

ဒီသီချင်းခွေလေးကတော့ ကျနော့်ဘ၀မှာ မှတ်မှတ်ရရပါပဲ။ ၁၉၈၈ ရဲ့ မုန်တိုင်းတွေကြားမှာ ထွက်ခဲ့တဲ့ ခွေပါ။ မှတ်မှတ်ရရ ၁၉၈၈ စက်တင်ဘာလ ၁၁ ရက်နေ့ မှာ ဒီထဲက ဝေးလုခါ ဆိုတဲ့ သီချင်းလေးကို တီဗီမှာလွှင့်တာကို မန္တလေးကို တစ်ထောက်နားတုန်းလေး ကြည့်ခဲ့ရပါတယ်။ စိုင်းထီးစိုင် နဲ့ ၀ီလျံ တို့ နှစ်ယောက်ထုတ်တဲ့ ခွေပါ။ စိုင်းထီးဆိုင်တစ်ယောက် အသံခန့်ခန့်ငြားငြား ဆိုတတ်တဲ့ ၀ီလျံ ရဲ့ သီချင်းတွေအောက်ကို ရောက်သွားရတဲ့ သီချင်းစီးရီးစ်လေးပါ။ တစ်နေ့က ရန်ကုန်က တူလေးကို အနိုင်ကျင့်ပြီး ကက်ဆက်ခွေကနေ အသံကြားရ နားထောင်ရပြီးရော ဆိုပြီး ကက်ဆက်ခွေဟောင်းတွေထဲက Rip ခိုင်းပြီး Bagan Mail ဘောက်စ်ထဲက Web Disk ထဲကို Dial Up နဲ့ ခဲရာခဲဆစ်လေးတင်ထားပေးတဲ့ သီချင်းခွေဖြစ်ပါတယ်။ အသံလေးတွေကို ပြန်ပြီး Remaster လုပ်တတ်တဲ့ ပညာရှင်များ အသံလေးတွေကို ပြန်ပြင်ပေးရင်တော့ တော်တော် အဆင်ပြေမှာပါ။ အခုတော့ အသံက Head သိပ်မကောင်းတဲ့ ကက်ဆက်ကြောင့် ထုံတုံတုံ လေးနဲ့ ကက်ဆက်ခွေ အရသာလေးဖြစ်နေပါတယ်။
အချစ်ကမင်းအနားမှာပါ
ခဏဝေးတာအကောင်းဆုံး
ဝါသနာလူ
ထိုက်သလောက်ပေါ့
ချစ်ခြင်းရဲ့အဖေါ်မွန်
ဝေးလုခါ
မသေသောဆေးသမား (Not Available)တောမကျွမ်းသည့်အချစ်မုဆိုး
ပျက်၍မတည်သောကတိသစ္စာ
ကျောက်ဖြစ်ရုပ်ကြွင်း
ဝေးနေချိန်
တစ်ရွယ်ပြန်အုံ့ပုန်းအချစ်
ချစ်မုသား
တစ်
Download:
mediafireဝေးလုခါ၊ ဝေးနေချိန် (RapidShare)Eveverying is by MonsterOfRock.
Credit to MOR & Ma Sunday
No comments:
Post a Comment