Search this site(Myanmar & English)

Thursday, November 13, 2008

ကိုလေး ၏ သီချင်းများ(MV)

အဖေ


အဖေ
(လေးဖြူ + မောင်မောင်ဇော်လတ်)

အဖေ နင်းဖြတ်ခဲ့တဲ့ ဘ၀ရဲ့ ဆူးတောအပြည့်နဲ့ လမ်းထဲ
အဖေ ပေးသွားခဲ့တဲ့ မြေပုံလမ်းပြ ကွန်းပတ်စ်လေးနဲ့
ရှည်လျားလွန်းတဲ့ လောက
တောနက်ထဲ ကျွန်တော် ရောက်နေပြီအဖေ

သင်ကြားသွားခဲ့တဲ့ အဖေ့ရဲ့စကား သင်ခန်းစာများလည်း
အဖေမရှိတော့တဲ့နောက်မှ အထပ်ထပ်တွေးခေါ်ရင်းနဲ့
တန်ဖိုးတွေ နားလည်ခဲ့ပြီ အခွင့်ရှိသေးရင် ကြားချင်တယ်အဖေ

အိုး... အဖေ မရှိတော့တဲ့နောက်.. အိုး... လူလားမြောက်တဲ့နောက်

သုညဘ၀ကစလို့ အဖေရုန်းကန်မြှင့်တင်ပေးခဲ့
ရင်ကော့ခေါင်းမော့လို့ သေမလောက်ဆိုးတဲ့ လောကဓံတရားလည်း
ဖြေရှင်းတိုက်ခိုက်ခဲ့ အဖေ့ရဲ့ သတ္တိမျိုး ကျွန်တော်ရှိချင်တယ်အဖေ

အဖေထွန်းညှိခဲ့တဲ့ အမှောင်ကိုခွင်းမယ့် လမ်းပြမီးနဲ့
အဖေ အိပ်မက်ခဲ့တဲ့ အနာဂတ်လောက အကျိုးသယ်ပိုးမယ်
ကျွန်တော့်ကိုယ်ထဲမှာ လှည့်ပတ် အဖေ့ရဲ့သွေးတွေ ရဲပါတယ်အဖေ

အိုး... အဖေ မရှိတော့တဲ့နောက်.. အိုး... လူလားမြောက်တဲ့နောက်

လှိုင်းထန်လေထဲ မျောတဲ့အခါ အထီးကျန်လာတိုင်း အတွေးထဲမှာ
အမြဲမြင်ယောင် တမ်းတမိတယ်အဖေ
ဘ၀ဒဏ်ချက်များ အိပ်မက်မှာ မျက်ရည်တွေ စို့ရတဲ့အခါ
အမြဲမြင်ယောင် တမ်းတမိတယ်အဖေ
ဒုက္ခတွေ ထည်လဲတွေ့တဲ့အခါ တခြားသူမရှိဘူး ကျွန်တော့်အတွေးမှာ
အမြဲမြင်ယောင်တမ်းတမိတယ် အဖေ



ကမ္ဘာကြီးဟာ လုံးပြီး ၀ိုင်းနေတော့
တေးဆို - လေးဖြူ
တေးရေး - သော်ဒီဝေ
တေးစု - ကန္တာရလမင်း



ကမ္ဘာကြီးက လုံးပြီးဝိုင်းနေတော့ နေ့နဲ့ညတွေရှိ
ယစ်မူးစွာချစ်နေမိပြန်တော့ အချစ်ရေ ကိုယ့်ရင်ထဲမှာမီး

ခံစားချက်များက ရှိတယ်ဆိုတော့ (ဆိုတော့)
နေ့နဲ့ည မှားပစ်လိုက်
ကိုယ့်အသည်းဟာ ကစားစရာအရုပ်ကလေးဖြစ်
အချစ်ရဲ့အဘိဓမ္မာတရားတွေလား

ကိုယ့်ရဲ့အချစ် ကိုယ့်အသိတရား သိပ်ပြီးနားမလည်ဘူး
မင်းလေးရဲ့စိတ် မှားယွင်းမှုများ ဘ၀တစ်ခုလုံးပါပဲ/ဘ၀တစ်ခုဆုံးအောင်ပဲ

အချစ်လေးရေ ဆက်လုပ် မင်းကလေး စိတ်ရှိသလို ဆက်လုပ်
ဝိုးအိုး အချစ်ရေ ဆက်လုပ် မင်းအကြိုက်စိတ်ရှိသလို ဆက်လုပ်.. ဟေ့..
ဆက်လုပ်.. ကြိုက်သလို စဉ်းစားပြီး..

ကမ္ဘာကြီးဟာ လုံးပြီးဝိုင်းနေတော့ နေ့နဲ့ည ပြောင်းလဲ
ဝဋ်ကြွေးတွေများလည်း ရှိသေးတော့ အချစ်ရေ ပေးဆပ်မကုန်ဆုံးသေး

ဒဏ်ရာတွေနဲ့အပြည့် မင်းအသိပါပဲ
ရင်ခွင်မှာလောင်နေတဲ့မီး ပူပါစေ.............................
ဆက်လုပ်.. ၀ဋ်ကြွေးတွေအားလုံးပေးဆပ်မယ်..


ညရဲ့ဆူး
တေးဆို - လေးဖြူ
တေးရေး - ကေအေတီ
တေးစု - ကန္တာရလမင်း



ညရဲ့ဆူး
တေးဆို - လေးဖြူ
တေးရေး - ကေအေတီ
တေးစု - ကန္တာရလမင်း

ည.. အသစ်နဲ့အဟောင်း တစ်လှည့်စီရှုံးနှိမ့်ရင်း
အရုဏ်မလာခင် ကြိုတင်ဝမ်းနည်းမိ
ဘယ်အချိန်အရောက်
မျှော်နေသူ စိတ်ချဖို့

တစစ်စစ် ကိုက်ခဲနေ ဒီလိုည
အပြာရောင်ဟာ ငြိမ်းချမ်းခြင်းမဲ့
Come on baby..
ဘယ်လိုလုပ်ရမလဲ

အမုန်းနဲ့အချစ်လေ
သိပ်အရေးကြီးလို့
လာ.. အချစ်ရေ
ညတွေအိပ်မရနိုင်လို့
မင်းဟာ ညရဲ့ဆူး..

အင်းအချစ်နဲ့အမုန်း အဓိပ္ပါယ်ရောယှက်ရင်း
ကိုယ်သေချာရေရာ ကြိုတင်မစဉ်းစားမိ
ရင်မှာတစ်ယောက်
အပြင်ဘက်ကလည်း

အူး မင်းဟာအဓိကပဲ အားလုံးအတူပဲ
အကုန်လုံးအသွေးအသားထဲ
Come on baby..
ရင်ထဲကြည့်လိုက်..




တေးဆို - လေးဖြူ
တေးရေး - နိုင်းနိုင်
တေးစု - ကန္တာရလမင်း


အိပ်မက်လား ယမ်းယောင်ပြီးတော့ စမ်းနေမိတယ် ငါ့နံဘေးမင်းမရှိဘူး
နဂါးငွေ့တန်းရဲ့အရိပ်တွေ မင်းရဲ့ကောက်ကြောင်းတွေလား
ထွက်ပေါက်တွေမရှိဘူး လရိပ်ရောင်စီး
ကြေကွဲစရာ လရဲ့အရိပ်က အေးခဲစွာ ငါ့ကိုကျွမ်းနေပြီ

ဘယ်လိုမှမပြောင်းတဲ့ည
လျှပ်စီးကြောင်းများပြိုအက်ကုန်ပြီ
ဘယ်လိုမှမပြောင်းတဲ့ည
ငါဘယ်လိုရှောင်ရမလဲ... ဟေ့..

ကျိန်စာလား မီးတောက်များထဲ ကျွမ်းနေခဲ့ပြီ ငါ့အသည်းမင်းမသိဘူး
တောအုပ်များရဲ့အလယ် အထီးကျန်ငါ့ကိုထားခဲ့ပြီလား
ခြောက်လှန့်တဲ့အချိန်များ ဘ၀ရဲ့ခရီး
ဖြတ်သန်းတယ်မောပန်းရင်းနဲ့ အိပ်ရာများထက်ပေါ်လဲပြိုခဲ့

ပူလောင်ပြင်းတဲ့ညတွေဖြတ်ခဲ့
ငါဟာပြေးထွက်လို့ရနိုင်မလား
ငါဟာပြေးထွက်လို့ရနိုင်မလား

ရယ်သံလား
ဒဏ်ရာလား
ဝေး.... ဟေး..



Do Lite That! - Lay Phyu
ဒီလိုလုပ်လိုက်ပါလား
လေးဖြူ + ပရွက်ဆိတ်ကလေးများ


Next - Lay Phyu
နောက်ထပ်
တေးဆို - လေးဖြူ
တေးစု - ပထမ၊ ဒုတိယ၊ တတိယ (The Ants)


Its Not Important - Lay Phyu
တေးရေး - မောင်မောင်ဇော်လတ်
တေးစု - လိပ်ပြာ

ဒုက္ခမိုးစက်အောက် ငါ့အတွက် မလျှောက်နဲ့တော့
သွားလိုက်ပါ ကျောခိုင်းတော့ ပျော်စရာတွေမရှိဘူး
အချစ်တစ်ခုနဲ့ရောနှော ဘ၀ကို မဖျက်နဲ့တော့
သွားလိုက်ပါ လမ်းခွဲတော့ ငါမငြိုငြင်ပါဘူး

ကံကြမ္မာမုန်တိုင်းတစ်ခု ငါ့ဆီ နင်ဝင်မလာသင့်ဘူး
မကိုးကွယ်နဲ့ အချစ်ကဘာမှအရေးမကြီးဘူး

မင်း ငါ့ကို မေ့လိုက်တော့ မျှော်လင့်ချက်ထားတာ မှားပြီနော်
အိပ်မက်က တစ်ခုမှဖြစ်မလာတော့
မင်းလေး ငါ့ကို မေ့လိုက်တော့
ကျေနပ်ဖို့ အပြစ်တွေပေးလိုက်တော့
ခံစားချက်မဲ့တယ် ပြောချင်ပြော
တစ်နေ့တော့ နားလည်လိမ့်မယ်နော်
မင်းလေးငါ့ကိုမချစ်နဲ့တော့ မင်းငါ့ကိုမေ့လိုက်တော့

ဒုက္ခဆူးများ စူး ငါ့အတွက်မထူးဘူးပေါ့
နောက်ထပ်အသည်းကွဲတော့ နာကျင်စရာမရှိဘူး
အချစ်တစ်ခုနဲ့ရောနှော ဘ၀ကို မဖျက်နဲ့တော့
သွားလိုက်ပါ လမ်းခွဲတော့ ငါမငြိုငြင်ပါဘူး


ရာဇ၀င်ရိုင်းတယ်
The Ugly Biography - Lay Phyu
တေးရေး - မောင်သစ်မင်း
တေးစု - တေးမြုံငှက် နှစ်ငါးဆယ် (၂)

ငါ့ရဲ့စိတ်ကူးတွေ စုတ်ပြတ်သွား
ရောမမြို့လို ပျက်ခဲ့ရ
ဟိုတုန်းကတော့ ငါ့ဘ၀ ကြီးကျယ်ခဲ့
အင်ပါယာ ထူထောင်မယ် သူ့အချစ်နဲ့

ငါ့ရဲ့အသည်းနှလုံးဟာ သူ့အတွက်ပဲ
ချစ်သူ့ရင်ခွင်ပေါ်မှာ ငါနန်းတော်ဆောက်
ချစ်သူပေးလာတဲ့ သစ္စာများ
ယုံလွယ်သူဟာ ငါ့ရဲ့အမှား

ငါ့ဘ၀ ကြည့်လိုက်စမ်း
ပြိုကွဲပျက်စီး ဘာမှမရှိတော့ဘူး
ရာဇ၀င် ရိုင်းတယ် ရာဇ၀င် တကယ်ရိုင်း

ကြည့်လိုက်စမ်းဘဝ

ရောမမြို့ပျက်ကြီးကို ကြည့်လိုက်စမ်း
ဟိုစဉ်အခါလို မဟုတ်တော့ဘူး
ငါ့ရဲ့အသည်းနှလုံးဟာ အဲဒီအတိုင်း
သုသေသီများလာ ကြည့်လိုက်ဦး

မချစ်ဝံ့ဘူး နောက်ဆို မချစ်တော့ဘူး
ရေမြွေလိုနေမယ် တစ်သက်လုံးပဲ
မိန်းမတွေလှရင်သတိသာထား
ချစ်စရာကောင်းသလိုကြောက်စရာကောင်း
ငါ့ဘ၀ ငါ့ဘ၀ ငါ့ဘ၀ ငါ့ဘဝ
ဝိုး
ရာဇ၀င်ရိုင်းတယ်
ငါ့ရဲ့ဘ၀က စုတ်ပြတ်သွားခဲ့
သိပ်ကြောက်စရာကောင်းတယ်
စုတ်ပြတ်သွားမယ်
သိပ်ကြောက်စရာကောင်းတယ်


အသုံးမကျတဲ့ နှင်းဆီ
Rosie - Lay Phyu
တေးရေး - ကေအေတီ
တေးစု - IRONCROSS UNPLUGGED

ရိုစီ.. မင်းကို ယူဆောင်လာသူ.. လောကထဲ
နာမည်လွယ်လွယ်.. ပျံ့နှံ့နေ..
မင်းရဲ့ဆူးကို.. ဂန္ထ၀င်ဆန်ဆန်ဖွဲ့သူတွေ
နားမျက်စိတွေ ကန်းသွားပြီပဲ

လွဲမှားသွားပါစေ ဒီအတိုင်းထားလိုက်တယ်
ဓားထက်ထက် ဆူးတွေ တစ်ကိုယ်လုံး နှစ်မြုပ်ပါစေ
အန္တရာယ်ကို ရင်ဆိုင်ချင်တယ် မတားနဲ့တော့
ရိုစီငါ့ကိုကြည့်လိုက်စမ်းပါ မင်းရဲ့လက်ထဲ မောပန်း

အို.. ရိုစီ.. ရိုစီ.. အန္တရာယ်တွေ ပေးဦးမလား
အို.. ရိုစီ.. ရိုစီ.. ဆူးနဲ့ အဆိပ်ကို လက်ဆောင်ပေး

ဟာဟာဟာ.. ရေးရေ.. အိုး.. ရိုစီ..

ရိုစီ ငါ့ကို ကြင်နာနေတာ မဖြစ်နိုင်ဘူး
ဆူးဓားများစွာ နှစ်မြုပ်ပြီ
ညရဲ့အိပ်ရာ တွန့်ကြေချိန်မှာ မအိပ်သေးသူ
ပြန်စဉ်းစား ငါဟာ အဆိပ်တက်နေပြီ

မှားသွားတယ် သင့်ကိုတန်ဖိုး ထားခဲ့တာ
မင်းကိုချစ်တယ် နှင်းဆီတစ္ဆေလားမင်းလှည့်ဖြား
အန္တရာယ်ကို ရင်ဆိုင်နိုင်ပြီ မတားနဲ့တော့
ရိုစီ ငါ့ကိုကြည့်လိုက်စမ်းပါ မင်းရဲ့လက်ထဲ.. မောပန်း..

ငါ့ဘ၀.. မင်းလက်ထဲမှာ ဆုံးရှုံးမလား
မင်းကိုချစ်တယ်.. နှင်းဆီ တစ္ဆေလားမင်းလှည့်ဖြား
အန္တရာယ်ကို ရင်ဆိုင်နိုင်ပြီ မတားနဲ့တော့
ရိုစီ ငါ့ကိုကြည့်လိုက်စမ်းပါ မင်းရဲ့လက်ထဲ.. မောပန်း..



The Butterfly - Lay Phyu
တေးရေး - (irreplaceable) အယ်လ်ဖြူ

ငယ်ရွယ်စဉ်ချိန် ဟိုအဝေးက ပြန်မြင်ယောင်တယ် အရင်အတိတ်ဘ၀ အိပ်မက်
ပုံပြင်ဆန်တဲ့ မြို့ကလေးထဲ ရင်ခုန်သံတွေ သင်ကြားရင်း လျှောက်ခဲ့
နှင်းများကျနေတဲ့ လမ်းထဲ ကလေးလေးတစ်ယောက် အပူအပင်မဲ့
အဝေးက အစိမ်းရောင်မြက်ခင်းထဲ ကြီးပြင်းရင်းနဲ့

ဒဏ္ဍာရီလို စိတ်ကူးများ ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက ဘယ်လိုနေမယ် ငါမသိရ အတွေးများ
ကလေးလေး တစ်ယောက်ရဲ့ စိတ်ကူးနဲ့ စဉ်းစားလိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က

မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဘက်မှာ ဘာတွေရှိမယ်
အိုး.. မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဘက်မှာ ဘာတွေရှိမယ်

လွင်ပြင်ကျယ် ဟိုဘက်စွန်းက ဒဏ္ဍာရီ ပုံပြင်ထဲက
စံပျော်ရာ ဘုံဆောင်နန်းများ ယုံကြည်စွာ ရှာဖွေဆဲပါ
အချိန်တွေကြာ ခြေကုန်လက်ပန်းကျ
အိမ်ကိုပြန်မယ် ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီ ငါတစ်ယောက်တည်း
လမ်းပျောက်နေပြီ

အစိမ်းရောင် မြက်ခင်းများ ဟိုး.. အဝေးမှာကျန်နေပြီ

Solo:

ဒဏ္ဍာရီလို စိတ်ကူးများ ပီပြင်လာမယ် ယုံစားတတ်တဲ့ဘဝ
လွင်ပြင်ကျယ်ရဲ့ တစ်ဖက်စွန်းက ဘယ်လိုနေမယ် ငါမသိရ အတွေးများ
ကလေးလေး တစ်ယောက်ရဲ့ စိတ်ကူးနဲ့ စဉ်းစားလိုက်မမှီ အဖြေမရှိ
အတွေးလေးထဲ မျှော်ကြည့်ဆဲ စူးစမ်းစိတ်က

မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဘက်မှာ ဘာတွေရှိမယ်
အိုး.. မိုးကုတ်စက်ဝိုင်းရဲ့ ဟိုးအစွန်းတစ်ဘက်မှာ ဘာတွေရှိမယ်

လွင်ပြင်ကျယ် ဟိုဘက်စွန်းက ဒဏ္ဍာရီ ပုံပြင်ထဲက
စံပျော်ရာ ဘုံဆောင်နန်းများ ယုံကြည်စွာ ရှာဖွေဆဲပါ
အချိန်တွေကြာ ခြေကုန်လက်ပန်းကျ
အိမ်ကိုပြန်မယ် ငါစိတ်ကူးမှ
အမှောင်ဝင်နေပြီ ငါတစ်ယောက်တည်း
အဝေးဆုံးမှာ လမ်းပျောက်နေပြီ

အစိမ်းရောင် မြက်ခင်းများ ဟိုး.. အဝေးမှာကျန်နေပြီ
((အစိမ်းရောင် မြက်ခင်းများ ဟိုး.. အဝေးမှာကျန်နေပြီ))
အစိမ်းရောင် မြက်ခင်းများ ဟိုး.. အဝေးမှာကျန်နေပြီ


ငြီးငွေ့ခြင်းနေ့စွဲများ
Weird Timestamps - Lay Phyu
တေးရေး - မောင်မောင်ဇော်လတ်

အိပ်မက်ဟောင်းက နိုးလာ မသစ်တဲ့ မနက်တစ်ခုအောက်
ဆိုက်ရောက်ခဲ့တဲ့ အလင်းရောင်သုံးမရဘူး

အရိုးစွဲလောက်တဲ့ သီချင်းတွေ မရှိတဲ့ နှလုံးသားအောက်
လွမ်းမောတတ်ဖို့ နားတစ်စုံမလိုအပ်ဘူး
ငါငြီးငွေ့ရင်း

ဘာကြောင့် ဆက်အသက်ရှင်မယ် ဟောင်းတဲ့မေးခွန်းအောက်
စဉ်းစားတတ်ဖို့ အတွေးတွေ မလိုအပ်ဘူး
ခဏခဏ ထိရှဖူးတယ် မပြောင်းတဲ့အမုန်းများအောက်
ခွင့်လွှတ်တတ်ဖို့ တရားတွေမလိုအပ်ဘူး

ဒီအချိန် ငါ ရွံရှာနေတာ ဒီအချိန်ငါ ဖယ်ခွာချင်တာ

နောက်ထပ်ရောက်လာမယ့် မနေ့ကလို နောက်တစ်ရက်ကိုပဲ
ဟောင်းနွမ်းလို့နေတဲ့ မနေ့ကလို နောက်ထပ်မနက်ဖြန်ရယ်
မွန်းကြပ်လို့နေတဲ့ မနေ့ကလို နေ့တစ်ရက်ပါပဲ
လမ်းစပျောက်နေတဲ့ မနေ့ကလို နောက်ဘ၀ထဲ
မနေတတ်ဘူး ရုန်းထွက်ခွင့်ပြုပါ
သံသရာထဲက နှုတ်ဆက်ခွင့်ပြုပါ
ဒီစက်ဝိုင်းက လွတ်မြောက်သွားဖို့ရာ
ငါဆုတောင်းနေတယ်



ထားခဲ့ဦး
Leave Me Alone - Lay Phyu
တေးရေး - မောင်မောင်ဇော်လတ်

အချစ်စစ်ဖြစ်ခဲ့လည်းပဲ ဘ၀သစ် ထပ်စဖို့ရာ
မဖြစ်တော့ဘူး တံတိုင်းတွေ တစ်ယောက်တစ်ဘက်ခြား

အတူရှိခွင့်ရတဲ့ အချိန်များ နောက်ထပ်ရှေ့ဆက်ဖို့ရာ
မဖြစ်တော့ဘူး အပြစ်တွေ တို့နှစ်ယောက်ကြား

ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်ခွင့် မရှိမှန်း သေချာခဲ့တဲ့နောက်
ငါ့ကို ချန်ရစ်ပြီးသွားတော့ အားလုံးအမှားများအောက် နောက်မကျသေးခင်

ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး မင်းနဲ့အဝေးဆုံးမှာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး မဆုံတဲ့ တစ်ယောက်တစ်နေရာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး အိပ်မက်ဟောင်းတစ်ခုစာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး ငါတို့ တစ်ယောက်တစ်နေရာ

အနီးဆုံး ကျောချင်းကပ်ရင် အကြီးဆုံး ပေးဆပ်ခြင်းတွေ
မရှိတော့ဘူး ထပ်ပြီး ငါတို့ နှစ်ယောက်ကြား
တားမြစ်ခဲ့တဲ့ အဆိပ်သီး အရူးအမူး ခူးဆွတ်ဖို့ရာ
မဖြစ်တော့ဘူး ဆူးတွေ တို့ နှစ်ယောက်ကြား

အရင်တစ်ချိန်က ငါ့ဘ၀ နောက်တစ်ခေါက် ရနိုင်ရင်
ပြန်စမယ် အရာရာ ငါလေမင်းနဲ့
အစကတည်းက ဆုံး ရှုံးနိမ့်မယ့် ဇာတ်လမ်း အခုတော့ တစ်ခန်းရပ်



လေလွင့်သူ
Wanderer - Lay Phyu
ဘယ်လိုဖြေရမလဲ ပေါ့ပါးခြင်းနဲ့ဘဝ
ဘယ်ကိုသွားမလဲ အတိအကျမသိတဲ့ ခရီးသည်တစ်ဦးရဲ့ညနေများ
တစ်ညလုံး ငါ့ရဲ့အနား သက်ပြင်းများကြွေကျ
ညတိုင်း အိပ်မက်ထဲမှာ တစ်စုံတစ်ယောက် ငါ့ကို ရပ်စောင့်နေတယ်

လေနှင်ရာလွင့်ခဲ့ ငါ တိမ်တိုက်တစ်ခုပါပဲကွယ်
ယုံကြည်ကိုးစားထားတဲ့ မင်းမျက်လုံးတွေ မှိတ်ပစ်လိုက်ပါကွယ်
စိတ်ကူးနဲ့ အိပ်မက်ရယ် တကယ်တမ်းဖြစ်မလာခဲ့
နေရစ်ခဲ့ပါကလေးရယ် ငါအဝေးဆုံးကို ပြေးသွားချင်တယ်

ဘယ်လိုကြေကွဲမလဲ
ဘယ်လိုငိုကြွေးမလဲ ချစ်သူလေးရယ် မင်းအတွက်ပဲ
မျှော်လင့်ခြင်းနဲ့ ဖမ်းဆုပ်ထားတဲ့ လက်တွေ အားမဲ့သွားပြီကွယ်
ဘယ်လိုကြေကွဲမလဲ
ဘယ်လိုငိုကြွေးမလဲ ချစ်သူလေးရယ် မင်းအတွက်ပဲ
အိုး.. အရောင်လွင့်လို့သွားပြီကွယ်
အိပ်မက်ကလေးရဲ့ နောက်ဆုံး ငါအဝေးဆုံးသွားချင်တယ်


ညနေကြယ်
Evening Star - Lay Phyu
တေးရေး - အယ်လ်ဖြူ

ဟိုးအဝေးမှာ ငြိမ်သက်ဆဲ ညနေကြယ်လေး တောက်ပနေ
တွေ့လိုက်တယ် ခဏလေးပဲ အိုး..
တဖြည်းဖြည်းကွယ် မှုန်ဝါးဆဲ ကြည့်နေစဉ်မှာပဲ လွင့်ပျောက်ကွယ်
နာကျင်စွာ တွေးမိတယ် ဘာတစ်ခုမှ မတည်မြဲတဲ့ ဘ၀နဲ့
ငါပိုင်ဆိုင်ထားခဲ့တယ် ရင်ထဲက တည်မြဲတဲ့ အချစ်အတွက်

တိတ်ဆိတ်တဲ့ ဒီလမ်းထဲ တစ်နေ့ပြန်လာမှာလား တွေးမိတယ်
အဝေးက အမှောင်တွေကြားထဲ တိုး
အခုထိ မျှော်လင့်ရင်းနဲ့ စောင့်နေတယ် ဒီလမ်းလေးထဲ
ကြယ်စင်လေးနဲ့ရယ် ဘယ်တော့မှ ပြန်တွေ့ခွင့်ရမယ်
ရင်ခုန်သံများနဲ့ကွယ် ဘယ်တော့မှ ပြန်တွေ့မယ်

ဘယ်ဆီ ထွက်သွားလဲ မသိခဲ့တယ်
ဘယ်လို အကြောင်းပြချက်နဲ့လဲ
ဘယ်အချိန်မှာ ပြန်တွေ့မလဲ စောင့်ခဲ့တယ် စောင့်ခဲ့တယ်
ဘယ်ဆီထွက်သွားလဲ ငါမသိခဲ့တယ်
တစ်ခါပြန်တွေ့ကြဖို့ စောင့်မယ်
ဘယ်အချိန် ပြန်တွေ့မလဲ ငါစောင့်ခဲ့တယ်

တိတ်ဆိတ်တဲ့ ဒီလမ်းထဲ တစ်နေ့ပြန်လာမှာလား တွေးမိတယ်
အခုထိ မျှော်လင့်ဆဲပဲ အိုး..
မင်းမရှိတဲ့နေ့များထဲ အလွမ်းတွေ သယ်လို့ထားမိသူ
ရင်ခုန်သံများနဲ့အတူ ပြန်တွေ့ကြမယ့်နေ့ တို့စောင့်မယ်
ရန်ခုန်သံများနဲ့အတူ ငါတမ်းတနေ ညနေ ကြယ်လေး



No comments: