Search this site(Myanmar & English)

Sunday, November 2, 2008

ဖြူဖြူကျော်သိန်းအင်တာဗျူး-ဇာတ်သိမ်းပိုင်း

မေး-ဖြူဖြူက အင်တာဗျူးတိုင်းမှာ အမြဲပြောတတ်တာက ဂရမ်မီရတဲ့ အဆိုတော်ဖြစ်ချင်တယ်လို့နော်။
ဖြေ-
အဲဒါနဲ့ပတ်သက်ပြီး အမြဲလိုလိုဖြူဖြူပြောပါတယ်။ဒါပေမဲ့ လဲ ဖြူဖြူ က ဂရမ်မီကို အင်္ဂလိပ်လို စာလုံးဘယ်လိုပေါင်းမှန်းတောင်မသိပါဘူး...ခစ်ခစ် စိတ်ထဲရှိတဲ့အ တိုင်းပေါတောတောလုပ်ကြည့်တာပါ........စကားကြီး၊စကားကျယ်ပြောလိုက်တာပေါ့နော်......ဒါမှလဲ မသိတဲ့သူတွေက အထင်ကြီးမှာပေါ့...မပာုတ်ဘူးလား အကိုရယ်.........

မေး- ဖြူဖြူရဲ့ သီချင်းတပုဒ်ကို MTV လိုမျိုးရိုက်တာ သိန်းနှစ်ဆယ်တောင်အကုန်အကျခံတယ်လို့ကြားလိုက်ရတယ်နော်
ဖြေ-
ဒါက အမှန်တကယ်ကုန်တာပါ။ ဒါရိုက်တာကို လဲ ရိုက်ခပေးရတယ်လေ......ဘယ်ဒါရိုက်တာကမှ မရိုက်ချင်လို့ အဲဒါပိုက်ဆံပေးပြီးရိုက်ခိုင်းရတာပေါ့။ ပရိုဂျုဆာ က ထုတ်ပေးတယ်ဆိုပြီးနာမည်ခံခိုင်းပြီးတော့ ဖြူဖြူ့ အိမ်က အကုန်ထုတ်ပေးရတာပေါ့။ဖေဖေကတော့ သူ့သမီးအောင်မြင်ရေးအတွက်ဆိုပြီး ဘာမှမပြောပေမဲ့ မျက်နှာတော့မကောင်းဘူးပေါ့။ မေမေကတော့ နှမြောလို့ (၃)ရက်လောက်ထမင်းမစားနိုင်ဘူးလေ.......ခစ်ခစ်

မေး-ဖြူဖြူ က စာရေးတာရော ၀ါသနာပါလား။ ဖြူဖြူက ကဗျာတွေကို ကိုယ်တိုင်ရေးတယ်ဆိုလို့
ဖြေ-
အော်...အကိုရယ်....ဖြူဖြူကိုယ်တိုင်ပြောပြီးပြီပဲ။ ဂီတလောကမှာ အဆင်မပြေရင် စာပေလောကထဲဝင်လို့ရအောင်ကြိုကန်တဲ့သဘောပါလို့ဆိုနေမှ
မေး- ဖြူဖြူ ရုပ်ရှင်လောကထဲကို ၀င်ဖို့ အစီအစဉ်ရှိ မရှိလေးကို ပရိသတ်သိအောင်လို့ပြောပေးပါအုန်းခင်ဗျား
ဖြေ-
အကိုရယ်.....မင်းသားတွေ၊မင်းသမီးတွေက ဘယ်သူပဲဖြစ်ဖြစ် အသံကောင်းကောင်း မကောင်းကောင်း သီချင်းပာစ်ဖို့ တော့ အထူးအထွေ စည်းရုံးစရာမလိုဘူး လေ။ခက်တာက ဖြူဖြူက ရုပ်ရှင် ၀င်ရိုက်လို့မရဘူးလေ။ရုပ်အခံကညံ့တာကိုး.........

မေး-ဧပြီလဖူးလ်နေ့က ဖြူဖြူမွေးနေ့နော်
ဖြေ- ပာုတ်ကဲ့

မေး- ဧပြီကောင်မလေးရဲ့ မွေးနေ့အစီအစဉ်ကိုပြောပြပါအုန်းနော်
ဖြေ-
ခစ် ခစ် ခစ် အကိုကတော့လုပ်ပြီ။ အဲဒီနေ့ကျရင် ဖြူဖြူရဲ့ တကိုယ်တော်ရှိုးကို ကန်တော်ကြီးမှာလုပ်မယ်လေ....one lady show ပေါ့။

မေး- ၀င်ကြေးကိုရော ဘယ်လိုသတ်မှတ်ပြီး လက်မှတ်ဘယ်လိုရောင်းမလဲ အဲဒါလေးပြောပါအုန်း
ဖြေ- အကိုကလဲ .........အဲဒီနေ့လိုပွဲမျိုးကို ဖြူဖြူက ပိုက်ဆံတောင်းပြီးရှိုးလုပ်လိုက်ရင် ဘယ်သူ့မှလာကြည့်မှာမပာုတ်ဘူးလေ....ဒါကြောင့် ဖြူဖြူ က ၀င်ကြေး အလကားဆိုပြီး လုပ်လိုက်တာပေါ့။ဒါမှလဲ လူလာမှာပေါ့။ နို့မို့ဆိုရင် တယောက်မှမလာရင် ဖြူဖြူ အရှက်ကွဲမှာပေါ့........အကိုသိတဲ့အတိုင်း စင်ကာပူ ပွဲတုန်းက ၀င်ကြေးနဲ့ ဆိုတုန်းက သုံးလေးယောက်ပဲလာတာလေ......ဒါကြောင့်လူကြားကောင်းအောင်လို့ free show ဆိုပြီးလုပ်လိုက်တာပေါ့။ ပြီးတော့လဲကန်တော်ကြီးမှာ လက်ဝှေ့ပွဲတွေလဲ လုပ်တတ်တော့ မသိတဲ့ သူတွေက လက်ဝှေ့ပွဲနဲ့ မှားပြီးလာနိုင်တယ်လေ......ဒါကြောင့်ကန်တော်ကြီးကိုရွေးလိုက်တာပါ........

မေး-Madalay ကပရိသတ်တွေက ဖြူဖြူ့ရှိုးက လက်မှတ်ဖိုးဈေးကြီးလို့ ကျူံးဘေးမှာ အပြင်က နားထောင်ခဲ့ရတယ်လို့ ဖြူဖြူပြောဘူးတယ်နော်....
ဖြေ-
ဒါကတော့အကိုရယ်....ဘယ်သူကမှသက်သေပြလို့ပြောတာမှ မပာုတ်တာ....အဲဒီတော့ ကိုယ်ဖြစ်ချင်တာတွေကို လျှောက်ပြောတာပေါ့နော်...ဘယ်သူသိတာ လိုက်လို့ ခစ် ခစ် ခစ်

မေး-ဖြူဖြူ ကို ရှိုး ပါဖောမင့် ကောင်းတယ်ဆိုပြီး တော်တော်များများက ပြောကျတယ်နော်
ဖြေ-
အကိုရေ......လူတွေက အခုချိန်မှာ စီးပွားရေးကမကောင်း၊ကုန်ဈေးနှုန်းကြီး၊ မီးကမလာ ဆိုတော့ စိတ်တွေက အလိုလိုနေရင်းကို ရှုပ်နေကျတာပေါ့နော်........ဒါပေမဲ့ ဖြူဖြူက ပေါတောတောလဲ လုပ်ရော ဒါတွေကိုကြည့်ပြီးလူတွေက ရီကျတယ်လေ...ဒါကြောင့်ပါ။

မေး-သင်္ကြန်မှာ သီချင်းဆိုဖို့အစီအစဉ်ရှိလား
ဖြေ-
ဖြူဖြူ့ကို အားလုံးကခေါ်ကျတယ်လေ........အိုင်စီကလဲခေါ်တယ်၊လေးဇီးကလပ်ကလဲခေါ်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေမလာရင် သံလေးသံကြောင် နဲ့ ဖြူ ဖြူ က သီချင်းစ ဆိုပေါ့လေ...စနေပြီ ဆိုတဲ့ သဘောမျိုးပေါ့......လူတွေလဲများလာရော ဖြူဖြူဆင်းပေါ့နော်....မျိုးကြီးတို့ဆိုဖို့အလှည့်ပေါ့။ လူတွေကများလာလို့ ပွဲဆူနေပြီဆိုရင် ပွဲကို ငြိမ်အောင်လုပ်ရပြီဆိုရင် ပရိသတ်တွေစိတ်ညစ်ပြီးပြန်သွားအောင်လို့ ဖြူဖြူကပြန်တက်ပေါ့...ဒါမှလဲလူတွေက စိတ်ညစ်ပြီး ပြန်မှာလေ..... ဒီလိုမျိုးလုပ်ပေးဖို့အားလုံးကခေါ်နေကျတယ်လေ....

မေး-ဖြူဖြူရဲ့ နောက်ထွက်မဲ့ စီးရီးနာမည်လေးပြောပြရင်းနဲ့ ကျွှန်တော်တို့ရဲ့ အင်တာဗျူးလေး အဆုံးသတ်လိုက်ရအောင်နော်...........
ဖြေ-
ခစ်ခစ် ဖြူဖြူကလဲ အရမ်းကိုပြောချင်နေတာ....အဲဒီမှာ ဖြူဖြူကိုယ်တိုင်ရေးထားတဲ့ သီချင်းနှစ်ပုဒ်ပါတယ်လေ......ကြွားချက်ကတော့ ကမ်းကုန်ပဲ နဲ့ ကြွားမ၀ ပေါ့ ..........ဖြူဖြူရဲ့ ရင်ထဲကကြွားလုံးတွေအကြောင်းထည့်ရေးထားတာလေ........ဂရမ်မီိလိုချင်တယ်ဆိုတာလဲပါတယ်.......အများကြီးပါပဲ...အဲ စီးရီးနာမည်က တော့

တေးဘူတိန်

တဲ့
ပြီးပါပြီ
ခင်မင်စွာဖြင့်
ကိုကိုမောင်

No comments: