇ် ဆိုတာ မွေးရက်တူတဲ့သူ မဟုတ်ဘူး။ ကိုယ်နဲ့ သီချင်းအပေါ်မှာ ခံယူတဲ့ စိတ်ဓါတ်ချင်း တူတဲ့သူ၊ ခံစားမှုချင်း တူတဲ့သူကို ပြောတာပါ။



ကျွန်တော် အခွေတစ်ခွေ လုပ်တော့မယ် ဆိုရင် ကျွန်တော့်ခံစားသူဖက်ကနေ အမြဲတမ်း ကိုယ်ချင်းစာပြီး ထည့်တွက်ရတယ်။ ကိုယ်ကြိုက်ရာ ကိုယ်လုပ်ကြေးဆိုရင် မဟုတ်တော့ဘူးဗျာ။ ငွေရရှိရေးသာကြည့်ပြီး လုပ်မယ်ဆိုရင် လူတိုင်းမှာ လုပ်စရာတွေ အများကြီးပါပဲ။ အဲဒီတော့ ကိုယ့်ခံစားမှုကို ကိုယ်ပြချင်ရင် ကိုယ့်ဘာသာ ဖန်တီးနိုင်ရင် အကောင်းဆုံးပဲလို့ ထင်ပါတယ်။ ဒီအခွေမှာလည်း ပြောရရင် ကျွန်တော်နဲ့ သက္ကရာဇ်ချင်း အတူဆုံး လူတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ပေါင်းစပ်လိုက်တာပါပဲ။ ကျွန်တော်တို့အားလုံး အထူးခြားဆုံးနဲ့ အကောင်းဆုံးဖြစ်အောင် ညှစ်ထုတ်ထားလိုက်တာပါပဲ။ Mixing အပိုင်းမှာတော့ သိပ်အခက်အခဲ မရှိပါဘူး။ ညီလေး(ကိုချစ်စမ်းမောင်) ဘေးကနေထိုင်ပြီး တစ်နေကုန် ထိုင်ရစ်နေလိုက်တာပါပဲ။ Mixing ဆွဲတော့လည်း IC Band က အားလုံးလာပြီး လိုအပ်တာတွေ ပြောကြတယ်ပေါ့ဗျာ။ ကိုညီလေးနဲ့ ကိုသန့်ကတော့ အဓိကနားထောင်ပြီး ကျွန်တော်နဲ့ ညှိနှိုင်းပြီး အကောင်းဆုံးဖြစ်အောင် လုပ်ကြတယ်။ တီးတဲ့ သီအိုရီအပိုင်းနဲ့ တခြားခံစားမှုတွေတော့ IC အဖွဲ့ကို မေးကြည့်ရင် အဆင်ပြေမယ် ထင်လိမ့်မယ်။ သူတို့လည်း ကျွန်တော့်အခွေမှာ စိတ်ဝင်တစား အာထက်သရော ပါဝင်တီးခတ်ခဲ့ကြတာပါ။ ။



အလင်္ကာ


ရိုးသားသော ဂီတဖန်တီးမှုနဲ့ လေးဖြူ (Perfect Magazine ( November 06 ) )

ရိုးသားသော ဂီတဖန်တီးမှုနဲ့ လေးဖြူ



ခဏတာ အချိန်လေးအတွင်းမှာ အောင်မြင်မှုတွေ ရနိုင်ပါတယ် ။ ခဏတာ အချိန်လေးအတွင်းမှာပဲ တန့်ရပ်ကာ ဆုံးရှုံးမှုတွေကို လက်ခံလိုက်ဖို့ ဖြစ်လာနိုင်တယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ရှင်သန်နေထိုင်ရာ ဘ၀ထဲမှာ အချိန်ကာလကို ပိုင်းခြားနားလည်တတ်ဖို့၊ အဲဒီအချိန်ကာလအတွင်းမှာ ကိုယ့်အတွက် အများအတွက် ၀န်းကျင်အတွက် အကျိုးရှိမယ့်အရာ၊ အကောင်းဘက်ကို ရှုမြင်တဲ့ အဖြစ် အဲဒါတွေကို အတ်တ မပါဘဲ ဖြတ်သန်းနိုင်ရင် အကောင်းဆုံးပါပဲ ။

အားလုံးမှာ '' ခဏလေး '' ဆိုတဲ့ အချိန်အပိုင်းအခြားတွေ အများကြီး ရှိနေဆဲ … ။



အဲဒီနေ့က သူ့ဧည့်ခန်းမှာ ဂီတတွေနဲ့ ပြည့်နေပါတယ် ။ လျှပ်စစ်အသံ သေတ္တာ ထဲက ဂီတသံ ၊ သူနဲ့ သူ့ဧည့်သည်တွေရဲ့ ဂီတအကြောင်း ဆွေးနွေးငြင်းခုံ စကားသံတွေနဲ့ပါ ။ ခဏလေးများ အယ်လ်ဘမ်သစ်ထွက်ထားတာ ရက်ပိုင်းပဲ ရှိသေးတဲ့ အချိန်လေးမှာ လေးဖြူနဲ့ ဆုံဖြစ်ခဲ့ပါတယ် ။ လေးဖြူရဲ့ ဖြတ်သန်းမှုမှာ အရေးပါတဲ့ ပထမခြေလှမ်း ပွဲဦးထွက်တေးဖြစ်တဲ့ ကန္တာရ လမင်း ရဲ့ အချိန်ကာလ အကြောင်းကို စကားစ ဖြစ်ခဲ့ပါတယ် ။



'' ပြောရရင်တော့ အဲဒီ ပထမအခွေလုပ်ဖြစ်တာက အောင်မင်းကြောင့်ပါပဲ ။ သူက မိုးကုတ်က ၊ သူငယ်ချင်းပေါ့ ။ မန္တလေးတက္ကသိုလ်မှာ သူက တစ်နှစ်လောက် ဂျူနီယာ ကျတယ် ။ သူက မိုးကုတ်မှာနေတယ် ။ ကျွန်တော်က မုံရွာမှာ အလုပ်လုပ်နေတဲ့အချိန် ၊ ပွဲရုံမှာ အလုပ်လုပ်နေတဲ့ အချိန်ပေါ့ ။ သူကလည်း အဲဒီမှာ စီးပွားရေး လာလုပ်တယ်။ အဲဒီမှာ သူငယ်ချင်းတွေ ပြန်ဆုံကြတော့ ညဘက်ဆို ဂစ်တာတီးကြ၊ သီချင်းဆိုဖြစ်ကြတာပေါ့။ သူက ကျောင်းတက်ကတည်းက အခွေထုတ်ချင်တာ။ ခုချိန်မှာ သူကလည်း လုပ်ငန်းလုပ်နေပြီဆိုတော့ ဒီအခွေကိစ္စ လုပ်မယ်ဆိုပြိး … ၊ သူ့ကိုလည်း ကေအေတီက တွန်းအားပေးပုံရပါတယ် ။ လုပ်ဖြစ်အောင် အားပေးတာပေါ့ ။ သူငယ်ချင်းတွေ အကုန်စုပြီး ၀ိုင်းဝန်းကြမယ် ၊ ဆိုကြ ၊ ရေးကြမယ်၊ ဘယ်လိုမျိုး အကောင်းဆုံးဖြစ်အောင် လုပ်ကြမလဲပေါ့။ သီချင်းလေးတွေကလည်း အဆင့်အတန်းရှိရှိ ဖြစ်ရမယ်ပေါ့ ၊ ဆိုတဲံ အပိုင်းမှာလဲ မလွဲအောင်ပေါ့။ ကျွန်တော် အရမ်းကြိုက်တဲ့ သီချင်းတွေ အပုဒ် ၂၀ လောက် ရွေးလိုက်တယ်။ အဲဒါကိုပဲ အာရုံစိုက်ပြိး detail လုပ်တာပေါ့ဗျာ ။ အခုခေတ် ဒီပလိုမာ တန်းတွေလို ၊ assignment တစ်ခုလို အဲဒါကို အချိန်ယူပြီး လုပ်ပါတယ် ။ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကနေ ခုချိန်ထိ ကျွန်တော် အကြိုက်ဆုံး သီချင်းတွေ၊ အဲဒါကို အမျိုးမျိုး save လုပ်တာပေါ့ ။ key အမြင့်နဲ့ ဆိုကြည့်လိုက် ၊ အနိမ့်နဲ့ ဆိုကြည့်လိုက် ။ ဘာတွေက ကိုယ့်အတွက်ကောင်းလဲ ၊ ဘာတွေက ကိုယ့်အတွက် အန္တရာယ် ရှိလဲပေါ့ "



သူငယ်ချင်းတွေ စုစည်းပြီး အနုပညာတစ်ခုကို ဖန်တီးခဲ့ကြချိန်ဟာ လေးဖြူအတွက် အလွန်စိတ်ပျော်ရွှင် ကျေနပ်ခဲ့ပုံရပါတယ်။ ၀ါသနာတူ သူငယ်ချင်းတွေ၊ နားလည်မှု ရှိပြီးသူတွေမို့ အလုပ်လုပ်ရတာ အဆင်ပြေခဲ့ပါလိမ့်မယ် ။



"ရွေးထားတဲ့ သီချင်းတွေရဲ့ တစ်ဝက်ကျော်ကျော်လောက်ကို သော်ဒီဝေနဲ့ ရေးဖို့ပါ။ ဒါပေမယ့် သူ ( သော်ဒီဝေ ) နဲ့ ပြောတော့ သူက သိပ်မလုပ်ပေးနိုင်ဘူး ၊ အဲဒီလောက်ထိ မလုပ်ပေးနိုင်ဘူး ပြောပါတယ် ။ ဒါနဲ့ ရသလောက်ပေါ့ ။ သူ့ဆီကလည်း ရသလောက်ယူ ၊ ကေအေတီလည်း ရေးပေါ့ ။ ကိုဝေ ( သော်ဒီဝေ)ကလည်း အဲဒီအချိန်က တခြားကိစ္စတွေ အရမ်းများနေတာဆိုတော့ ကေအေတီရေးတဲ့ သီချင်းတွေကတော့ များသွားတာပေါ့ ။ နိုင်းနိုင်၊ သော်ဒီဝေ ၊ ကေအေတီ ၊ အငဲ ရေးတဲ့ သီချင်းတွေ ပါတယ် "



ကန္တာရ လမင်းဟာ ပရိသတ်ရင်ထဲ ရောက်ခဲ့ပါတယ် ။ အဲဒီအချိန်က လူငယ်တွေရဲ့ လက်ခံအားပေးမှုကြောင့် လေးဖြူ ဆိုတဲ့ အဆိုတော် တစ်ယောက် အဆင်ပြေစွာ ဖြစ်တည်လာခဲ့ပါတယ် ။ အောင်မြင်မှုရဲ့ လမ်းကြောင်းပေါ် သူရောက်ရှိခဲ့တယ် ။ အဲဒီနောက် ပင်လယ်အော်သံ ။ music ကို ပျော်ပျော်ရွှင်ရွှင် ဖန်တီးခွင့်နဲ့ စတင်ခဲ့တဲ့ လေးဖြူရဲ့ အနုပညာ အောင်မြင်မှုဟာ လှေခါးတစ်ထစ်ကို ရောက်လာခဲ့ပါတော့တယ် ။ အဲဒီလို နာမည်ကျော်ကြားလိုမှုအတွက် ရည်ရွယ်ပြီး သူကြိုးစားခဲ့တာလား ၊ ဒီလို နေရာတစ်ခုမှာ ရပ်တည်နိုင်ဖို့ ဆုံးဖြတ်ခဲ့တာလား ။ အဲဒီမေးခွန်းကိုတော့ သူ ငြင်းပါတယ် ။



" ဒီလို နေရာ တစ်နေရာ ရလာဖို့ အ၇မ်းလုပ်မယ်ဟေ့ ဆိုတဲ့ ခံယူချက် ၊ ဆုံးဖြတ်ချက်နဲ့ ရည်ရွယ်ပြီး လုပ်ခဲ့တာ မဟုတ်ဘူးဗျ။ အဲဒီလိုကြီး ဖြစ်အောင်လုပ်မယ်လို့ ၊ ကိုယ့်ကိုယ်ကိုယ် တွန်းမလုပ်ခဲ့ဘူး ။ ကျွန်တော် သူငယ်ချင်းတွေနဲ့ music လုပ်ရတာ ပျော်လို့ လုပ်ခဲ့တာ ။ ဒီဟာကို အချိန်ပေးတယ် ၊ တခြားဟာတွေကို နောက်ဆုတ်ထားလိုက်တယ် ။ အသွေးအသားထဲကိုက ပျော်လို့ပါ ၊ ကုသိုလ်ကံကောင်းတာလည်း ပါပါတယ် ။ အခုခေတ်ကလေးတွေ၊ အဆိုတော် လုပ်မယ်ဆိုတဲ့ ကလေးတွေထက် ကျွန်တော်တို့က အခွင့်အလမ်း ပိုရပါတယ် ။ အဲဒီအချိန်က အဆိုတော်လည်း ဒီလောက်မများဘူး ၊ music က အခုချိန်ထက်ကို ပိုပြီး ထုတ်လုပ်တဲ့ ထုတ်လုပ်နည်း ရိုးစင်းတယ် ။ music business ရယ်လို့ မရှိဘူး။ ကျွန်တော်တို့ သိသလောက်က အဲဒီအချိန်က အဆိုတော် ခပ်များများက music ကို ကြိုက်လို့ music ကို စိတ်ဝင်စားလို့ ဒါကိုပဲ စိုက်လိုက်မတ်တတ် လုပ်လာလို့ ဖြစ်လာကြတာပါ ။ music အတွက်ပဲ အချိန်ပေးပြီး လုပ်ကြတာ "



ဂီတကို အသွေးအသားထဲက ပျော်မွေ့နှစ်လိုတဲ့ အတွက် လုပ်ဖြစ်ခဲ့တဲ့ လေးဖြူရဲ့ ဂီတ ဘ၀ ဖြတ်သန်းမှုဟာ အချိန်ကာလတစ်ခု တိုင်ခဲ့ပါပြီ။ ပရိသတ်အတွက် ၊ လေးဖြူအတွက် ၊ အားလုံးအတွက် အမှတ်ရစရာ အနုပညာတွေကိုလည်း ဖန်တီးပေးနိုငိခဲ့ပါပြီ ။ ကန္တာရ လမင်း ရဲ့ လေးဖြူနဲ့ ခဏလေးများ အယ်လ်ဘမ် ထွက်ပြီးခါစ လေးဖြူ ။ အနုပညာ လုပ်ငန်းအပေါ် အမြင် ၊ အတွေး ၊ ဘယ်လောက်ကွာခြားခဲ့ပြီလဲ ။ အချိန်အပိုင်းအခြား တစ်ခုမှာ လူတွေရဲ့ အမြင်ဟာ ပြောင်းလဲသွားတတ်တာဆိုတော့ ….. ။



"ပထမ အခွေထွက်ပြိးတော့ သိလာတယ်။ အမြင်နည်းနည်း ပြောင်းသွားတယ် ။ ကိုယ်မသိလိုက်ဘဲနဲ့ ပြောင်းသွားတာ ။ ကိုယ့်ကိုယ်ကိယ် သိလာတယ် ။ ငါ .. ငါ … ငါ ပေါ့ ။ ဒါမျိုးဆို ငါ မလုပ်ရဘူး ။ ဒါဆိုရင် ငါ လုပ်သင့်တယ် လို့ သိလာတယ် ။ အခုအချိန်မှာတေ့ အရင်က ဒါတွေဟာ ငါလုပ်စရာ မလိုဘူး။ အဖေလုပ်လိမ့်မယ်။ အစ်ကို လုပ်လိမ့်မယ်။ အမေ လုပ်လိမ့်မယ်ပေါ့။ အခုတော့လည်း ဒါက ငါလုပ်ရမှာပါလား ၊ အရင်က မလုပ်ခဲ့တာတွေ၊ ဒါတွေ ငါလုပ်သင့်တယ်၊ အဲလိုမြင်လာတယ်။ အဆင့်တစ်ဆင့်ရောက်ရင် အမြင်တစ်မျိုးပြောင်းသွားသလိုပေါ့။ တက်တာပဲဖြစ်ဖြစ် ၊ ဆင်းတာပဲ ဖြစ်ဖြစ် ကိုယ်ရောက်နေတဲ့ အဆင့်မှာ ကိုယ့်ဘာလုပ်နိုင်သလဲ၊ သူ့အနေအထားနဲ့သူ အကောင်းဆုံး ဖြစ်အောင် လုပ်ရမှာပါပဲ။ ရွေးချယ်ခွင့်ရှိနေသေးတာ၊ ရွေးခွင့်မရှိတာတော့ ရှိတာပေါ့ဗျာ။ သူ့အနေအထားနဲ့သူ အကောင်းဆုံးဖြစ်အောင် လုပ်ရမှာပဲ။ ပစ္စုပန်ကို တည့်တည့်ရှုနိုင်ရင် ကောင်းပါတယ်။ "



ပရိသတ်ရဲ့ နှစ်သက်လက်ခံမှုကို အပြည့်အ၀ရရှိထားတဲ့ လေးဖြူရဲ့ အနုပညာ လမ်းကြောင်းမှာ အောင်မြင်မှုအတွက် ကြိုစားခဲ့ရမှာပါ။ အောင်မြင်မှုရဖို့အတွက် ကြိုးစားမှုဟာ ရာခိုင်နှုန်းဘယ်လောက်ထိ အရေးပါနေမလဲ။ လေးဖြူရဲ့ အမြင်ကတော့ ရိုးရှင်းပါတယ်။



"ပရိသတ်လက်ခံတာကတော့ အခွေထွက်ချိန်မှာ ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့ အခြေအနေ၊ ပရိသတ်ရဲ့ လက်ရှိအနေအထား၊ စိတ်အခြေအနေနဲ့ တိုက်ဆိုင်ပါတယ်။ အခွေဖြစ်အောင် လုပ်နေချိန်မှာတော့ ကိုယ့်အပေါ်မှာပဲ မူတည်ပါတယ်။ ကိုယ့်ရဲ့ကြိုးစားမှုပေါ်မှာ ၁၀၀% မူတည်တယ်။ လျှော့လို့မရဘူး။ ပြန်လုပ်လို့လည်း မရတော့ဘူး။ စာမေးပွဲ တစ်ခုလိုပါပဲ။ အမှတ်ခြစ်တာ၊ စာမေးပွဲအောင်တာ၊ ကျတာ၊ ဂုဏ်ထူးရတာတွေက တစ်ပိုင်းပေါ့။ ခင်ဗျားရဲ့ ကြိုးစားမှုပေါ်ပဲ မူတည်တယ်။ အခြား ကူညီပံ့ပိုးသူတွေကတော့ ရှိတာပါပဲ။ မောင်ဖြူနဲ့ မလုပ်ဘဲ မောင်မဲနဲ့လုပ်တာ၊ ဒါမျိုးကတော့ ကိုယ့်ရဲ့ ဥာဏ်ပေါ်မှာ မူတည်ပါတယ်။ ဘယ်လိုနယ်ပယ်မျိုးမဆို ၀င်မယ်ဆိုရင် ဆောင်ရန်၊ ရှောင်ရန်ရှိပါတယ်ဗျာ၊ အဲဒါကတော့ ကိုယ့်ဥာဏ်လေးနဲ့ စဉ်းစားပြီး လိမ္မာပါးနပ်စွာနဲ့ သွားရမှာပေါ့်"



အနုပညာသမား တစ်ယောက်ရဲ့ ဖြစ်တည်မှုမှာ ကြိုးစားမှုကတော့ ၁၀၀% လိုအပ်တယ်လို့ သူက အသေအချာ ယုံကြည်ထားပုံပါပဲ။ အနုပညာနယ်မှာ နေရာတစ်နေရာရဖို့၊ ပရိသတ်လက်ခံဖို့၊ အနုပညာကို ဖန်တီးသူတွေ အများကြီး ရှိပါတယ်။ အချို့ကတော့ အဆင်ပြေစွာ၊ အချို့လည်း အခွင့်အရေးရဖို့ ကြိုးစားရင်း ပရိသတ်မသိလိုက်တဲ့ အနုပညာသမားတွေ အတွက် နောက်ထပ် အခွင့်အရေး ရှိနိုင်ပါသေးလား၊ သူ့ရဲ့ အနုပညာတန်ဖိုးကရော … ။



"သိပ်ရှိတာပေါ့။ ကျွန်တော်တို့၊ ခင်ဗျားတို့ ပန်းချီဆရာကြီး ဦးငွေကိုင်ရဲ့ ပန်းချီကားကို အရှင်လတ်လတ်ကြီး ဘယ်နှစ်ကား တွေ့ဖူးသလဲ၊ ခံစားဖူးသလဲ၊ လက်ချိုးရေလို့ရတယ်နော်။ ဒါပေမဲ့ ဆရာကြိး ဦးငွေကိုင်ဆိုတဲ့ artistက တကယ်ရှိတယ်။ ခင်ဗျားမှာ ရှိတဲ့ ပိုက်ဆံနဲ့ ပန်းချီကား တစ်ချပ် မ၀ယ်နိုင်ဘူး။ ခင်ဗျား မ၀ယ်နိုင်လို့ ၊ အမြဲ မတွေ့ရလို့ ဦးငွေကိုင်ဆိုတာ မရှိခဲ့ပါဘူးလို့ ငြင်းလို့မရဘူး။ သူတကယ်ရှိခဲ့တယ်၊ တကယ်ဆွဲခဲ့တယ်၊ တကယ်ကောင်းနေတာပဲ၊ တကယ်လည်း တန်ဖိုးရှိနေတာပဲလေ။ သူ့ပန်းချီကားတွေကို အမြတ်တနိုးဝယ်ပြီး တစိမ့်စိမ့်ကြည့်၊ အရသာခံနိုင်သူတွေ ရှိမှာပေါ့။ ကျွန်တော်တို့၊ ခင်ဗျားတို့ မ၀ယ်နိုင်၊ မကြည့်နိုင်ဘူး။ ဆရာပေါ်ဦးသက် ပန်းချီကားတွေကို ကျွန်တော်တို့ မ၀ယ်နိုင်ဘူး။ ပေါ်ဦးသက် မဖြစ်တည်ခဲ့ဘူး၊ မန္တလေးမှာ သူမရှိခဲ့ဘူးလို့ ပြောလို့မရဘူး။

လူတစ်ယောက် အခွေလုပ်တယ်၊ မအောင်မြင်ခဲ့ဘူး။ မအောင်မြင်ခဲ့သူတစ်ယောက်ရဲ့ သီချင်းတွေဟာလည်း လက်ရှိအောင်မြင်တဲ့ သီချင်းတွေရဲ့ တန်ဖို့နဲ့ equal ပဲ ။ လူတွေအတွက် အသုံးတည့်တယ်၊ မတည့်ဘူးက တစ်ပိုင်းပေါ့။ လူတွေကြားမှာ ပျံ့နှံ့တာ၊ အောင်မြင်တာက တစ်ကဏ္ဍ၊ ဒီသီချင်းကို လူတွေခဏခဏနားထောင်တယ်၊ ကြိုက်ကြတယ်၊ နှလုံးသည်းခြေကြိုက်ဖြစ်ပြီး လူတွေကြားပျံ့တာက ကဏ္ဍတစ်ခုပါ ။ စီးပွားရေးအရ အောင်မြင်တာ ၊အချိန်ရှိတာက တစ်ကဏ္ဍ။ သီချင်းတစ်ပုဒ် ခင်ဗျားလုပ်တယ် ဆိုရင် creation something အဲဒါ အတူတူပဲ။ တန်ဖိုးအတူတူပဲ။

တစ်ချို့က မအောင်မြင်လို့ စိတ်ဓါတ်ကျတာ ရှိတယ်။ အဲဒါက သူလုပ်ခဲ့တဲ့ သီချင်းတွေရဲ့ တန်ဖို့နဲ့ ဘာမှ မဆိုင်ဘူး ဆင့်ပွားဖြစ်တာ။ သူကြိုးစားတယ်၊ မအောင်မြင်ဘူး။ ပရိသတ်က သူထင်ထား မျှော်လင့်ထားသလို နွေးနွေးထွေးထွေး မကြိုဆိုဘူး။ အဲဒီမှာ ပရိသတ်ကို မေတ္တာပျက်ပြီး တစ်နည်းနည်းနဲ့ တုံ့ပြန်တာ၊ လုပ်ချင်တာ လုပ်ပစ်တယ်။ အဲဒါက တစ်ပိုင်း။ ဒါတွေက ကိုယ့်ဘ၀လမ်းကြောင်းနဲ့ ကိုယ်ပဲ။ အဲဒါမျိုးက အနုပညာတန်ဖိုးနဲ့ မဆိုင်ပါဘူး "



လေးဖြူရဲ့ အနုပညာကြိုးစား အားထုတ်မှု၊ အနုပညာအပေါ် တန်ဖိုးထား ရှုမြင်ပုံ၊ အောင်မြင်မှုအပေါ် သဘောထားကို ခပ်ပါးပါးလေးတော့ ခံစားလိုက်ရပါတယ်။ နာမည်ကြီး ကျော်ကြားတာနဲ့ အောင်မြင်မှုရတာ အဲဒီနှစ်မျိုးအပေါ် လေးဖြူရဲ့ အမြင်ကိုလည်း မေးဖြစ်ပါတယ် ။



"နာမည်ကြီးတယ် ကျော်ကြားတယ် လူသိများတယ်ဆိုတာကတော့ famous ဖြစ်တာပေါ့။ အဲဒါက တစ်ခုပေါ့။ အောင်မြင်တယ်ဆိုတာက အနက်အဓိပ္ပါယ် အမျိုးမျိုး ဖွင့်လို့ ရပါတယ်။ ခင်ဗျားက ငွေရေးကြေးရေး အတွက် ခင်ဗျားဘ၀ကို လေးငါးနှစ် အချိန်ပေးပြီး ငွေနောက်ကို ချီတက်ရင် ငွေရလာရင် ခင်ဗျားအောင်မြင်တာပဲ။ အောင်မြင်မှုကို ခင်ဗျား ဘာနဲ့တိုင်းသလဲ။ ကိုယ်လုပ်တဲ့ အနုပညာပစ္စည်း အရည်အသွေးပေါ်မှာ achieve ဖြစ်သလား။ တစ်ခုခုရအောင် ချီတက်ကြိုးစားတာ။ အနုပညာ အလုပ်ကတော့ အနုပညာအရည်အသွေး ပေတံနဲ့တိုင်းရင်တော့ အနုပညာအရ အောင်မြင်တာပေါ့။ ခင်ဗျားရဲ့ အောင်မြင်မှုဟာ ဘာလဲ၊ ငွေကြေးက ခင်ဗျားပန်းတိုင်ဆိုရင် ငွေက ခင်ဗျားရဲ့ success ပေါ့။ ဒါမှမဟုတ် ဘယ်အတိုင်းအတာလောက်အထိ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို contribute လုပ်နိုင်လဲ၊ ကိုယ်တိုင် ပေတံနဲ့ တိုင်းရင်တော့ အဲဒါတကယ် ရရှိခဲ့ရင် ဒါ ခင်ဗျားရဲ့ တကယ့်အောင်မြင်မှုပါပဲ။ အောင်မြင်မှုဆိုတာ တစ်ကိုယ်ချင်းစီရဲ့ ရည်ရွယ်ချက်ပေါ်မှာ မူတည်ပါတယ်။ ကျော်ကြားတယ် fame ဖြစ်တယ် ဆိုတာက အခုလောလောဆယ် idol ဖြစ်နေတာမျိုး အခုဆိုရင် Rain ပေါ့။ လောလောဆယ် လူတွေ သဲသဲလှုပ် ချစ်နေတာ၊ baby doll လိုမျိုး idol လေးဖြစ်နေတာ၊ အဲဒါ fame ပဲ။ အနုပညာ ကောင်းတာ၊ မကောင်းတာနဲ့ မဆိုင်ဘူး။ ကျွန်တော်မြင်တာကတော့ အဲဒီလိုပါပဲ "



ကျော်ကြားမှုနဲ့ အောင်မြင်မှုကို သူက အဲဒီလိုမြင်ထားပါတယ် ။ အနုပညာနယ်မှာ အောင်မြင်မှုရဖို့အတွက် လိုအပ်တဲ့ အခြေအနေတွေကိုလည်း သူက အခုလို ပြောပြပါတယ်။



"အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ဖို့ လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်ဖို့ဆိုတာက လူတစ်ယောက်နဲ့ တစ်ယောက်တူမှာ မဟုတ်ဘူးဗျ။ ကျွန်တော့်အမြင်ကတော့ လူတစ်ကိုယ်ချင်းစီအပေါ်မှာ မူတည်တာပါပဲ။ ကံ ကံ၏အကျိုးဆိုတဲ့ ဗုဒ္ဒတရားတော်နဲ့ ကိုက်ညီပါတယ်။ သူနေထိုင်တဲ့ ကာလထဲမှာ သူရဲ့ အမြင်၊ သူ့ရဲ့ ဥာဏ်ရည်ဥာဏ်သွေး၊ လုံ့လ၀ီရိယ၊ ကြိုးစားအားထုတ်မှု၊ ကံ၊ ဥာဏ်၊ ၀ီရိယနဲ့ ယှဉ်ပြီးမှ အလုပ်ပေါ်မှာ မူတည်ပြီး အောင်မြင်နိုင်မယ် ထင်ပါတယ်။ ကုသိုလ်ကံဆိုတဲ့ အထဲမှာ အတက် အကျ၊ အခွင့်အလမ်း၊ သူ့ရဲ့ ဥာဏ်စဉ်အဆင့်၊ သူရဲ့ intelligent ဖြစ်မှု၊ သူ့ရဲ့ မိုက်မဲမှု၊ အဲဒါက သူလုပ်တဲ့ အလုပ်ပေါ်မှာ စွန်းထင်းမှာပဲလေ။ ပြီးတော့ သူ့ရဲ့ ၀ီရိယ၊ အလုပ်လုပ်တယ်၊ အလုပ်ကို သူများထက်စောပြီး ရောက်တယ်၊ အလုပ်ကို လေးစားတယ်။ လူတွေကို လေးစားတယ်။ ဘ၀မှာ ဘာကို တန်ဖိုးထားရမလဲ ဆိုတာ သူသိတယ်။ လူတစ်ယောက်ရဲ့ ကံ ဥာဏ် ၀ီရိယ ပေါ် မူတည်ပြီး မှ အောင်မြင်မှု ဆိုတာ ဖြစ်နိုင်မှာပါ"



အနုပညာကို ဖန်တီးလုပ်ဆောင်ရာမှာ ရူးသွပ်မှု ဆိုတာလည်း ရှိကြတယ်။ ရုးသွ့ပ်မှုကြောင့် အောင်မြင်ခြင်းကို ရောက်နိုင်ပါသလား။



"တအားကြီး မျက်စိမှိတ် ရူးသွပ်လို့လည်း အောင်မြင်မှု မရနိုင်ဘူး။ မဖြစ်နိုင်ပါဘူး။ အခုပြောတဲ့ ကံ၊ ဥာဏ်၊ ၀ီရိယ အဲဒီသုံးမျိုးတော့ ပါမှရမယ်။ မလွဲမသွေ ပါရမယ်ဗျာ။ လူတစ်ယောက်ချင်းရဲ့ ကုသိုလ်ကံနဲ့လည်း ဆိုင်သေးတယ်။ ခင်ဗျား တစ်ကျပ်ဖိုး လောက်ပဲ လုပ်ပေမယ့် fame နှစ်ကျပ်ဖိုးလောက် ပြန်ရသွားတာမျိုးကျတော့ ဘ၀ဟာ အပေးနဲ့ အယူ၊ သူ့အတိတ်ကံ၊ ပစ္စုပန်ကံ၊ အနာဂတ်ကံကြောင့် ရတာလေ။ သူက တစ်ရာဖိုးလုပ်ထားပေမယ့် တစ်ကျပ်ဖိုးလောက်ပဲ ပြန်ရတာမျိုးရှိမယ်။ လောလောဆယ်မှာ ကြိုးစားပေမယ့် အဆင်မပြေသေးသူတွေ ရှိတယ်။ ဒါလည်း အားငယ်စရာတော့ မရှိဘူးလေ။ အခွင့်ထိုက်တန်ရင် ရလာမှာပဲ။ ရဖို့ရှိရင်ပေါ့ "



လေးဖြူရဲ့ ဂီတဘ၀ဖြတ်သန်းမှုထဲက ပုံရိပ်တစ်ချို့ကို ရခဲ့တယ်လို့တော့ ယူဆပါတယ်။ ဂီတသစ်ရေစီးမှာ နေရာတစ်နေရာရှိဆဲ၊ ပရိသတ်ရဲ့ ချစ်မက်အားပေးမှုကို ရရှိဆဲဖြစ်တဲ့ လေးဖြူရဲ့ အောင်မြင်မှုအပေါ် သဘောထားကတော့ ရိုးသားနေပါတယ်။ ခဏလေးဆိုတဲ့ အချိန်အပိုင်းအခြား တစ်ခုမှာ သူ့ရဲ့ အနုပညာဖန်တီးမှုကလည်း ရိုးသားစွာ …….. ။ ။



ကေစီအယ်လ်

Credit to ma eain thway ne(padonma)

ကိုလေး interview(people magazine, november issue)

PEOPLE Magazine, November issue



Men Special လရဲ့ ဂုဏ်ယူစွာ တင်ဆက်ခံခဲ့ရသူကတော့ လေးဖြူနဲ့ မျိုးကြီးပါ။ ဒါဟာ စစ်တမ်းတွေအရ ဖန်တီးမှုလည်း ဖြစ်ပါတယ် ။ လူငယ်တွေရဲ့ ဂီတသူရဲကောင်းတစ်ယောက်ကို ကျွန်မတို့ မျက်နှာဖုံးတင်ခဲ့ပါတယ် ။ လေးဖြူဟာ ဂီတသမားတစ်ယောက် အဆိုတော်တစ်ယောက် ဘ၀ကို ရိုးရှင်းစွာ နေထိုင်တတ်သူ။ ပရိသတ်ရဲ့ ရင်ထဲကို ကန္တာရလမင်းတစ်စင်းနဲ့ အင်အားဖြိုခွင်းဝင်ရောက်လာသူ။ ခုတော့ သူက ခိုင်ခံ့တည်မြဲသော အင်အားမုခ်ဦးတစ်ခု ။ သူ့အကြောင်း သူကိုယ်တိုင်အပြင် အခြားသောသူတွေ ဘယ်လိုပြောလဲဆိုတာ .. ။ ပြီးတော့ မျိုးကြီး ။ သူကလည်း လူငယ်တွေရဲ့ ရင်ထဲက Role Model တစ်ယောက်။ ကျောက်စာများနဲ့ ကဗည်းတင်ခဲ့သူ။ သူကရော ဘာတွေပြောလဲ .. ။ လေးဖြူနဲ့မျိုးကြီးကို ဓါတ်ပုံရိုက်ပေးခဲ့သူကတော့ ၀ဏခွာနီးပါ။ သူကိုယ်တိုင်ကြိုက်တဲ့ ဂီတသူရဲကောင်းနှစ်ယောက်ကို အချိန်တွေ အများကြီးပေးပြီး ရိုက်ကူးပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရပါတယ် ။



လေးဖြူ



မေး - ဂီတလောကသားတွေကြားမှာ လေးဖြူဟာ စံထားရမယ့် ပုဂိုလ်ဖြစ်နေတာကို ဘယ်လိုခံစားရပါသလဲ ။

ဖြေ - ကျွန်တော်ကိုယ့်ကိုယ်ကိုကတော့ အဲလို ပုဂိုလ် မဖြစ်နိုင်သေးဘူးလို့ မြင်ပါတယ်။ လူတိုင်းလိုပါပဲ ။ ကျွန်တော့်မှာ

အပြစ်အနာအဆာ အများကြီးနဲ့ နေ့တိုင်းနေရပါတယ် ။



မေး - ပရိသတ်တစ်ယောက်က ကိုလေးဖြူဟာ သူ့အတွက် ဂီတသူရဲကောင်းပါလို့ ပြောတယ် ။ ကိုလေးဖြူရော ကိုယ့်ကိုယ်ကို ဘယ်လိုထင်လဲ ။

ဖြေ - ကျွန်တော့မှာလဲ သူရဲကောင်းတွေ အများကြီးပါလို့ ပြောချင်ပါတယ် ။ Welcome to the party ပေါ့ ။



မေး - ခဏလေးများ ထဲမှာ ပါတဲ့ သီချင်းတွေဟာ ဘ၀အပေါ် သိမြင်လာမှု နဲ့ ငြီးငွေ့မှုတို့ ပါဝင်နေတယ်ဆိုရင် လက်ခံပါသလား ။

ဖြေ - အဲဒါကတော့ ခံစားကြရသလိုပါပဲ ။ ကျွန်တော့်အခွေထဲမှာတော့ ဒီအခွေဟာ အရမ်း Fresh ဖြစ်တယ် ( အခုမှ ထွက်လို့လားတော့ မသိဘူးနော်) စာသားတွေရဲ့ အလေးအပေါ့ဆိုရင်တော့ ကျွန်တော်လဲ ကြီးပြီလေဗျာ ။



မေး - အသက်အရွယ် အပိုင်းအခြားအလိုက် အကြိုက်တွေ ကွာတတ်တယ်မို့လား ။ ခဏလေးများ ထဲက သီချင်းတွေက ကိုလေးဖြူရဲ့ လက်ရှိအသက်အရွယ် အကြိုက်တွေလို့ ပြောလို့ရလား ။

ဖြေ - ကွာသွားတတ်တာ ဟုတ်မှာပါ ။ ကျွန်တော့ အရွယ်တွေ ကြိုက်မကြိုက်တော့ ကျွန်တော်မစဉ်းစားပါဘူး ။ ကျွန်တော်တို့ ကြိုက်တာကိုပဲ လုပ်ထားကြတာပါ ။



မေး - တေးသီချင်းတွေဆိုတဲ့ အနုပညာဟာ တော်တော်အံ့သြဖို့ကောင်းပါတယ် ။ လူတွေကို သီချင်းတွေနဲ့ တစ်ခုခု ပြောပြနေတာမျိုးပေါ့။ ၀မ်းနည်းမှတ်တမ်း သီချင်းမျိုးကို နားထောင်သူပါ ၀မ်းနည်းလာအောင် စိတ်ခံစားမှုတွေ ဘယ်လိုဝင်စားသွင်းယူပါသလဲ ။

ဖြေ - ကျွန်တော်တို့အတွက် အဲဒီ့အပုဒ်က အထူးတလည်ဝင်စားသွားစရာမလိုပါဘူး။ အားလုံးလည်း ခံစားနေရတဲ့အတိုင်းပဲလေ။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ ကြွေနေတဲ့ကြတဲ့ ကြယ်တွေ နည်းမှ မနည်းတော့တာ ။



မေး - ကိုလေးဖြူရဲ့ စိတ်ထဲကဖြစ်ချင်တဲ့ ကမ်ဘာတစ်ခုကို ပုံဖော်ပြနိုင်မလား ။

ဖြေ - ဟော့ဒီ လက်ရှိကမ်ဘာကိုပဲ ချစ်ပါတယ် ။ အမျိုးမျိုးရောဂါရနေတာတော့ ဟုတ်ပါတယ် ။ ဒါပေမယ့် နေ၀ံ့တာနဲ့ နေနိုင်တာလဲ သတ်တိမဟုတ်ဘူးလား ။ ပိုတောင် brave ဖြစ်သေးတယ် ။



မေး - ကိုလေးဖြူရဲ့ ဘ၀ဒသနကရော ။

ဖြေ - ကျွန်တော်တို့ရဲ့ ဗုဒရဲ့ဒသနက အတုမရှိပဲ မဟုတ်လား ။



မေး - ဘယ်လိုစိတ်ဓါတ်မျိုးကို ကိုလေးဖြူက ကြိုက်တတ်ပါသလဲ။

ဖြေ - သဘာဝကျပြီး လူသားဆန်တဲ့ စိတ်ဓါတ်မျိုးကို ပိုလေးစားနှစ်လိုပါတယ် ။





ဘာမှ မတတ်သေးဘူး ဆိုတဲ့ မျိုးကြီး



မေး - လက်ရှိ မျိုးကြီးရဲ့ လှုပ်ရှားမှုက ဘာတွေလဲ။

ဖြေ - ကျွန်တော် အခုထွက်မယ့် owntune ခွေသစ်ကို လက်စသတ်နေတယ် ။ ပြီးရင် ထွက်ဖြစ်မယ် ။



မေး - စီးရီး တစ်ခုနဲ့ တစ်ခု ကြာလွန်းတာ ဘာကြောင့်လဲ ။

ဖြေ - ပျင်းနေလို့ အချိန်ဆွဲနေတာနဲ့ပဲ ကြာကုန်ရော ။ ခုတော့ ပြန်လုပ်နေတယ် ။



မေး - ဘယ်အချိန်လောက် ထွက်မယ်မှန်းလဲ ။

ဖြေ - နိုဝင်ဘာ ပထမပတ်လောက် ထွက်မယ်ထင်တယ်။



မေး -ဒီအခွေမှာ ပရိသတ်အတွက် ခံစားမှု အသစ် ပေးထားသေးလား ။

ဖြေ - နားထောင်နေကျ ပရိသတ်တော့ အရသာနည်းနည်းပြောင်းလိမ့်မယ်။ အရသာအသစ်တစ်မျိုးရမှာပါ ။



မေး - ကိုယ်တိုင်ရေးအပြင် ကိုလေးဖြူကြီးရေးပေးတဲ့ သီချင်းတွေ ပါသေးလား ။

ဖြေ - မပါပါဘူး ။ ဒီတစ်ခါ အရင်ရေးနေကျဆိုလို့ ကိုဇော်လတ်တစ်ယောက်ပဲပါတယ် ။ ကျန်တာ အသစ်တွေချည်းပဲ ။ လင်းလင်း ၊ ရက်ဂီ၊ ဖိုးကာ၊ ရှန်းပီတို့ပေါ့။



မေး -သွင်းပြီးသမျှ သီချင်းတွေ ပြန်နားထောင်တော့ ဘယ်လိုနေလဲ ။

ဖြေ - ပြီးသလောက် နားထောင်တာတော့ ကျေနပ်ပါတယ် ။



မေး - ဒီအခွေထဲက သီချင်းအမျိုးအစားတွေက ဘယ်ဂီတကို ပိုအားသန်လဲ။

ဖြေ - ဒီအခွေက ကိုယ့်ကိုကိုယ်အမြင်နဲ့ပြောရင် ပုံစံအမျိုးစုံတယ်လို့ ပြောရမယ်။ ဘာအခွေမှန်း ကိုယ့်ဟာကိုယ် ခေါင်းစဉ်တပ်ဖို့ ခက်နေတာ။ လုပ်လိုက်တာ အရမ်းစုံသွားတာကိုး။ ပရိသတ်ကြီးပဲ ခေါင်းစဉ်တပ်ပေးကြပါဦး။



မေး - စီးရီးထွက်ပြီး နောက်ပိုင်း အစီအစဉ်တွေရှိသေးလား။

ဖြေ - VCD ရိုက်ဖို့ရှိတယ် ။ လောလောဆယ် အခွေထွက်ဖို့ပဲ လုံးပန်းနေရလို့ပါ။



မေး - ပေါက်မယ် လို့ မျှော်လင့်ထားတဲ့ သီချင်းရောရှိလား ။

ဖြေ - အပုဒ်တိုင်းတော့ အကောင်းဆုံး ဆိုထားတာပဲ ။ တတ်နိုင်သမျှ အကောင်းဆုံးကြိုးစားထားတာပဲ ။



မေး - ကြော်ငြာမယ့် သီချင်းကို ရွေးပြီးပြီလား ။

ဖြေ - ဒါက ကိုယ့်အပိုင်း မဟုတ်တော့ မစဉ်းစားရသေးဘူး ။ ပရိုဂျူဆာ သဘောပါ။



မေး - စီးရီးရဲ့ ခေါင်းစဉ်က ။

ဖြေ - နိစဓူဝလို့ ယာယီနာမည်ပေးထားတယ် ။ သိပ်တော့ မသေချာသေးဘူး ။



မေး - မျိုးကြီးရဲ့ စံပြပုဂိုလ်ဟာ ဘယ်သူလဲ ။

ဖြေ - ကိုလေးဖြူလို့ပဲ ပြောရလိမ့်မယ် ။ ဒီဂီတလမ်းကြောင်းထဲကို ပထမဆုံးအနေနဲ့ ဆွဲခေါ်ယူလာပေးတဲ့ လူလည်းဖြစ်တယ်။ အဆိုတော်ဖြစ်ဖို့ ၀ိုင်းဝန်းပံ့ပိုးခဲ့သူလည်း ဖြစ်တယ် ။ ခုလည်း ကျွန်တော့်အခွေမှာ သီချင်းဆိုတာက အစ ကူညီတယ် ။ စထွက်တဲ့စီးရီးကနေ အခုနောက်ဆုံးအခွေအထိ ကျွန်တော့်အပေါ် မကူညီတာ မပံ့ပိုးတာ လုံးဝမရှိခဲ့ပါဘူး။



မေး - ဒီလောကထဲမှာ ကိုလေးဖြူအပြင် တခြားလွှမ်းမိုးခြင်းခံရတဲ့ ပုဂိုလ်တွေရှိသေးလား ။

ဖြေ - လွှမ်းမိုးတာတော့ မခံရပါဘူး ။ အားလုံးကို ကျွန်တော်ကြိုက်လို့ အကုန်လုံးကို လေးစားတယ်။ ပ



မေး - ပရိသတ်တွေက မျိုးကြီးရဲ့ဆရာက လေးဖြူလို့ပြောကြရင် … ။

ဖြေ - ဟုတ်ပါတယ် ။ ကိုလေးဖြူက ကျွန်တော့ ဆရာပါ ။ ညီအစ်ကိုသူငယ်ချင်းဆရာတပည့် ပါ။ မနက်မိုးလင်းကနေ ညနေအထိတွေ့တာ အိပ်ချိန်ပဲ ကွဲကြတယ် ။ လုပ်စရာရှိရင် လက်ဖက်ရည်ဆိုင် အတူတူထိုင်ကြ၊ လုပ်စရာမရှိရင် စကားပြောကြနဲ့ အစစအရာရာ တိုင်ပင်ပြီးမှလုပ်ကြတယ် ။



မေး - အရင်မျိးကြီး၊ အခုမျိုးကြီးနဲ့ အနာဂတ်မျိုးကြီးရဲ့ ကွာဟတိုးတတ်မှုက ဘယ်လိုလဲ ။

ဖြေ - လောလောဆယ်ဆံပင်တော့ တိုသွားတယ် ။ (( ဟား ဟား နောက်တာပါ )) ကိုယ့်ကိုယ်ကို အားမရသေးဘူး ။ သေသေချာချာ လေ့လာတာများလေ ကိုယ့်ဟာကိုယ် တော်တော် မတတ်သေးဘူးဆိုတာ သိလာလေပဲ ။ ခုထက်ထိ ငါဟာ ဘာမှ မတတ်သေးပါလားလို့ ထင်မိတယ် ။



မေး - မျိုးကြီးရဲ့ ပရိသတ်ဟာ မိန်းကလေး ပရိသတ်များလား ယောကျာင်္းလေး ပရိသတ်များလား ။

ဖြေ - ကျွန်တော်ကတော့ ကိုယ်ကြိုက်တဲ့ သီချင်းတွေဆိုလိုက်တာပဲ ။ မိန်းကလေးပရိသတ် ယောကျာင်္းလေး ပရိသတ် မခွဲပါဘူး ။ ဒါပေမယ့် ကျွန်တော့်ကို အားပေးတာ ဆယ်ယောက်မှာ ရှစ်ယောက်က ယောကျာင်္းလေးမို့ ယောကျာင်္းလေးပရိသတ်များတယ် လို့ ပြောရလိမ့်မယ် ။



မေး - မျိုးကြီးက ပရိသတ်ကို ပြောတဲ့စကား။

ဖြေ - ပရိသတ်ကို အမြဲတမ်း ကျေးဇူးတင်နေရပါတယ် ။ ဒီနေ့ထ ဒီနေရာမှာ ရပ်တည်လို့ရတာ၊ သီချင်းဆိုလို့ရတာ ပရိသတ်ကြောင့်ပါ ။



မောင်မောင်ဇော်လတ်စကားထဲက လေးဖြူနဲ့မျိုးကြီး



The Ants အဖွဲ့ရဲ့ ပဲ့ကို်င်ရှင် မောင်မောင်ဇော်လတ်ဆိုတာ ၁၉၇၃ ဇန်န၀ါရီလ ၃၀ ရက်နေ့မှ ဖြစ်တည်ခဲ့တဲ့ လူသားတစ်ယောက် ။ စာပေသွေးပါတဲ့ မြန်မာစာကျောင်းဆရာ အဖေ ဦးစိုးမောင် ( ကလောင်နာမည် အင်းလေးမောင်တင်မြိုင် ) နဲ့ ဒေါ်သန်းနွဲ့တို့ရဲ့ တစ်ဦးတည်းသော သားအဖြစ် ကြီးပြင်းလာတဲ့လူတစ်ယောက် ။ သည်လူသားက သီချင်းတွေကို မြိုထားတဲ့ လူမို့ တစ်ခါတစ်လေ ကိုယ်တိုင်သီချင်းတွေကို ဟစ်ကြွေးတတ်သူ ၊ တစ်ခါတစ်ရံ သူများအတွက် သီချင်းတွေကို ဖွင့်အန်ပေးတဲ့သူ၊ သူလို လူစားမျိးမှာ အပေါင်းအသင်းမိတ်ဆွေက ထုနဲ့ထည်မို့ သူ့အကြောင်းသိတဲ့ လူတွေက သူ့အကြောင်းပြောတာ ကြားဖူးပါတယ် ။ ဒါပေမယ့် ဒီတစ်ခါတော့ သူက သူအပြောချင်ဆုံး မြန်မာပြည်ရဲ့ ကြယ်ပွင့် ယောကျာင်္းသားနှစ်ယောက်အကြောင်း တစ်စွန်းတစ်စပြောသွားခဲ့တယ် ။ သူပြောပြတဲ့ ပထမဦးဆုံးလူသားက လေးဖြူ .. လေးဖြူ .. လေးဖြူ .. ဆိုပဲ ။



ကိုလေးဖြူနဲ့ ကျွန်တော်နဲက တူဝရီးတော်ပါတယ် ။ ကိုလေးဖြူက ကျွန်တော့်ကို ငယ်ငယ်လေးကတည်းက ဂစ်တာတီးသင်ပေးခဲ့တယ် ။ သူက တကယ့် Rocker ကြီးပေါ့ ။ သူက နေပုံထိုင်ပုံကအစ စကားပြောတာအဆုံး ပွင့်ပွင့်လင်းလင်း ဘွင်းဘွင်းရှင်းရှင်းသမား။ ဟန်ဆောင်မှုမရှိဘူး ။ စိတ်လည်း တအားတိုတတ်တယ်။ တကယ်တော့ စိတ်ထက်တာပါ ။ သူမှန်တယ်ထင်ရင် မှန်တာကိုပဲ လုပ်တတ်တဲ့လူစားမျိုးလေ။ ကျွန်တော်တို့က သူအဲဒီလိုနေတာကို သဘောကျတယ်။ စိတ်ထဲရှိတဲ့ အတိုင်းအပြင်မှာ နေတာ ၊ ဘာမှ ချုပ်တည်းမှု မရှိဘဲ နေနိုင်တာမျိုးက အရမ်း အရသာရှိတာမို့ သူ့ကို ကျွန်တော်အရမ်းအားကျရတယ်။ ကျွန်တော်လည်း အဲဒီလို နေချင်ပါတယ် ။ Music နဲ့ ပတ်သတ်တဲ့အတွေးအခေါ်ကလည်း ရှေ့ကို တအားရောက်နေပြီး ကျွန်တော်တို့ မမြင်နိုင်တဲ့ ရှုထောင့်ကနေ သူကမြင်နိုင်တယ်။ လူတိုင်းမမြင်နိုင်တဲ့ထောင့်တွေကို သူကလွယ်လွယ်ကူကူမြင်တယ် ။ Music နဲ့ပတ်သတ်ပြီး သူက ကျွန်တော့်ကို သွန်သင်ဆုံးမ ပေးခဲ့ဖူးတာ အများကြီးရှိတာမို့ အဖိုး မဖြတ်နိုင်ပါဘူး ။ သူနဲ့က အမြဲတမ်းတွေ့နေတဲ့လူရင်းတွေဆိုတော့ မှတ်မှတ်ရရ အဖြစ်အပျက်တစ်ခုရယ်လို့ ပြောလို့ရလောက်အောင် မရှိဘူး ။ ယောကျာင်္းထဲမှာမှ တကယ့်ကို ယောကျာင်္းဆန်ဆန် နေတတ်တဲ့ ယောကျာင်္းတစ်ယောက်ဖြစ်တဲ့ သူ့လိုမျိုးနေချင်တယ်။ ဒါဟာ သူနဲ့ပတ်သတ်တဲ့ ကျွန်တော့်ရဲ့ ဆန်ဒ တစ်ခုပဲ ။

နောက်ထပ်ပြောချင်တဲ့ အမျိုးသားကောင်း တစ်ယောက်ရှိသေးတယ် ။ အဲဒါကတော့ မျိုးကြီး ။ မျိုးကြီးနဲ့လည်း ကိုလေးဖြူနဲ့ပတ်သတ်ပြီး ရင်းနှီးခဲ့တာပါ ။ မျိုးကြီးရဲ့ ကျောက်စာများ စီးရီးထွက်ပြီးချိန်လောက်မှာ သူလည်း ကိုလေးဖြူအိမ်ကို အ၀င်အထွက်ရှိ၊ ကျွန်တော်လည်း အ၀င်အထွက်ရှိဆိုတော့ တွေ့ရင်းကြုံရင်း ခင်သွားကြတာ။ သူ့အတွက် ကျွန်တော်ပထမဆုံး ရေ့းပေးတဲ့ copy သီချင်းက မိန်းမရိုင်းလား နတ်သမီးလား ဆိုတဲ့သီချင်းပဲ။ သူက နောက်တီးနောက်တောက်နဲ့ ဗလွတ်ရွှတ်တတ် လျှောက်ပြောတတ်တယ် ။ ဟာသဥာဏ်ရွှင်တယ်။ သူက ရွှတ်နောက်နောက်နေတတ်တော့ သူနဲ့နေရင် အမြဲဟားနေရတာပဲ ။ အခုထွက်မယ့် သူရဲ့ owntune အခွေထဲမှာ သူ့အတွက် ကျွန်တော်ထည့်ရေးပေးထာတဲ့ သီချင်းလေးပုဒ်ပါတယ် ။ အချိန်မီသာ ပြင်ဆင်ခွင့် မရှိတော့ရင် ၊ ကတီပါလမ်းခွဲ ၊ နားနားပြီးပြော နဲ့ နောက်တစ်ပုဒ်ကတော့ခေါင်းစဉ်ပေးတုန်းပါ။ ကျွန်တော်တို့ နှစ်ယောက်ရဲ့ ရှေ့ဆက်အစီအစဉ်က owntune တွေ ဆက်လုပ်ဖို့ရှိတာကြောင့် သီချင်းတွေ အတူတူ ရေးရဥိးမယ် ။ တီးကြရဦးမယ်။ မျိုးကြီးဆိုတဲ့သူက ဟိတ်ဟန်မရှိဘူး ။ တချို့လူတွေနဲ့နေရင် တစ်သားတည်း မဖြစ်တာမျိုးတွေ ရှိတယ်လေ။ သူနဲ့နေရတာက ကိုယ့်အတွက် ကျပ်တည်းမှုမရှိဘဲ ပျော်စရာကောင်းတယ်။ နာမည်ကြီး အဆိုတော် တစ်ယောက်နဲ့ပေါင်းနေတယ် ဆိုတာ မေ့သွားလောက်အောင်ကို သူက open type ပုံစံမျိုးပါ။ သူနဲ့ စကားပြောရတာ ပျော်စရာကောင်းလို့ နောက်လည်း ဒီကောင် ဟာသတွေ အများကြီးပြောနိုင်ပါစေလို့ ဆုတောင်းပေးရမယ် ။ (( မောင်မောင်ဇော်လတ် ))



ကိုင်ဇာတင်မုံ ပြောတဲ့ လေးဖြူ …



၁၉၈၀ ခုနှစ် ဇန်န၀ါရီလ 21 ရက်နေ့ ဆောင်းတွင်းရဲ့ အေးစိမ့်စိမ့်ကာလမှာ ပေါက်ကွဲသံစဉ်တွေနဲက ဖောက်ခွဲတတ်တဲ့ ရန်ကုန်သားလေးတစ်ယောက် မွေးဖွားသန့်စင်ခဲ့ပါတယ် ။ 1988 April 30 ရက်မှာ သည်ကောင်လေးဟာ အတ်တများ ဆိုတဲ့ Billboard က ထုတ်တဲ့ စီးရီးနဲ့ ဂီတလောကရဲ့ မျက်နှာသစ်ဘ၀ခံယူခဲ့တယ် ။ ဒီ့နောက်မှာတော့ အားလုံးသိကြတဲ့ မျက်နှာ Album နဲ့ တာထွက်ကောင်းခဲ့ပြန်တယ်။ စင်မြင့်ပေါ်မှာ ဂီတအပေါ်မှာ သူ့ယုံကြည်ချက် ပြင်းထန်သလို၊ ယုံကြည်ရာကို ဖွင့်ဟပြသတတ်တဲ့ .. သူက … လူသားတစ်ယောက်အပေါ်တော့ လေးစားအားကျ အတုယူတတ်ပြန်တယ် ။ သူကလေ .. လေးဖြူကို အရမ်းအရမ်းအားကျပါသည်ဟာ ဆိုလာသော အခါမှာ …. ။

ကျွန်တော်က ကိုလေးဖြူကို အရမ်းအားကျပါတယ် ။ သူက လူတော်တစ်ယောက်ပဲ ။ သူရဲ့ Album တစ်ချပ်ထွက်လာရင် အနုပညာအရ နက်နဲတန်ဖိုးထားဖို့ ကောင်းသလို စီးပွားရေး အရ ဈေးကွက် အရလည်း အောင်မြင်တန်ဖိုးထားစရာ ကောင်းလောက်အောင် ပညာပါတယ် ။ ကိုလေးဖြူကို စကြိုက်တဲ့ အချိန်က ထွက်ပေါက် သီချင်းကို သူ copy အဖြစ် ပြန်ဆိုပေးတဲ့ အချိန်မှာပါ။ အဲဒီ အချိန်က ကျွန်တော်က Metallica သီချင်းကို အရမ်းကြိုက်နေတဲ့ အချိန်ဆိုတော့ သူက အဲဒီ Metallica သီချင်းကို ကော်ပီ ပြန်ဆိုပေးတော့ ရှိုးတွေမှာ ဆိုရတာ အရမ်းအားရဖို့ ကောင်းတယ်ဗျာ။ အခု သူဆိုထားတဲ့ ခဏလေးများ အခွေကိုလည်း အရမ်းကြိုက်တယ်။ သူ့ကို ပြောချင်တဲ့စကားက ဆက်လုပ်ပါဦးဗျို့ ။ (( ကိုင်ဇာတင်မုံ))


ခုတော့ ဒီဂီတ သူရဲကောင်းနှစ်ယောက်ကို ကျွန်မတို့ရဲ့ Cover Story မှာ ဂုဏ်ယူစွာ တင်ဆင်ခွင့်ရခဲ့ပါပြီ။ Cover ရိုက်တဲ့နေ့လည်း ခင်မင်နှစ်လိုဖွယ်ကောင်းသူနှစ်ယောက်နဲ့ စိတ်ပျော်ရွှင်ချမ်းမြေ့ခဲ့ရပါတယ် ။ ဟန်ဆောင်မှုမရှိ၊ ဟိတ်ဟန်မရှိလို့ပါ။ ကျွန်မတို့အတွက် အချိန်တွေပေးဆပ်မှုက အားနာစရာပါ။ ဓါတ်ပုံ ၀ဏခွာနီးကလည်း သူရဲ့ စတူဒီယိုမှာ အပေါ်ထပ်တက်ရိုက်လိုက် အောက်ထပ်မှာဆင်းရိုက်လိုက်နဲ့ Mood တွေ ၀င်နေခဲ့တာမို့ Men Special လရဲ့ Cover Story ကို ရင်ခုန်ကျေနပ်ခဲ့ကြရပါတယ် ။



credit to ma eain thway ne(padonma)