Search this site(Myanmar & English)

Sunday, November 9, 2008

ရှိနေမယ်-ဟန်ထွန်း(With lyrics)

ယုံကြည်ခြင်း

Download Here!

အချစ် အောင်မြင်ခြင်းရဲ့ တန်ခိုးရှင်ပါ စွမ်းအားများ ပေးပါ
အချိန်ခါ ကျရောက်လို့ လာပြီ
ဘဝ ကြုံမယ် မသိကိန်းများစွာနဲ့ လျှို့ဝှက်တဲ့ ပုစ္ဆာများ
ကိုယ်ဖြေရှင်းဖို့ အင်အားများ

အတူတူတွဲ မင်းလက်များ ခိုင်ရဲ့လား
ဒီတိုက်ပွဲ တိုက်နိုင်ဖို့ ခံနိုင်အား
သိမ်မွေ့သော မင်းအချစ်များ ကိုင်ဆုပ်ရင်း
ကမ္ဘာမြေဆုံး တဲ့ ထိ တိုင်

အချစ်အတွက် နဲ့ ကူးခတ်ဆဲ
ကမ်းစပ်မဲ့တဲ့ ဘဝလှိုင်းတွေထဲ
အချစ်အတွက်နဲ့ ပျံသန်းဆဲ

တို့ အသာယာဆုံး အချစ် တိုင်းပြည်ရယ် တစ်နေ့နေ့တော့ ရောက်မယ်
ရင်ခွင်ထဲ မင်း အမောဖြေကွယ်
ဘဝ အကြိမ်ကြိမ် အရှုံးနဲ့ လဲပြိုခိုက် အနမ်းများနဲ့ ဖေးထူလိုက်
မလိုသူတွေဟာ တို့ နှစ်ဦးကြား

လူလစ်တုန်း သွေးခွဲမယ့် လေပြေများ
ကိုယ်နဲ့မင်း အချမ်းသာဆုံး ကိုယ်ကျင့်တရား
ကွယ်ရာလည်း တို့ရင်ထဲ ညီညာဆဲ
ကမ္ဘာမြေဆုံးတဲ့ ထိတိုင်

အဆုံးအစမဲ့တဲ့ ကောင်းကင်နက်ထဲ အချစ်အတွက်နဲ့ ကူးခတ်ဆဲ
ကမ်းစပ်မဲ့တဲ့ ဘဝလှိုင်းတွေထဲ အချစ်အတွက်နဲ့ ပျံသန်းဆဲ

အချစ်အတွက်နဲ့ ကူးခတ်ဆဲ
အဆုံးအစမဲ့တဲ့ ကောင်းကင်နက်ထဲ
အချစ်အတွက်နဲ့ ပျံသန်းဆဲ
အချစ်အတွက်နဲ့ ကူးခတ်ဆဲ


ရင်ခုန်ဘက်သို့တမ်းချင်း

Download Here!

ပြန်ဆုံချင်ရင် ရင်ခုန်သံကို မညာနဲ့လေ မညာနဲ့လေ သေချာ စဉ်းစား
ဒီတစ်ခါ ရင်ခုန်သံကို ညာခဲ့ရင် ငါနဲ့မင်း တကယ်ကို အဝေးဆုံး
ဟိုး...တစ်ချိန်က အို မင်းပြောဖူးခဲ့ ချစ်တဲ့ စကားတွေ
ငါ မှတ်မိလို့ နေသေး
လွယ်လွယ် မေ့ပစ်လို့ မဖြစ်ဘူး ငါနဲ့မင်းက ဘဝအတူ ရင်ခုန်ဘက်လူ
တကယ် အပြီးသတ် မဝေးသေးခင် ပြန်စဉ်းစား
ရည်ရွယ်တဲ့ဘဝရဲ့ ခရီးလေးဆက်ချင်လို့

အချိန်လွန်ခင် နင်ပြန်ခဲ့လေ ကိုယ်မျှော်လင့်နေ အတူ ဆုံမယ့်နေ့
အို ကျန်တာတွေအတွက်နဲ့လေ ငါနဲ့မင်း ရင်ခုန်သံ မညာကြေးနော်
ဟိုး... တစ်ချိန်က အိုမင်းပြောဖူးခဲ့ ချစ်တဲ့စကားတွေ
ငါ မှတ်မိလို့ နေသေး

ဟိုး... အရင်က မင်းပြောဖူးခဲ့ သိပ်ချစ်တဲ့ အကြောင်းတွေ
အကုန် ကျန်ရစ် နေနေဆဲ
လွယ်လွယ် မေ့ပစ်လို့ မဖြစ်ဘူး ငါနဲ့မင်းက ဘဝအတူ ရင်ခုန်ဘက်လူ
တကယ် အပြီးသတ် မဝေးသေးခင် ပြန်စဉ်းစား
ရှေ့ဆက်မယ့် ဘဝရဲ့ခရီး ရင်ခုန်ချင်တိုင်း
လွယ်လွယ် မေ့ပစ်မနေနိုင်သေးဘူး ငါနဲ့မင်းက ဘဝအတူ ရင်ခုန်ဘက်လူ

မင်းနဲ့တို့ရဲ့ အချစ်တွေ မေ့ပြီလား


ရှိနေမယ်

Download Here!

အို ပျော်ရွှင်ခြင်းများ တကယ် နီးနီးလေး ရှိလျက်နဲ့
ဝင်လာမယ် ဝမ်းနည်းမှုတွေ မျှော်မနေလည်း ကြုံမယ

ဒီလိုပဲပေါ့ အလွမ်းဆွေးများဟာ
ဝေဒနာ အလွမ်းအဆွေးများဆိုတာ ပျော်စရာတွေ ခိုးယူသွား
ကဲ ငိုမနေနဲ့တော့ အရေးမကြီးသလို ထားလိုက်
အခက်အခဲတွေ မေ့လိုက် ကြာလာရင် ရူးမယ် မတွေးနဲ့
အရှုံးတွေကို သတိရနေမလား
အရှုံးတွေကို ခံစားနေမလား

တစ်ခါ ငိုချင်တိုင်း ငါ မင်းရဲ့အနားမှာ
ငါ မင်းရဲ့အနားမှာ အတူတူ ရှိနေမှာ
ငါ မင်းလေးရဲ့အနား အတူတူရှိချင်သား
လူဟာ လိုအပ်ခြင်းနဲ့ အမြဲတမ်း ရှိနေမယ်
ကိုယ်သဘောတစ်ခုတည်းနဲ့ ညီချင်လည်း ညီမယ်


ရင်နာတယ် ဧပရယ်

Download Here!

သစ်ရွက်နုတို့ ပွင့်ဝေ နွေဦးမိုး ရေ ဘယ်ဆီ လွင့်မလဲ ရွက်ကြွေအိုတို့ ဘဝ
အမြဲစိမ်းလန်း လှပနိုင်ဖို့ ရွက်သစ်တို့အတွက် ဘေးဖယ် လွင့်ကြွေခရီး
နွေရဲ့ကြွေရွက်များ
အမှတ်တရ တို့အတိတ်က နွေမှာစတဲ့ အချစ်
ဒီ အေပရယ်နွေရဲ့ တစ်ညမှာ ပြန်ရုတ်သိမ်း
ကြည်နူးလို့ အိပ်မရ အချစ်နွေ တစ်ည
လမ်းခွဲညမျက်ရည် အခုနွေ ခြားနားခြင်း အသည်းထဲကနာတယ်

ဝိုး…………
အိပ်မက် အိပ်မက်လား မင်းရဲ့အချစ်တွေ
မင်းအချစ် တစ်ခုတည်း ကိုးကွယ်
အခုတော့ အဆုံးသတ် ဝေးပြီလား\တို့ဝေးကြ
အိပ်မက် မဟုတ်ဘူး တို့ရဲ့အချစ်နွေ
အေပရယ် တို့နှစ်ယောက် အချစ်ဇာတ်လမ်း အိပ်မက်တဲ့လား

မင်းရှေ့မှောက် ဒူးထောက် နွေ အတိတ်ဟောင်းလေးရယ်
ရင်ခုန်သံတွေ ငါတို့ လက်တစ်စုံမှာ စီးဆင်း
မြတ်နိုးခြင်းရဲ့ နိမိတ်ပုံ တစ်ခု
မင်းရဲ့ပခုံးထက် ငါ့ရဲ့ အနမ်းပွင့်ဖူး ဝိုး………….
တစ်နယ်စီဝေးလည်း တို့ရဲ့စိတ်တွေ အတူနီးခဲ့
ယုံကြည်စွာ လက်တွဲ ဘဝကို သုံညနဲ့
မျက်ကန်းလွန်းတဲ့ ငါ့ရဲ့ အချစ်
မင်းနှလုံးသားကို သိပ်ယုံမိတဲ့ အမှား အခု ငါ့ဘဝ ဘယ်မှာ ဝိုး…………

ငါနဲ့မင်း တစ်ယောက်နဲ့တစ်ယောက်ပြိုင်ခဲ့
ဘယ်သူပိုပြီး ချစ်တာလဲ ရင်ခုန်စွာအချစ်ရူးခဲ့တာ
ဒီဘဝကြီးပုံအပ်ပြီးအခုမှ ငါအသိုက်ပျက်တဲ့ငှက်ဘဝ ရင်နာတယ် ဒီနွေညများ
နွေအိပ်မက်လား * *


အိမ်

Download Here!

တို့ဆောက်မယ့် အိမ်လေးရယ် လေမုန်တိုင်းနဲ့ နှင်းတွေထဲ
လဲသွားမှာ စိုးထိတ်ခဲ့ အတူတူ တို့နှစ်ယောက်ရဲ့ ရင်ထဲ
ဘယ်လိုမှ ပြောင်းလဲမသွားမယ့် အချစ်တွေ
ဒီရင်မှာ တို့နှစ်ယောက် ရှိနေလည်း

ကံကြမ္မာရဲ့ လှည့်ကွက်များ\မာယာများ အလယ်မှာ
သင်္ခါရတရားကို ဆန့်ကျင်ကာ
အချိန်တွေတိုင်း တို့ ဆုတောင်းနေတယ်
မပြိုပါနဲ့ အချစ်အိမ်လေး

တို့နှစ်ယောက်ရဲ့အိမ်လေးရယ် ပျော်ရွှင်ခြင်းအပြည့်ရှိချင်ခဲ့
တို့ဘဝတွေပေးဆပ်ခဲ့ ခိုင်မာတဲ့ အချစ်သစ္စာနဲ့
သံစဉ်တွေ လှပလွန်းတဲ့ သီချင်းရယ်
ထာဝစဉ် ကြားခွင့်ရချင်တယ်

ကြမ်းတမ်းလွန်းတဲ့ ဒီမုန်တိုင်းတွေထဲ
အတူ ရင်ဆိုင် ရဲရင့်မယ်
မပြိုပါနဲ့ အချစ်အိမ်လေး
အတူတူသာ တို့ဆုတောင်းနေ
မပြိုပါနဲ့ အချစ်အိမ် အချစ်အိမ်လေး



တို့ဘ၀နေ့သစ်

Download Here!

ဖြတ်ခဲ့ပြီးရင် နောက်ဘဝသစ်ဆီသို့လေ ရောက်နိုင်ဖို့
နှလုံးသားလေးနဲ့ တွေး စဉ်းစားထား တို့ ခရီး ဆက်ကြမယ် အရှေ့ကို
အမြဲ စိမ်းလန်းသွားမယ့် အချစ်တွေ ပေးလိုက်ကြမယ်
နီးစပ်မှု ရိုးသားကြရင် တို့ လက်ဆက်သွယ်ထား
စမ်းချောင်းလေး စီးဆင်းခဲ့ပြီ တို့ ဆုံရာကို
ဘဝနှစ်ခု တူလိုက်တော့မယ် ရပ်တည်စို့
တို့ဘဝသစ်နေ့ သတ်မှတ်လိုက်
စွန့်စားခွင့်နဲ့ ဘဝ မဆုံးသေးဘူး
အို………. တို့နှစ်ယောက်အတွက် အချစ်များက နှစ်သိမ့်တဲ့ဆု
ဒဏ်ရာနဲ့ ကြုံရတိုင်း ငါ မငိုတော့ဘူး\အားပေးမယ့်သူ
မင်းပေးတဲ့လက်တစ်စုံကို ငါ လက်နဲ့ဆုပ်ကိုင်ရင်း ပြည့်စုံပြီ
ဟိုးအတိတ်က ဖြစ်ပျက်ခဲ့သမျှ လွယ်လွယ်မေ့ပစ်လိုက် သတိရမနေနဲ့
တို့နှစ်ယောက်ရဲ့ ဆုံးဖြတ်ချက်က တို့ရဲ့ ဘဝအဖြေပဲ
မင်းနဲ့ တို့ နွေးထွေးမှုတွေ အားတစ်ခုဖြစ်စေခဲ့
စမ်းချောင်းလေး စီးဆင်းခဲ့သလို တို့ ဆက်သွားစို့
ရပ်တည်မှု အလိုက်ဖက်ဆုံး အချစ်တွေမို့
တို့ ဘဝသစ်နေ့ သတ်မှတ်လိုက်
ဒါ တို့နှစ်ယောက်ရဲ့ ရင်ထဲကအတိုင်း
ဒီရှေ့ဆက်ဖို့ ခွန်အားများ ပေါင်းစပ်တဲ့နေ
ပျော်စရာနဲ့ အိပ်မက်လမ်း ကြိုနေ


သူ့အချစ်

Download Here!

ကယ်စင်တွေ ခရီးထွက်သွားတဲ့ မှောင်မိုက်ခြင်းနဲ့ ည
တစ်ယောက်တည်း ကိုယ့်ဘဝမှာ သူ့အလင်း
လေပြေငယ် တိုက်ခတ်ရင်းနဲ့ ညခင်းတစ်ခုရဲ့ အလှ
သူ ဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်
နေရာင်ခြည် တောက်ပဦးမှ ဒီဘဝ သိပ်လှမယ်
အပြင်မှာ တိမ်မည်း မိုးသားတို့ ဖျက်ဆီး
သူလာရင် နွေးထွေးခြင်းနဲ့ သူ့အလင်း မျှလိမ့်မယ်
ကိုယ်ဟာ တစ်ယောက်တည်း လောကအလယ် ပြည့်စုံပြီး

သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အရာရာ ဖြည့်ဆည်းဖို့
လူ့ဘဝက သိပ်တိုတယ် အားလုံးတော့ မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့သဘော
ဟိုးတုန်းက အမှောင်ညများ ဟိုးတုန်းက အမှောင်နေ့များ
အထီးကျန်တာ မေ့ထားဖို့ သူ ဖြည့်ပေး
ကိုယ့်အတွက်တော့ သူဟာ အချိုဆုံးတေး
သိမ်ငယ်စရာ ပြန် မာန်တင်းပေး

သူ့အချစ်က သိပ်လိုတယ်
အားနည်းချက်များကို အနားသတ် ပေးသူ
လူ့ဘဝက သိပ်တိုတယ် အားလုံးမရ စိတ်ဓါတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့ သဘော


မင်းရဲ့အဝေး

Download Here!

စမ်းချောင်းငယ်ထဲ ပန်းလိုပဲ မျောခဲ့ရတယ် အရင် တို့အတိတ်ဟောင်း
မိုးသားတွေဆီကို လှမ်းပြောပြရတယ် ကိုယ် ကြေကွဲကြောင်း
မင်း ပါးပြင်ထက်က အိပ်မက်ဟောင်းများသာ ဝူး……………. လွမ်းဆွတ်ပြီး
ကြင်နာသူရယ် မင်းရဲ့အဝေးမှာ မျှော်လင့်မိ
ဒီဘဝကို လှည့်ကြည့်တိုင်း
အဓိပ္ပာယ်ပျောက်ဆုံးနေ
ကိုယ် ကိုယ်တိုင် ရွေးချယ်ဖူးတဲ့ လမ်းအမှားထဲ
အခုများတော့ အသည်းက ဆွေး

အဖော်မဲ့ လမ်းမှာ မပျော်နိုင်ခဲ့ဘူး
အဖော်မဲ့ လမ်းမှာ ကြေကွဲရသူ
မင်းရဲ့အဝေးမှာ မနေချင်တော့ဘူး
မင်းအချစ်နဲ့ ဝေးရာ
Music :
မင်းမျက်ရည်လေး အခုတော့လွမ်းပြီးရင်းလွမ်းချင် ရင်မှာစွဲတဲ့ မီး
ခိုလှုံရာရင်ခွင် ပေးဖူးတဲ့အချစ်ကို ငါ ချန်ထားမိ
ဒီဘဝဟာ လှည့်ကြည့်တိုင်း
အဓိပ္ပာယ် ပျောက်ဆုံးနေ
ယုံကြည်ရာ ရွေးချယ်ဖူးတဲ့ လမ်းအမှားထဲ
အခုများတော့ အချစ်နဲ့ဝေး

ဒီ အဖော်မဲ့ လမ်းမှာ မပျော်နိုင်ခဲ့ဘူး အဖော်မဲ့ လမ်းမှာ လွမ်းခဲ့ရဖူး
မင်းရဲ့အဝေးမှာ မနေချင်တော့ဘူး မင်းအချစ်နဲ့ဝေးရာ
ဒီ အဖော်မဲ့ လမ်းမှာ လွမ်းနေခဲ့ဖူး မင်းရဲ့အဝေးမှာ လွမ်းခဲ့ရဖူး
မင်းရဲ့အဝေးမှာ မရှိချင်တော့ဘူး မင်းအချစ်နဲ့ဝေးရာ
မင်းရဲ့အဝေးမှာ မရှိချင်တော့ဘူး မင်းအချစ်နဲ့ဝေးရာ
မင်းနဲ့ဝေးချိန်များ မင်းအချစ်နဲ့ဝေးရာ
မင်းနဲ့ဝေးချိန်များ ရင်ခွင်မှာကြေကွဲခဲ့သူပါ
မင်းနဲ့ဝေးချိန်များ ဝူး..ဝူး……..
မင်းနဲ့ဝေးချိန်များ အဖော်မဲ့သော ဘဝ
ကြင်နာသူရယ် မင်းနဲ့ဝေးချိန်များ



စိတ်မပျက်ဘူး

Download Here!

ငါ အပျော်တွေကို စောင့်ရင်း၊ ဘဝကို ဆက်လျှေက်နေဆဲ
အပျော်တွေ ဘယ်နေ့ ဘဝဆီ ဆိုက်ရောက်လာမလဲ
လမ်းကြောင်းမှားယွင်းတဲ့ ထိုးနှက်ချက်တွေ မကုန်နိုင်သေးဘူး
ငါစိတ်မလျှော့ဘူး

ငါတစ်စုံတစ်ရာကို မက်ရင်း ဘဝမှာ အသက်ဆက်ရှင်တုန်း
အတူ ရင်ဆိုင်ဖော်လည်း မတွေ့ခဲ့ပါလား
ရက်စက်တဲ့ လှည့်ကွက်ထဲက ထွက်မပြေးဘူး
ငါ စိတ်မလျှော့ဘူး

အဆင်မပြေဘူး ဘဝက အဓိပ္ပါယ်မဲ့နေ
အဆင်မပြေဘူး အချစ်လည်း အဓိပ္ပါယ်မဲ့နေ
ငါမပျော်နိုင်သေးဘူး အမြဲလွဲနေတယ်/အမြဲတမ်းလွဲနေတယ်
ရေး... စိတ်မပျက်ဘူး

ကံကြမ္မာရဲ့ အခွင့်အရေး တို့စောင့်နေလည်း
အချိန်တွေသာ ကုန်သွား ခက်တယ် တစ်ကြိမ်မှ မရ
ဘဝနဲ့ အချစ်ရဲ့ မိုက်ပြစ် ရင်ထဲစူး
ခံလိုက်မယ် စိတ်မပျက်ဘူး

ဟေး.... အဆင်မပြေဘူး ငါ သိပ်ခက်တုန်းပဲ
အဆင်မပြေဘူး ရက်စက်ခြင်းများလည်း
အို.... မကုန်နိုင်သေးဘူး အချစ်မဲ့ခဲ့လည်း
ရေး.... စိတ်မပျက်ဘူး
ဟေး..... အဆင်မပြေဘူး အကုန်ခက်တုန်းပဲ
ရေး... အဆင်မပြေဘူး ရက်စက်မှုတွေနဲ့
ရေး... ငါ မပျော်နိုင်သေးဘူး အချစ်မဲ့ခဲ့လည်း
ရေး.... ငါ စိတ်မပျက်ဘူး


လွမ်းသူအကြောင်း

Download Here!

မိုးစက်ကလေးများ ငါ့အပေါ် ခုန်ဆင်းရင်း
အို တို့နှစ်ယောက်ရဲ့ အတိတ်ကို သယ်ခဲ့ပြီ
ငါ့ဘဝရဲ့ အကြောင်းတွေ ပြန်တွေးရင်း မေ့မရခဲ့ဘူး

ငါ မိုးစက်များရဲ့အောက်မှာ ပျော်ခဲ့သမျှ
အလွမ်းများလည်း မိုးမှာ နင် ပေးတယ်

တဖြည်းဖြည်း ဝေးရင်း အတိတ်ဟာ အစီအစဉ်မဲ့ မိုးသည်းထဲ
ရင်မှာ ပူနေသော အလွမ်းတွေ
မိုးစက်များ နှစ်သိမ့်ပေးတောင် ပျယ်လွင့်မသွားဘူး
မလိုချင်သော ဒီ အလွမ်းတွေ
မိုးများထဲ နှုတ်ဆက်ခွဲခွာ ချန်ရစ်သွားသူ
ဒီဘဝ... ဒီဘဝ... ဒီဘဝ... ဒီဘဝ...
အို ဆုံတွေ့ဖူးတဲ့ အတိတ်မှာ အင်အားနဲ့
နွေးထွေးလွန်းသော အချစ်တွေ နင်ပေးခဲ့
ပျောက်ပျက်သွားမယ် မသိအောင် ရင်ခုန်ရင်း မိုးသည်းထဲ

လှည့်ကြည့်လိုက် အချစ်ရေ ဒီမိုးထဲ
ရက်စက်သော အိပ်မက်တွေ နင်ပေးတယ်
အေးစက်တော့မယ့် အနမ်းတွေ ဒီ အချိန်ထိ မဟောင်းသေးဘူး


မလိုချင်သော ငါ့ အလွမ်းတွေ
မိုးစက်များ ဆေးကြောပေးတောင် ဖြူစင်မသွားဘူ
မလိုချင်သော ဒီ အလွမ်းတွေ
နှလုံးသားထဲ နေ့ရက်များစွာ ထင်ကျန်ခဲ့ပြီ
ဒီဘဝ... ဒီဘဝ... ဒီဘဝ... ဒီဘဝ...

မိုးရေထဲ... မေ့မရဘူး... မေ့မရဘူး...

င်္From: hantun.blogspot.com

No comments: