Search this site(Myanmar & English)

Sunday, November 2, 2008

ဖြူဖြူကျော်သိန်းအင်တာဗျူး-အပိုင်း(၁)

ပဒုမ္မာဖိုရမ်မှ bro ကိုကိုမောင်တော်တော်ဆိုး၏ပို့ စ်အားခိုက်လွန်းသဖြင့်ကူးယူဖော်ပြသည်။ (all credit to kokomgtawtawsoe-padonma.com)

မေး-ဖြူဖြူကျော်သိန်းဆိုတာနာမည်အရင်းပဲလား။
ဖြေ-ပာုတ်ပါတယ်။ဒို့ကမွေးတုန်းကအသားအရမ်းမဲတယ်လေ....ပြီးတော့လဲဒို့မိဘတွေကအသားအရမ်းမဲနေတဲ့ဒို့ကိုဖြူတာလေးပါသွား အောင် လို့ ဖြူဖြူကျော်သိန်း လို့ မှည့်ခဲ့တာပေါ့...(ခစ်)

မေး-အခုကျောင်းပြီးသွားပြီဆိုတော့ ဆရာဝန်အလုပ်ကိုဆက်လုပ်မလုပ်.......
ဖြေ-
အင်းဒါကတော့ ဘယ်လိုပြောရမလဲ...ဒို့ကဆရာဝန်ဖြစ်တယ်ဆိုပေမဲ့ စာကကောင်းကောင်းမတတ်ဘူးလေ ဆရာဝန်ဖြစ်လို့ဆေးကုလဲ ဘယ်လိုပြော မလဲနော်.... (ပီား)တော်ကြာဒေါက်တာ (အလောင်းစည်သူ) ဖြူဖြူကျော်သိန်းဖြစ်သွားမှာပေါ့.....

မေး-အနုပညာကိုဝါသနာပါလာရတဲ့အကြောင်းရင်းခံလေးများပြောပြပါလား။
ဖြေ-
အော်...ဒါလား....ဖြူဖြူကလေအနုပညာနဲ့ပတ်သက်ပြီးတော့ ၀ါသနာပါတယ်လို့တော့ မပာုတ်ဘူး ပေါ့နော်...ဒါပေမဲ့လဲ လူတွေက ပေါတောတောလုပ်ပြရင်ကြိုက်ကျတယ်မပာုတ်လား။ဒါကြောင့်ဖြူဖြူက ပေါတောတော တွေလုပ်ပြရတာပေါ့။ ပြီးတော့ အပေါ်မှာပြောခဲ့သလိုပဲ စာကလဲ ကောင်းကောင်းမရတာလဲ ပါတာပေါ့နော်။ အခုချိန်မှာ လုပ်စားလို့ ကောင်းတဲ့ ပေါတောတောတွေပဲလုပ်တာ ဆေးကုတာထက်ပိုပြီး income ကကောင်းမယ်လို့ ထင်မိလို့သီချင်းဆိုကြည့်တာပါ။

မေး-အနုပညာကိုငယ်ငယ်ထဲက ဘယ်လိုမျိုးစိတ်ဝင်စားတယ် ဆိုတာလေးများ ရှိရင် ပြောပြပါလား။
ဖြေ-
အော်…ဒါကတော့လေ..ဖြူဖြူက ငယ်ငယ်က သရဲ အရမ်းကြောက်တော့ အိမ်သာတက်ရင်ပဲဖြစ်ဖြစ်၊ ရေချိုးရင်ပဲ ဖြစ်ဖြစ် သီချင်းတွေကို အကျယ်ကြီးအော်ဆိုတာပေါ့….ဘယ်လောက်များသရဲကြောက်တတ်လဲ ဆိုရင် ဖြူဖြူတခါမှ မှန်မကြည့်ဘူးလေ။ အခုကျတော့ အဲဒီတုန်းက သရဲကြောက်လို့ဆိုတာကို ၀ါသနာပါတယ်ဆိုပြီး ဆွဲထည့်တာပေါ့ နော်။

မေး-အခုကျောင်းပြီးပြီဆိုတော့ ပောာက်ဆာဂျင်လုပ်မလုပ်လေးပြောပါအုန်းနော်...
ဖြေ-
အော်...ဒါလား။ဖြူဖြူကိုဆို ကလေးမိဘတွေက အရမ်းအားကိုးတယ်...အခုခေတ်ကလဲ ကလေးတွေက အရင်လိုဒေဝေါနဲ့ ခြောက်ရင်မကြောက်တော့ဘူးလေ။အဲတော့ကလေးတွေငြိမ်အောင်လို့ ဆိုပြီးတော့ ပိာုအသားမဲမဲနဲ့ဆရာဝန်မကြီး ကိုခေါ်ပြီးဆေးထိုး ခိုင်းလိုက်မယ်လို့ပြောရင်ကလေးတွေကကြောက်ကျတယ်လေ..

မေး-ဒါဆိုဖြူဖြူကပေါတောတောလုပ်နေရတယ်ဆိုတာလုပ်ငန်းသဘောပေါ့နော်။
ဖြေ-
ဒါတော့မပာုတ်ဘူး။ဖြူဖြူကနဂိုထဲက ပေါတောတော၊ရူးကြောင်ကြောင်လုပ်ပြီး လူတွေစိတ်ဝင်စားအောင်လုပ်တာ ငယ်ငယ်ထဲကပါ...

မေး-ဖြူဖြူက ပွဲကျရင် ၀တ်စားတာနဲ့ ပတ်သက်ပြီးတော့ သီချင်းမဆိုခင်လူမမြင်အောင်နေတယ်နော်…အဲဒါနဲ့ ပတ်သက်ပြီးတော့ တခု ခု လောက်များ ရှင်းပြပါလား။
ဖြေ-
ခစ်ခစ်ခစ်…ဖြူဖြူကလေ ၀တ်လို့ရှိရင်ပုံပုံစတိုးကမှ ၀တ်တာ။ ဈေးလဲသက်သာတယ်လေ..ဖြူဖြူကိုယ်တိုင်ပဲ ဖရေဇာမှာရှိတဲ့ ပုံပုံစတိုး မှာ ရွေးယူတာပေါ့။ လူတွေကတော့ ဖြူဖြူကို အပြင်မှာမြင်ရင်မမှတ်မိကျဘူးလေ။ ဒါပေမဲ့တော်တော်များများက ပုံပုံအထည်ဆိုရင် သိတာများလို့ ဖြူဖြူက ထမင်တကာ ပိုက်ဆံပေးပြီးကြည့်ရတဲ့ ပရိသတ်အတွက်ပဲ လို့ ပာန်လုပ်ပြီးပြောရတာပါ။ မဆိုခင်လူတွေတွေ့သွားရင် ဖြူဖြူကို ပုံပုံအထည်တွေ ၀တ်ထား တယ်ဆိုတာ သိကုန်ကျမှာပေါ့။ စင်ပေါ်ရောက်တော့ မီးရောင်နဲ့ ဆိုတော့ ပုံပုံအထည်မှန်း သိပ်မသိတော့ဘူးလေ။

မေး-ဖြူဖြူကဘာသာရေးနဲ့ပတ်သက်ပြီးတော်တော်ကိုင်းရှိုင်းတယ်နော်။ ပထမဆုံးစီးရီး အင်တာဗျူးတုန်းက ဘုရားသခင်ပေးသနားတဲ့ အသံလို့ပြောဘူးတယ်နော်
ဖြေ-
အော်....ဒါကလဲအဲဒီတုန်းကဒီလိုမျိုးပေါတောတောစလုပ်ရမှာဆိုတော့ မအောင်မြင်ရင်ရှက်စရာကြီးလေ...ဒါကြောင့် ကိုယ့်အပြစ်မဖြစ် အောင်လို့ဘုရားသခင်ကိုဆွဲထည့်လိုက်တာပါ။ခစ်...ခစ်...အောင်မြင်ရင်တော့ကိုယ်တော်လို့ပေါ့နော်

မေး-အခုလက်ရှိမှာရောအောင်မြင်ပြီလို့ပြောလို့ရပြီလား။
ဖြေ-
ဒါကတော့ဘယ်လိုပြောမလဲနော်...လူဆိုတာကိုယ့်အကြိုက်နဲ့ကိုယ်ပေါ့...ပေါတောတောလုပ်ပြတာကြိုက်တဲ့သူတွေကတော့ ဖြူဖြူကိုအရမ်းအားပေးတာပေါ့။ တချို့ကျတော့လဲ ဖြူဖြူကို ပေါတာမ ပေါ့လေ... ဖြူဖြူကတော့ ကိုယ့်ကိုပေါတာမလို့ ခေါ်တာကိုလုံးဝစိတ်မဆိုးပါဘူး။မှန်တာကိုခေါ်တာပဲနော်စိတ်ဆိုးစရာလား...ခစ်ခစ်ခစ်ခစ်

မေး-ဖြူဖြူကသီချင်းဆိုတဲ့အခါမှာပာန်ပန်အပြည့်နဲ့ဆိုတယ်နော်....အဲဒါနဲ့ပတ်သက်ပြီးတော့နည်းနည်းလောက် ရှင်းပြ ပါအုန်း။
ဖြေ-
ဒါကတော့ပြောရမယ်ဆိုရင်အရှည်ကြီးပဲ..ကြုံကြိုက်လို့ပြောရမယ်ဆိုရင်တော့...ဖြူဖြူရဲ့အကြောင်းကိုသိတဲ့သူတွေက ကြီး(၃)ကြီးမဲပလေ လို့ခေါ်တယ်လေ...ပထမကြီးတကြီးက သောက်စားကြီးတာပါ၊ ဒုတိယကြီးကတော့ သောက်ပြောကြီးတာပါ၊နောက်ဆုံးကြီးကတော့ သောက်ပျင်းကြီးတာပါ။ဥပမာပြောရရင် ဖြူဖြူ့ အရင်တုန်းက အေးချမ်းမေရဲ့သီချင်းကို ယုဇန က ဆိုတုန်းက လူတွေက မကြိုက်ကျဘူးလေ.. City FM နှစ်ပတ်လည်မှာ ဖြူဖြူအလှည့်လဲကျရော ဖြူဖြူကအားလုံးထက်သာအောင်ဆိုမယ်ပေါ့နော်... အရည်အချင်းကနဲတော့ ပာာမိုနီလိုက်မဲ့သူတွေကိုအများကြီးခေါ်၊ပြီးတော့သီချင်းဆိုတာကိုလူတွေသိပ်ပြီးသတိမထားမိအောင်လို့ ဖြူဖြူထက် ရုပ်ချောတဲ့မော်ဒယ်လ်ကိုသုံး။ဒီလိုမျိုးကြံဖန်ရတာပေါ့နော်။ပြီးတော့လဲအဲဒီနေ့ကဖြူဖြူက ပဲကြီးပာင်းတွေ စားထား တယ်လေ.... ၀တ်ထားတာကလဲအဖြူရောင်ဆိုတော့ တော်တော်နေရခက်တာပေါ့နော်......သီချင်းကိုဆိုနေရင်း နဲ့ ဖြူဖြူက အရမ်းဗိုက်နာလာတယ်လေ...ဒါကြောင့်မျက်နှာကြီးကို ရှူံမဲ့ထားတာပေါ့။ နောက်ပြီး ဗိုက်က အရမ်းနာနေတော့ သီချင်းဆိုနေရင်းထွက်ကျမှာစိုးလို့ စင်ပေါ်မှာ ပိာုလျှောက်လိုက်၊ဒီလျှောက်လိုက်နဲ့ လုပ်နေတာပေါ့... ခစ်ခစ်ခစ်.. တခုကံကောင်းတာက လူတွေက ဖြူဖြူဗိုက်နာ နေတာကိုမသိဘူးလေ... ဖြူဖြူခံစားချက်အပြည့်နဲ့ ဆိုနေတယ်ပဲ ထင်နေကျတာလေ....သီချင်းလဲဆိုပြီးတော့ဖြူဖြူလဲ တန်းပြီးအိမ်သာကိုပြေးရတာပဲ။စဉ်းစားကြည့်ပေါ့နော်….ဖြူဖြူကို ပရိသတ် က တကယ် လက်ခံပြီ ဆိုရင် ဆုတွေပေးတဲ့အထဲ မှာ ဖြူဖြူပါရမှာပေါ့။ အခုသူများတွေပဲရတယ်ဆိုတော့ ဖြူဖြူကို လူတွေက သိပ်ပြီးလက်မခံ သေးတဲ့ သဘောရောက်တာပေါ့။

မေး-ဖြူဖြူစင်္ကာပူမှာ သီချင်းဆိုတာနဲ့ ပတ်သက်ပြီးတော့ ပြောချင်တာလေးတွေရှိရင် တခုလောက်….
ဖြေ-
ပြောရမယ်ဆိုရင်တော့ အများကြီးပဲ။ ပာမ်ဘာဂါတလုံးကို (၃၅)ဒေါ်လာပေးရတယ်ဆိုတာက ဆင်လောက်ကြီးတဲ့ ပာမ်ဘာဂါကိုပြောတာ ဖြူဖြူတို့ စားတဲ့ ဘာဂါက (၃၅) ဒေါ်လာဆိုတာ လူ (၁၀)ယောက်စာကိုပြောတာလေ။ ဒါပေမဲ့ အင်တာဗျူးတခုမှာ ခပ်တည်တည်နဲ့ ဖြီးတာပေါ့ ။ဘယ်ရမလဲ။ ပြီးတော့လဲ ပရိုဂျူဆာတွေက လာကြည့်တယ်ဆိုတာကလဲ သူတို့ဖာသာ စင်ကာပူ ဂေးလန်းကို လာတာလေ.. လမ်းကြုံလို့ဝင်ကြည့် သွားတဲ့သဘောပါ။ သူတို့အိမ်တွေကိုလဲ အကြောင်းပြလို့ကောင်းသွားတာပေါ့နော်။

မေး-ဖြူဖြူကပြောတော့ စင်္ကာပူမှာသီချင်းဆိုတုန်းက ခေါင်းကိုမော့ပြီးဆိုတယ်လို့ပြောတယ်နော်။
ဖြေ-
အော်…ဒါလား။ဖြူဖြူရဲ့ အရပ်က ခွေးပစ်တဲ့တုတ်သာသာလေးပဲ ရှိတာဆိုတော့ အရပ်ကို မရှည်ရှည်အောင်လို့ မော့ထားရတာပါ။ ဒါပေမဲ့ အင်တာဗျူးမှာကျတော့ လူတွေအထင်ကြီးအောင်လို့ ခပ်တည်တည်နဲ့ ဖြီးဖြန်းတာပေါ့။

မေး-စင်ကာပူမှာ လာပြီးအားပေးတဲ့ မြန်မာတွေရော များလား။
ဖြေ-
ခစ် ခစ် ခစ် လူဆိုတာမျိုးက လမ်းဘေးက မျောက်ပွဲတောင်အုံကြည့်ကျသေးတာပဲ… လာကြည့်ကျတာပေါ့။ အများကြီးတော့ မပာုတ်ပါဘူး။ (၃) (၄) ယောက်ပေါ့နော်။ ပြီးတော့ သူတို့တွေပွဲလဲပြီးရော ငိုကျတယ်။ လာကြည့်ရတဲ့ ပိုက်ဆံကို မုန့်စားတာမှ ပိုပြီး အကျိုးရှိနိုင်တယ်ဆိုပြီးတော့ပေါ့…

No comments: