အလွမ်းကဗျာရှည်
အချစ်ဒဏ်ခတ်ခြင်း
Download Here!မယူချင်ဘူး တမ်းတခြင်း ခါးသီးလွန်းတဲ့အချစ်
မလိုချင်မိခဲ့ စိတ်ကိုလည်း အချစ်ဒဏ်ခတ်လို့ထားခဲ့ခြင်းပဲ
မယူချင်ဘူး မင်းမျက်လုံး အရောင်တွေထည့်ထားတယ်
မငြိမ်သက်လွန်းတဲ့စိတ်လည်း အဓိပါယ်များလွန်း များလွန်းခဲ့
မချစ်တော့ဘူး မချစ်တော့ဘူး အချစ်တွေမရှိတော့ဘူး
မချစ်တော့ဘူး အလွမ်းများ ပျောက်ကွယ်သွားကုန်ပြီ
မယူချင်ဘူး နှုတ်ခမ်းဖျားစကား အခြားတယောက်မင်းပြောလိုက်
စုစည်းမှူ ပျောက်ကွယ်သွား အသည်းဟာ အေးခဲ လွင့်ထွက်သွား
ဘာမှမချစ်တော့ဘူး
မယူချင်ဘူး မင်းနှုတ်ခမ်းများ အရောင်တွေ ထည့်ထားတယ်
မလိုချင်ပြေးထွက် အသည်းကိုလည်း အချစ်ဒဏ်ခတ်လို့ထားခြင်းပဲ
လိုချင်တာဟာ တွဲလက် မရောရာတဲ့အချစ်နဲ့ ဝေးသွားဖို့
မလိုချင်တာဟာ အမုန်းပဲ ၇င်ကိုခွဲပြီး မနေချင်လို့
မရှိတော့ဘူးလို့ ဆုံးဖြတ်ထား အချစ်များ ပြေစေနိုင်ဖို့
မချစ်ခဲ့ဖူးတဲ့ အချစ်စိတ်ရူး မယူချင်ဘူး အလွမ်းစိတ်တို့
အိမ်မက်ယန္တရား
Download Here!အိမ်မက်တွေပျက်နေတဲ့ အမှောင်ညတွေထဲ ထားရစ်ခဲ့မလား
ကျောခိုင်းကာ ကျန်နေပါစေ ဒီရင်မှာပူလောင်တာတွေ
ဖြေရာမဲ့ခဲ့ တိမ်လွှာတွေ ပျောက်ကွယ် ငါ့ရဲ့ကောင်းကင်ပြာရယ်
ဝေးလွင့်ခဲ့ အိမ်မက်တွေများစွာ လေထဲ
အကြင်နာတွေလည်း တိမ်တိုက်လိုနှင်းလိုပျံဝဲ
ပင့်သက်တို့များစွာ ရှိုက်နေခဲ့
တမ်းတပေမယ့် ဒါတွေ မင်းမသိရအောင်
နှစ်သိမ့်နေမယ် ကျန်ရစ်နေမယ်ဟေ့
နာကျင်စွာ ဒဏ်ရာတွေသာ အနားမှာကျန်ဆဲ
အမိန့်လေလှိုင်းမှာ ကျွမ်းနေ ကိုယ့်ဘဝအမှောင်ထဲ
နေ့ညလွဲခဲ့ အငိုခရီးဆက် တောင်တွေရေတွေ ကျော်ကာဖြတ်ခဲ့အဆုံး
ခိုတွယ်တဲ့အသိ ထာဝစဉ် မင်းရင်ခွင်ရယ်
အဆိပ်တောနက်
Download Here!ပျောက်ဆုံးလို့သွားတဲ့ ညရဲ့ဝိညာဉ် သွေးကြောင်လို့နေဆဲ
အဆိပ်သင့်တဲ့ နေ့ရက်များရယ် ငါ့ကမ္ဘာထဲကို ဝင်ရောက်ခဲ့
ကွဲအက်တဲ့သီချင်းသံနဲ့ ငါ့မှာအမုန်းတွေ ပြည့်လျှံဆဲ
အလွမ်းများနဲ့ရေးတဲ့ငါ့ကဗျာ အချစ်လက်ထဲမှာ ကြေမွသွားခဲ့
အလင်းမရှိတဲ့အတွေးတွေ မည်းမှောင် ခရီးနှင်လို့နေခိုက်
ချည့်နဲ့တဲ့ အတိတ်တစ္ဆေများ အရိပ်လိုငြိတွယ် အိမ်မက်ထဲ
အက်ဆစ်နဲ့ရောစပ်ထားတဲ့ ယစ်ရည်ခွက်ကို သောက်ရသလိုပဲ
ပြင်းရှတဲ့သောကများမှာ ငါ့ရင်ထဲမှာ လှိုက်စားကြ
စိတ်တ္တဇနေ့ည ဘယ်လိုရင်ဆိုင်ကူးဖြတ်မလဲ
တင်းထားတဲ့ စိတ်ဓါတ်လဲပြို ကျဆုံးခြင်း မြေပြင်ပေါ်
ဖေးမမယ့် မင်းရဲ့လက်တွေ ရှောင်ဖယ်သွားခဲ့ ဟိုအဝေး
ပြောင်းလဲတဲ့ လှည့်ကွက်နဲ့အတူ နင်ယူသွားခဲ့ အိမ်မက်နေ့
ပြိုလဲသောအနာဂတ်
Download Hereအမုန်းတခုက မီးလို ပူလောင်ခြင်း ဒုက္ခနဲ့ညနက်ထဲ
လအရိပ်တွေရှိလည်း မျှော်လင့်ခြင်း မည်းမှောင်သွားခဲ့ပြီ
မင်းထားခဲ့အချစ် အရည်ပျော်ပြီ ခိုင်မြဲသော လက်တို့ဝေးစေခဲ့
သိပ်လှတဲ့ နှုတ်ခမ်းများရယ် ရင်ကိုချေနင်း ငါ့အသည်းများ ကွဲအက်သွား
အိုး...လှပသော နှုတ်ခမ်းရယ် ခါးသီးတဲ့အမုန်းတွေနဲ့
နင်အသုံးချခဲ့ခြင်းလား ရည်ရွယ်ရာလမ်းထက်
ထားခဲ့တဲ့အချစ်တွေပြိုလဲ
အနာဂတ်သစ်တို့ကြေကွဲ (ကြွေခဲ့)
အို..အခါးဆုံးရဲ့ အခါးဆုံးတွေပဲ ပုံပြင်တွေယုံမိခဲ့
မင်းကတိတွေ နောက်ကွယ် ဘယ်လိုစမ်းသပ်အသည်းခွဲတုံး
မင်းမျက်လုံးထဲ ပျောက်ကွယ်မှာလည်း ချစ်ခြင်းတို့ မတွေးမိတော့
မိုးကြိုးလိုခြိမ်း ငါမလိုချင်ဘူး နင်အပြောင်းအလဲများလွန်းတော့
မျှော်လင့်ချက်တို့ ရက်စက်ဆုံးနင်းချေ
ပြိုလဲသော မင်းအချစ်များ အိုအသည်းခွဲသွားဝေး
ဇာတ်လမ်းတို့ဆုံးပြီလေ တို့ဝေးမယ့်အဖြေများနဲ့ ရည်ရွယ်ရာလမ်းထက်
လွမ်းလို့မဆုံး
Download Hereပြန်ဆုံချိန်မင်းအနားကို လှမ်းလာမယ့်
ရင်ခုန်သံ မဆုံးသေးပါ ဖြတ်သန်းဆဲ
ခြေသံများ လှမ်းခဲ့ ဘဝခရီးထဲမှာ
ငါဟာဟိုးအဝေးမှာ ဆွေးနေမိ
ငါလေတယောက်တည်း မင်းရဲ့အကြောင်းပဲတွေး
ပုံပြင်အသစ်လေးရေးစို့ အချစ်လေး ရေးပါ အိုး
ယုံကြည်လို့ထား မနွမ်းတဲ့ အနမ်းများ
ကြင်နာသူမင်း မျှော်နေဦး
တိမ်ရောင်စုံထဲ လင်းမယ့်အလွမ်းများ
ပြန်ဆုံစေသား လွမ်းလို့မဆုံး
တို့လွမ်းလို့မဆုံး တို့လွမ်းလို့မဆုံး
ရာသီအိမ် အကျဉ်းထဲမှာလွင့်နေခဲ့
အို လွတ်မြောက်ခြင်းအတွက် လှမ်းလျှောက်ဆဲ
ကြိုနေဦး အချစ်ရဲ့ အိမ်မက်ပေးပါ
ဆိုလာမယ့် တေးသစ်တွေ နားဆင်ကြည့်
ရှေ့ဆက်မယ့် ခရီးသွားမယ် အားအင်ရှိ
ယုံကြည်ချက် မဆုံးတဲ့ခြေလှမ်း ဆက်ခဲ့ပါ အိုး
အကြင်နာအချစ်များ ငါ့အတွက်သိမ်းထား
ယုံကြည်သူ မင်း မျှော်နေဦး
တိမ်ရောင်စုံထဲ လင်းမယ့်အလွမ်းတွက်
ပျောက်ဆုံးသွားတယ် လွမ်းလို့မဆုံး
ချည်နှောင်နေ လွမ်းလို့မဆုံး
ယုံကြည်လို့ထား လွမ်းလို့မဆုံး
ကြင်နာသူမင်းမျှော်နေဦး
တိမ်ရောင်စုံထဲ လင်းမယ့်အလွမ်း
မင်းတယောက်ကို တို့လွမ်းလို့မဆုံး
လွဲချော်သူ
Download Here!ငယ်ရွယ်သူလို မသိလိုက်မီ ငါဟာလွဲချော်ခြင်းများ
အဖြေရှာနေလည်း မောမယ် ဒီအချစ်ရောဂါ
ဘယ်လိုရင်ခုန် မသိလိုက်မီ ဆွဲခေါ်သွားမလား
အန္တရယ်ပဲလို့ ပစ်သွားဦးမလား
အိမ်မက်များလား တကယ်လက်တွေ့လား
အစမ်းသပ်ခံပြီး အိုး ဘာမှမသိခဲ့ အရူးလို
ငယ်ရွယ်သူလို မသိလိုက်မီ အဓိပ္ပာယ်လွဲမှား
ဒီအချစ်ဆူးစူးပြီး အမြဲတမ်းထာဝရ
ဒဏ်ရာတွေကို ဂရုမစိုက်ချင် ဘဝနဲ့ရင်းလို့
မနာကျင်သေးသူ ပစ်သွားဦးမလား
အိမ်မက်များလား တကယ်လက်တွေ့လား
အိုး..အစမ်းသပ်ခံပြီး အိုးဘာမှမသိခဲ့
အရူးလို
မှော်အိမ်မက်
Download Here!အရှုံးပေးပြီဟေ့ ထင်သလိုမင်းလုပ်တော့
မင်းရဲ့မျက်နှာဖုံးများ ဒါကျိန်စာတွေပဲလား
လှည့်ဖျားပြီးတဲ့နောက် ငါဟာ ယဇ်ကောင် မင်းစတေးခဲ့ပြီ
ငါထောင်ချောက်လည်းတိုးဝင် ဖန်ဆင်းထားလည်း မူးယစ်
မှောအိမ်မက် အစိမ်းသက်သက် ရက်စက်
မှော်အိမ်မက် ဒါမင်းစိတ်ကြိုက် ကစားစမ်းပါလေ
မှော်အိမ်မက် နောက်ဆုံးထွက်သက်အထိကွယ်
မှောအိမ်မက် အို...နောက်မဆုတ်ဘူး
ပဥလက်တွေနဲ့ နင်အသက်သွင်းခဲ့တော့
နာခံခြင်းများ ငါ ရှောင်ဖယ်လို့မရပြီ
မင်းလက်နဲ့ရေးခဲ့ ရေးခဲ့ ငါ့သမိုင်းများကို
ငါထောင်ချောက်လည်းတိုးဝင် ဖန်ဆင်းထားလည်း မူးယစ်
အလွမ်းကဗျာရှည်
Download Here!အလွမ်း..ကဗျာလေးပဲ
အလွမ်း .. ကဗျာရှည်ဟာမဆုံးဘူး
အနမ်းတခုလည်း ကြွေကျသွား ကိုယ့်ရင်ထဲ
အဆုံးမရှိ ကျိန်စာများ ရွတ်ဆိုဆဲ
အမြဲသိမ်းထား ရင်ခုန်သံ ကာရံလေးများ
အရင်လိုပဲပေါ့ ပြန်ရှာဖွေ ကိုယ်ဟာ ရူးမိုက်
မရှိတော့ဘူး အမှန်တရား တွေးလေ ဝေး
အနမ်းတခုလည်း ကြွေကျသွား ကိုယ့်ရင်ထဲ
တစုံတရာဟာ အစားထိုးမလား
ကိုယ်ဟာ အကြိမ်ကြိမ်ရူး
ဒီဘဝကြီးထဲ အကုန်ပြည့်စုံလည်းမထူးဘူး
လိုချင်တာ ရွေးပြီးသား ကြင်နာသူ မေပဲ
ကိုယ်ပြတ်သားခဲ့ မင်းကိုတမ်းတဆဲ
အို ဘေဘီ မင်းလေးကဗျာရှည်လေးပဲ
အလွမ်းများ မလိုချင်ပါအချစ်ရေ
အလွမ်းမျာ ကျိန်စာလို ကိုယ့်အတွေးများ
မင်းလေးပြန်လာမလား စောင့်နေဆဲ
တို့ဘဝပြန်ရှာဖွေဆဲ မင်းလက်ထဲ
ခေတ်နောက်ကျအလွမ်း
Download Here!တော်ရာမှာ စွဲလမ်းသွားခဲ့ပြီးရင် တော်ရာမှာပဲ မမေ့နိုင်သောသူ
သေရာပါ နှလုံးသား ဆက်ချစ်ခဲ့ပြီ ယုံပါ အချစ်လေး နံရံတွေခြား အဝေး
မိုင်တိုင်များ ကမ္ဘာမြေဆုံးမယ့်လမ်း သူသယ်ယူခေါ်သွား
မထင်မှတ်ဘဲ နှစ်ရှည်ဝေး မိုးသားသက်တန့်မြင်နေတယ် ဟိုးအဝေးလွန်
ကိုယ်တယောက်တည်းဆွေး ရာသီတွေပြောင်းတိုင်းဝေး
သူဆုံးဖြတ်ပေး ဟာဟာ...ဟာ
ငါမပြောင်းလဲနိုင်သူပဲ
နေရာပြောင်းလဲသွားတောင် မပြောင်းလဲသောသူပဲ
ဒီလိုနဲ့ပဲ တော်ရာမှာ ထားခဲ့ပြီ
နယ်လွန်ညများ ရေတွက်လို့မရပြီပဲ
အေးချမ်းခြင်းများ လိုချင်သူ တောင်းရင်ဝေးးး
အနမ်းတခု နှစ်သိမ့်ကြင်နာသူမွှေးတဲ့မီး
အတူရှိနေခဲ့
မပြောင်းလဲသော အချိန်အိကို ဆွဲဆန့်လို့ နေချင်သေးတာ
လူပုံအလယ် ခေတ်နောက်ကျကျန်နေခဲ့သလား
မစဉ်းစားတော့ဘူး...
မပြောင်းလဲသော
ငါဟာမပြောင်းလဲခဲ့သူပဲ ငါဟာမပြောင်းလဲသောသူပဲ မပြောင်းလဲသောသူ
ကိုယ်တိုင်ပျော်ဝင်ဖူးသောည
Download Here!ငါပင်လယ်ထဲမှာ ရေငတ်ခဲ့ခြင်း
စုန်ဆန်မျောပါ ကျော်ဖြတ်ခဲ့ရချိန်လေး
ဘယ်သူ ကယ်တင်မလဲ မင်းမရှိချိန် ခြောက်ကပ်လို့
ကိုယ်တိုင်ပျော်ဝင်ဖူးသော အရောင်တွေစွန်းခဲ့တဲ့ည
ဘယ်မှာခိုလှုံပုန်းနေ ဒီညရဲ့အလှ
ငါရှာဖွေဆဲမှာ လမင်းကြီးက ကွယ်သွား
အချိန်မဟုတ်လည်း ပြင်ဆင်ထားဖို့ အခွင့်တောင်မရ
ကိုယ်တိုင်ပျော်ဝင်ဖူးသော အရောင်တွေစွန်းတဲ့ည
အရောင်တွေစွန်းခဲ့တဲ့ည ကိုယ်တိုင်ပျော်ဝင်လို့သွား
အရောင်တွေထင်ကျန်နေဆဲမှာ နောက်ဆုံးကတိတို့ပျက်သွား
အရောင်တွေစွန်းခဲ့တဲ့ည
ကိုယ်တိုင်ရှာဖွေ ဒီညများ အရောင်တွေထင်ကျန်ပျော်ဝင်သွား
ပူလောင်ဒီညထဲမှာ နေခဲ့တော့မင်း
တော်ပြီ ပူလောင်အနမ်းတွေ အချစ်လေးတို့ မရချင်ဘူး
ကြိုတင်ပြင်ဆင်ဖို့ ငါ့အသိဥဏ်ပါးပါးလေး ရေး
ဝေခွဲမဆုံးဖြတ်နိုင်သော အရောင်တွေစွန်းခဲ့တဲ့ည ရေး
အရောင်တွေပေကျံစွန်းထင်သော ညများပြီးဆုံးပြီလား
ကိုယ်တိုင်ရှာဖွေနေဆဲမှာ ဆိတ်ငြိမ်လှည့်စား
နှလုံးသားစွန်းပေတဲ့ည ကိုယ်တိုင်ရှာဖွေဒီညများ
အရောင်တွေ ထင်ကျန်ပျော်ဝင်သွား
ယုံကြည်တဲ့ခရီး
Download Here!ဒဏ်ရာတွေထွေးပွေ့လို့ ညတစ်ခု စီးဆင်းနေတုန်း
အသက်မဲ့တဲ့ အိပ်မက် ခရီးတဝက်မှာ ထားရစ်ခဲ့ဦး
တွေဝေရင် ဝေးပြီ ဝေးပြီ ဟိုး တို့ရဲ့ ရှေ့ဆက်လမ်း
ရောင်နီကို ယုံကြည်ရင် မှောင်နေတဲ့လမ်းကျဉ်းထဲက ပြေးထွက်
အနာဂတ်တံခါးများကို တွန်းဖွင့်လို့သွားမယ် ရှေ့ခရီးဆုံး
အမှောင်ရဲ့တံတိုင်းများ ဖြတ်သန်းလို့ အဝေးဆုံးထိ
ဖြတ်ကျော်ရင်းပေါ့
(ဒါ ငါ့ရဲ့သွေးများ ငါယုံကြည်သောလမ်း)
အငြိုးကြီး ဒဏ်ရာတွေရုန်းထွက် သွေးပျက်သောလှိုင်း
ဒီအတိုင်းပဲ နေရင် ခါးသီးတဲ့နေ့ညတွေဖြတ်
အတွေးအခေါ်ဟောင်းတွေ ဦးနှောက်က ဖောက်ထုတ်လိုက်စမ်း
ခြေလှမ်းများ ယုံကြည်ဆက်သွားမယ့် ကမ္ဘာဆီပြေး
ထိုးဖောက်မယ်လေ သန်းခေါင်ယံကောက်ကြောင်းဝေး
ခရီးတွေကြမ်းပါစေ အသွေးအသား ဆောင်ယူစီးဆင်းနေ
အသက်မဲ့တဲ့ အိပ်မက်ဝေး
အနာဂတ်တံခါးများကို တွန်းဖွင့် ယုံကြည်ရာ ဖြတ်သန်းလို့
အမှောင်ရဲ့တံတိုင်းများ ဖြတ်ကျော်လို့ ဆက်ပြီး
ကျိန်စာသင့်သော
Download Here!အိုး..လမ်းရဲ့တဖက်ဆီသို့ နင်အဝေးထွက်ခွာကျောခိုင်းပြီး
ငါခံယူချက်တွေ အကုန်လုံး နင်းချေသွားချိန်
ဆုံးရှုံးခဲ့ပြီလေ အိုးအို နောက်ကျခဲ့အသစ်က ပြန်မစနိုင်
အနာဂတ်ခရီးလမ်းကြောင်း ဘယ်လဲ အိုး သိပ်ရှုပ်ထွေး
အယောင်ဆောင် အချစ်တု အရူးအမူးလေ
အကြိမ်ကြိမ်သက်ဝင် ငါကိုးကွယ်နေ
မင်းရဲ့ကျိန်စာများ ပြယ်နိုင်ဦးပါ့မလား
အိပ်ပျက်ညတွေရယ် မွန်းကျပ်နေတယ် နှိပ်စက်လို့
ငါ့စိတ်ဟာသေနေတယ် မှောရုံတောများထဲ လမ်းပျောက်နေဆဲ ဘဝကမောပန်းရင်း
စိတ်ဓါတ်များက တစစီ ဘေဘိ
ငါ့တယောက်တည်းပဲ မှောင်မိုက်နေတဲ့ မြို့ပျက်ထဲ
ပြန်ပေးခဲ့ ငါ့အိမ်မက် ဘေဘီ ဘေဘီ ကန္တာရအခန်းကျဉ်းထဲ
ပင့်ကူမျှင်တွေနဲ့ည နင်အသက်သွင်းတဲ့ ထားရဲ့လား
အိပ်ပျက်ညတွေရယ် မွန်းကျပ်နေတယ် နှိပ်စက်လို့
လမ်းပျောက်နေဆဲ ငါ့မှာမောပန်းရင်း
ငါ့စိတ်တွေ သေနေတယ် အိုး..အို ငါ့စိတ်တွေ တစစီလေ
သေနေတယ် တောများထဲ ငါမင်းကို သိပ်ချစ်လို့ ဘေဘီ
ဘေဘီ..ဘေဘီ..ဘေဘီ
From: hantun.blogspot.com
No comments:
Post a Comment