Search this site(Myanmar & English)

Sunday, November 2, 2008

ဖြူဖြူကျော်သိန်းအင်တာဗျူး-အပိုင်း(၂)

စူးရှအက်ကွဲပြီး မျောက်မင်းအူသံ နဲ့ သီချင်းဆို၊ အ၀တ်အစားဒီဇိုင်း ပေါကြောင်ကြောင် နဲ့ မြန်မာပြည်က အမျိုးသမီး အဆိုတော် ဘယ်သူလဲ လို့ မေးရင် အားလုံးက တညီတညွတ်တည်း ဖြူ ဖြူကျော်သိန်းလို့ပြောကျမှာဖြစ်ပါတယ်။ဒီလိုမျိုး ပေါကြောင်ကြောင် မိန်းကလေး တယောက်ရဲ့ ရင်ထဲမှာ ဘာတွေရှိတယ်ဆိုကို ပရိသတ်တွေ ကိုသိစေ ချင်တဲ့ အတွက် ကျွှန်တော် ကိုကိုမောင် တော်တော်ဆိုး ကိုယ်တိုင်ပဲ သွားရောက်တွေ့ဆုံပြီးအင်တာဗျူးဖြစ်ခဲ့ပါတယ်။

မေး-ဖြူဖြူအင်တာဗျူးအပိုင်း (၁) မှာ ဘုရားသခင် ကို ကောင်းကောင်းကြီး ခုတုံးလုပ်ခဲ့တယ်ဆိုတာကို ဖြူဖြူပြောခဲ့ပြီးပြီနော်။ ကျွှန်တော်နောက်တခုသိချင်တာက ငယ်ငယ် က ဘာသာရေးနဲ့ပတ်သက်ပြီး လုပ်ခဲ့တာလေးတွေ၊ မှတ်မှတ်ရရ ရှိခဲ့တာလေးတွေကိုပြောပြပါအုန်း။
ဖြေ-ခစ်ခစ်ခစ် ငယ်ငယ်တုန်းကတော့ ဖြူဖြူက sunday school ကို တက်ရတယ်။ အဲဒီမှာ ဘုရားသီချင်းတွေဆိုရတာပေါ့နော်.....အဲဒီလိုဆိုရပြီးဆိုဖြူဖြူကို ဘယ်တော့မှ မဆိုခိုင်းဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားသူတွေ ဘုရားသီချင်းကို မုန်းသွားမှာစိုးလို့ပေါ့ (ခစ်ခစ်ခစ်) ပြီးတော့ ဘုရားကျောင်းကို တက်တယ် ဆိုတာကလဲ ယုံကြည် လွန်းလို့တော့ မပာုတ်ပါဘူး။ ကံကောင်းထောက်မစွာနဲ့ ရည်းစားလေး ဘာလေး ရမလားလို့တက်နေရတာ...

မေး-ဒါဆို ဖြူဖြူ့ရဲ့ အချစ်အကြောင်းလေး တီးတိုးလေးများရှိခဲ့ရင်တခုလောက်ပြောပြပါအုန်း။
ဖြေ- ဖြူဖြူ က ကိုယ်တိုင်သာ အသားမဲတာ ဒါပေမဲ့ ရည်းစားကျတော့ အသားဖြူတဲ့လူကို ပိုပြီးစိတ်ဝင်စားတယ်လေ။ အခုချိန်ထိတော့ ဖြူ့ ကို ကြိုက်တဲ့လူတယောက် မှမရှိသေးဘူး။ ကျောင်းတက်တုန်းကဆို ဖြူဖြူက လိုက်ကြိုက်တာတောင် ကောင်လေးတွေက ထွက်ပြေးကျတယ်လေ....ဒါကြောင့် ဖြူဖြူရဲ့ အရင်းနှီးဆုံး သူငယ် ချင်းတွေက ဆို ဖြူဖြူကို ရွယ်ခူးလို့ခေါ်တယ်လေ..... (ကိုယ်ရည်ရွယ်လိုက်ရင် သူများကခူးသွားလို့ပေါ့) ခစ်ခစ်ခစ်

မေး-ဒါဆိုဆေးကျောင်းတက်တော့ မှ ချစ်သူရတယ်လို့ပဲပြောရတော့မှာပေါ့
ဖြေ-ဆေးကျောင်းကလူတွေကပိုဆိုးတယ်...စာပဲစိတ်ဝင်စားကျတာ..ဖြူဖြူကို ဂရုတောင်မစိုက်ကျဘူး။ တခါတလေတော့ သန့်ရှင်းရေးကုလားမနဲ့တော့ တချို့က မှားဘူးကျတယ်လေ......ကြိုက်မဲ့သူလုံးဝကိုမရှိခဲ့တာပါ....
မေး-ဖြူဖြူကိုအဆိုတော်မဖြစ်ခင်ဆေးကျောင်းက အမှတ်တရလေးတခုလောက်
ဖြေ-ဖြူဖြူကဆယ်တန်းနဲ့ ဆေးကျောင်းမပြီးခင် ........အင်းဘာလို့ပြောရမလဲ အဆိုတော်မဖြစ်ခင်က နည်းနည်းဝတယ်လေ..အဲဒါကြောင့် တချို့က နဂိုကလဲမဲတော့ ဖြူဖြူကို ဆေးဘဲဥ လို့တော့ ချစ်စနိုးခေါ်ကျတယ်။
မေး-ဖြူဖြူအားတဲ့အချိန်ကျရင်ဘာတွေလုပ်တယ်ဆိုတာလေးတခုလောက်
ဖြေ-အော်ဒါလား...ပြောပြီးသားပဲလေ...ဖြူဖြူကသောက်ပျင်းကြီးတော့ စားပြီးရင်အိပ်နေတာပေါ့လို့ ...........ခစ်ခစ်ခစ် ဒါပေမဲ့ တခါကတော့ ဖြူဖြူမအိပ်ပဲ ကဗျာတပုဒ်ရေးဘူးတယ်။ ပာင်းပာင်းပာင်း( အောက်ကလိသံဖြင့်ရီသည်) ဖြူဖြူ့ ကဗျာကိုလူတိုင်းကကောင်းလွန်းလို့တဲ့ ....ကဗျာနဲ့ပတ်သက်ပြီး ကျွမ်းကျင်တယ်လို့တော့မပာုတ်ပါဘူး။ဒါပေမဲ့ ကျော်ကြားချင်တော့လဲ စိတ်ကူးတည့်ရာလျှောက်လုပ်တာပေါ့နော်.......
ရင်မှာမီးတောက်
ဖင်မှာချီးခြောက်
အဲဒါမင်းကြောင့်
အဲဒါဖြူဖြူစပ်ထားတဲ့ကဗျာလေ...ခစ်ခစ်ခစ်

မေး-ဖြူဖြူကသီချင်းဆိုတာတဖက်နဲ့ ကျောင်းကတဖက်ဆိုတော့ တော်တော်ပင်ပန်းခဲ့မှာပေါ့နော်
ဖြေ- အော်ဒါကတော့ ဖြူဖြူ့ရဲ့ မမကျေးဇူးလို့ပြောရင်ရတယ်လေ။ဖြူဖြူ့ရဲ့ မမက စာတော်တော့ ဆရာ ဆရာမတွေက မမကိုချစ်ကျတယ်လေ။ဖြူဖြူကတော့စာမရ တာများတယ်လေ။အဲတော့ မမကပဲဆရာတွေကို ကန်တော့ပြီးဖြူဖြူ့ကိုမအောင်အောင်လို့ကို လုပ်ပေးခဲ့တာပေါ့။ဆရာတွေကလဲ ဒီတိုင်းတော့ လုပ်မပေးဘူးလေ ဖြူဖြူနဲ့ ဖြူဖြူ့အမကို ဂတိတခုတောင်းတယ်.....ဆေးကျောင်းပြီးသွားရင်ဆေးမကုစားပါဘူးလို့လေ။

မေး-ဖြူဖြူ့ရဲ့ ပထမဦးဆုံးအခွေနဲ့ပတ်သက်ပြီး ပြောပြပါအုန်း
ဖြေ-ဖြူဖြူကလဲ ကြွားချင်....အဲလေ...ပြောချင်နေတာ။အဲဒီအချိန်တုန်းက အဆိုတော်တွေ ရေခမ်းလို့ ရေခပ်နေတဲ့အချိန်ပေါ့လေ။ပာိုး....ရှင်းရှင်းပြောရရင် ပြန်ဆို တေးတွေဆိုပြီး ပရိသတ်ဆီက ငွေချူ နေတဲ့ အချိန်ပေါ့။ပြီးတော့လဲ အဲဒီအချိန်တုန်းက အတွဲအခွေတွေခေတ်စားနေတဲ့အချိန်မှာ ဖြူဖြူ့အခွေကိုထုတ်တာပါ။အဲဒီ အချိန်တုန်းက အခွေထွက်တဲ့နေ့မှာပဲ ဖေဖေ က သူ့သူငယ်ချင်းတွေနဲ့ နီးစပ်ရာတွေကို ပိုက်ဆံပေးပြီး ဖြူဖြူ့အခွေတွေကိုပြန်ဝယ်ခိုင်းလိုက်တယ်လေ.....ပြီးတော့လဲစပြီးထုတ်ထဲ က နည်းနည်းလေးပဲ ထုတ်တာဆိုတော့ ခဏလေးနဲ့ကုန်ပြီး အခွေတွေကရောင်းကောင်းတဲ့ပုံစံမျိုး လုပ်ယူရတာပေါ့နော်။လူတွေကိုလဲ ဖြူဖြူအခွေကို ကောင်းတယ်ပြော အောင်လို့ ဘုရားကိုပဲ ဘယ်လောက်ကြီးယုံကြည်ပြီးကျေးဇူးတော်ကိုဘာညာဘာညာပေါ့နော်........တော်တော်ကြီးကိုလုပ်ယူရတာပါ။ပြီးတော့လဲ ဖြူဖြူကိုယ်တိုင် ပလန်းနက်တို့၊ပုဂံနက်တို့မှာ nick မျိုးစုံနဲ့ ဖြူဖြူကျော်သိန်းက အတော်ဆုံး၊အကောင်းဆုံးတွေ လျှောက်ရေးတာပေါ့။

မေး-နာမည်ကြီးအဆိုတော်တွေရဲ့ အခွေတွေခိုးကူးခံကျရတယ်နော်....ခိုးကူးခံရတယ်ဆိုတာကလဲ နာမည်ကြီးအဆိုတော်ဖြစ်မှ ဆိုတော့ ခိုးကူးခွေတွေနဲ့ ပတ်သက်တဲ့သဘောထား လေးပြောပြပါအုန်း
ဖြေ-အော် ဒါက ဖြူဖြူအနေနဲ့ပြောရရင်တော့ (ဗမာစကားနဲ့ ပြောရရင်ပေါ့နော်)....၀ဋ်လည်တယ်လို့ပဲပြောရမှာပဲ။ဘာဖြစ်လို့လဲဆိုတော့ ဖြူဖြူက အတန်းစဉ်စာခိုးချ ခဲ့တယ်၊ပြီးတော့လဲ သူများသီချင်းတွေကို ကော်ပီတင်မပာုတ်ဘူး စတိုင်ကိုပါခိုးတာဆိုတော့ ဖြူဖြူကတော့ခိုးချင်ခိုးပါစေပေါ့နော်...ဖြူဖြူခိုးခဲ့တဲ့ ငရဲတွေ ချေပေး တယ် လို့ပဲမှတ်ပါတယ်။(ဒီနေရာအင်တာဗျူးပြုလုပ်သူကိုကိုမောင်အရမ်းကိုအံ့သြပါတယ်။မြန်မာပြည်မှာမွေး၊မြန်မာပြည်မှာကြီးပြင်းပြီး ဗမာစကားနဲ့ပြောရရင်လို့ ပြောလို့ပါ)

မေး-ဖြူဖြူ့ကို အိုင်စီက စင်တင်ပေးတာနဲ့ပတ်သက်ပြီး ပြောပြပါအုန်း။
ဖြေ-အဲဒီအချိန်တုန်းက ပေါကြောင်ကြောင်လုပ်ပြမှခေတ်စားတာဆိုတော့ အိုင်စီအနေနဲ့ ကပေါကြောင်ကြောင်လုပ်မဲ့သူလိုက်ရှာနေတဲ့အချိန်ပေါ့။ သူတို့က ဖြူဖြူကို လဲတွေ့သွားတော့ လိုက်ရှာစရာမလိုတော့ဘူး...ပာန်ကျပြီဆိုပြီးဖြူဖြူ့ကို စင်တင်ပေးကျတာပဲပေါ့။ဦးကိုကိုလွင်ကဆို စဆိုမဲ့နေ့မှာ ဖြူဖြူက အဖြူရောင်ဝတ်လာ တော့ဘာပြောလဲဆိုရင် ငါတို့လူရွေးမမှားဘူးတဲ့ အသားမဲ အရဲဆင်တဲ့ ဒီကောင်မလေးစင်ပေါ်မှာ ပေါတောတောလုပ်ပြဖို့ပဲလိုတယ်တဲ့။ အဲဒါနဲ့ ကိုချစ်စမ်းမောင် တို့ကလဲဝိုင်း ပြီးဆုတောင်းပေးကျတယ်..ပြီးတော့ ဘာမှမကြောက်နဲ့၊တက်သာတက်လိုက်၊လုပ်ချင်တာလုပ်ခဲ့၊စိတ်ထဲရှိတဲ့အတိုင်းပေါတောတောတွေလုပ်ခဲ့လို့ ၀ိုင်းမြှောက် ပေးကျတယ်။ ဖြူဖြူကလဲမြှောက်ပေးစရာတောင်မလိုပါဘူးလေ...ယောင်္ကျားလေးသာဆို တက်ပြီးတော့သေတယ်....

မေး-ပိာုတလောက ရခိုင်လေဘေးနဲ့ပတ်သက်ပြီး ဖြူဖြူ ကဗျာရွတ်လိုက်သေးတယ်နော်..ဒါနဲ့ပတ်သက်ပြီးတော့ တခုခုလောက်ပြောပါအုန်း
ဖြေ-ဖြူဖြူအပေါ်မှာပြောခဲ့သလိုပဲလေ...ဖြူဖြူကိုယ်တိုင်လဲကဗျာစပ်တယ်ဆိုတာ...လေဘေးဆိုရင်ဖြူဖြူကအရမ်းကိုရင်ခုန်တယ်လေ..ဘာလို့လဲဆိုတော့ ဖြူဖြူကိုယ် တိုင်ကလဲ လေဘေးထည်တွေပဲ တစိုက်မတ်မတ်အားပေးခဲ့တာကိုး.........ခစ်ခစ်ခစ်ပြီးတော့လဲ သီချင်းဆိုတာခေတ်မကောင်းတော့ရင် လိုင်းပြောင်းရတာ အဆင်ပြေအောင်လို့အခုထဲက ကြိုပြီး စာပေလောကနဲ့ ပတ်သက်အောင်လုပ်ယူထားရတာပါ..........ဖြူဖြူရဲ့ ပေါတောတောတွေကို လူတွေကရိုးသွားရင် စာပေ လိုင်းထဲပြောင်းရအောင်လွယ်အောင်လို့ အခုထဲက ကဗျာရွတ်တာတို့လုပ်ထားတာပေါ့။

မေး-ဖြူဖြူကိုယ်တိုင်စပ်ခဲ့ English ကဗျာလေးရွတ်တာဆို.......
ဖြေ-ဒီကဗျာက ပာိုကဗျာထဲက နှစ်ကြောင်းလောက်၊ဒီကဗျာထဲက တကြောင်းလောက်ခိုးချတာပေါ့။ men may come and men may go ဆိုပြီးလို့တောင်ပါနေလို့ ဖြူဖြူ့အမက ဒီလောက်တော့ ခိုးမချလို့တားရသေးတယ်လေ.......ကဗျာရွတ်တယ်ဆိုတာကလဲဘာခက်တာလိုက်လို့၊ တွေ့ကရာလျှောက်ရွတ်ပေါ့...ခစ်ခစ် မြန်မာလိုရွတ်တာမှ မပာုတ်တာ...လူတွေကသိပ်ပြီးသတိမထားမိဘူးလေ....နားမလည်အောင်ရွတ်လိုက်တာပေါ့နော်...ဒါမှလဲ English ကို အရမ်းကျွမ်းပြီး ပီတဲ့ ပုံစံမျိုးဖမ်းရတာပေါ့....ခစ်ခစ်ခစ်.....

No comments: