ခြောက်ကြိုးကဝေ
တေးဆို » လေးဖြူ
တေးသား » ကေအေတီ
တေးသွား » ချစ်စမ်းမောင်
တေးစု » ခြောက်ကြိုးကဝေ
တေးသီချင်း - လေးဖြူ - ခြောက်ကြိုးကဝေ
ညတစ်ညထဲ ငါဖန်တီးနေတာ
လှလွန်းတဲ့ လကလေးတစ်စင်း
စိတ်ညစ်ပြီး ခုန်ပေါက်ပြေးသူတွေ
လမင်းလေးနဲ့ အတူလိုက်ပါ
ငါ့လက်နဲ့ အထိခံနှိုင်ဖို့ အခွင့်ပေးပါ
ငါ့လက်နဲ့ ဖြစ်တည်မှုများ ဖန်ဆင်းထား..
တစ်ယောက်ယောက်ရဲ့ မာယာမီးလျှံမှာ
လမင်းလေး ပျောက်ဆုံးသွား
ငါ့စိတ်နဲ့ ငါပြန်သိမ်းလာတာ
လမင်းလေး ငါ့ရင်ထဲမှာ
ငါ့လက်နဲ့ အထိခံနှိုင်ဖို့ အခွင့်ပေးပါ
ငါ့လက်နဲ့ ဖြစ်တည်မှုများ ဖန်ဆင်းထား..
ယန္တယားများ ဘာမှမဆန်းကြယ်ပါ
ခြောက်ကြိုးသွား ဂီတာလေး
နှလုံးသားရဲ့ လိုအင်ရှိတာတွေ
ပြုစားဖို့ တတ်နိုင်ခဲ့တယ်..
ငါ့လက်နဲ့ အထိခံနှိုင်ဖို့ အခွင့်ပေးပါ
ငါ့လက်နဲ့ ဖြစ်တည်မှုများ ဖန်ဆင်းထား..
PS: လောကထဲကနေ အစောကြီးထွက်ခွာသွားတဲ့ လေးဖြူကို ရူးသွပ်ဘက် ချစ်သူငယ်ချင်း သီဟန် သို့ သတိတရ..
by Monster of Rock
Wednesday, November 12, 2008
Subscribe to:
Post Comments (Atom)

No comments:
Post a Comment